Monday, August 05, 2013
SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင်
ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ
နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း
ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ
ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။
မြန်မာ နေရှင်နယ်လိဂ်၏ ချန်ပီယံ အဖြေထွက်ပြီး အရှုံး အနိုင် အရေးမပါဘဲ
ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကြသည့် ယင်းပွဲတွင် ပွဲကစားချိန် မိနစ် ၃၀
ခန့်၌ နေပြည်တော်အသင်း ပင်နယ်တီ ပေးခံရ၍ ရန်ကုန် ယူနိုက်တက်
ဂိုးသွင်းပြီးနောက် နေပြည်တော် ပရိသတ် အချို့ ကွင်းထဲ ဝင်ရောက်လာကာ
ဒိုင်လူကြီးနှင့် ရန်ကုန် ကစားသမားများအား ရန်ပြုသောကြောင့် ပွဲပျက်
ခဲ့ကြောင်း ပွဲကြည့် ပရိသတ် တစ်ဦးက ပြောကြားသည်။ နေပြည်တော်
ပရိသတ် အချို့သည် ခုံများ၊ ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး
ရန်ကုန် ကစားသမား ရန်အောင်ကျော် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသကဲ့သို့
ကြည်လင်းလည်း လက်သီးနှင့် ထိုးနှက်ခံရကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်အထိ
ကွင်းထဲမှ မထွက်နိုင်သေးကြောင်း အမည်မဖော်လိုသူ ရန်ကုန် ပရိသတ် တစ်ဦးက
ပြောကြားသည်။
SEA Games အတွက် ပြင်ထားသည့် ပရိသတ် ၃၀၀၀၀ ဆံ့
ကွင်းတွင် ကျင်းပသည့်ပွဲ ဆိုသော်လည်း လုံခြုံရေး အားနည်းမှုကြောင့်
ပရိသတ်များ ကွင်းထဲအထိ ဝင်ရောက်လာကြောင်း ယင်းပွဲသို့ ရန်ကုန် ပရိသတ်
နှစ်ထောင်ခန့်နှင့် နေပြည်တော် ပရိသတ် နှစ်သောင်းခန့် လာရောက်
ကြည့်ရှုကြောင်း ၎င်းက ဆိုသည်။
နေပြည်တော်နှင့် ရန်ကုန်
ပွဲပျက်သွားကြောင်း ဆုပေးပွဲကိုမူ ဆက်လုပ်မည်၊ မလုပ်မည် မသေချာသေး ကြောင်း
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးမိုးက ည ၇ နာရီ ၂၁
မိနစ်တွင် အတည်ပြု ပြောဆိုသည်။
မြန်မာ နေရှင်နယ်လိဂ်သည်
ပြိုင်ပွဲပြီးရန် တစ်ပွဲအလို ပွဲစဉ် ၂၁ တွင် ချန်ပီယံ အဖြေ ထွက်ခဲ့ကာ
ရန်ကုန် ယူနိုက်တက် အသင်းသည် သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး
နေပြည်တော်အသင်းမှာ အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား ပြိုင်ပွဲ ဝင်ခွင့်
ရရှိထားပြီး ဖြစ်ကြောင်း၊ ယနေ့ ပွဲ အရှုံးအနိုင် အရေးမပါသည့် အချိန်တွင်
ပွဲရပ်နားသည်အထိ ဖြစ်ပျက်ခဲ့ခြင်းမှာ လာမည့် SEA Games အတွက် ပြင်ဆင်စရာ
ရှိသည်များ ပြင်ဆင်ရန် သင်ခန်းစာ ယူစရာ ဖြစ်သည် ဟု ရုပ်မြင်သံကြားမှ
ယင်းပွဲကို စောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးသာ ၅၃ နှစ်က ပြောကြားသည်။
“မြန်မာ ပရိသတ်တွေ မရင့်ကျက်သေးဘူး။ နိုင်မှ ဂုဏ်သိက္ခာရှိတာ မဟုတ်ဘူး၊
ရှုံးလည်း အရှုံးကို လက်ခံရင် သိက္ခာမကျဘူး ဆိုတာမျိုး ပညာပေးဖို့ လိုတယ်။
တော်ကြာ အမျိုးသား ဂုဏ်သိက္ခာ ကျမယ်” ဟု ၎င်းက အကြံပြု ပြောဆိုသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment