Tuesday, August 06, 2013
မြန်မာနိုင်ငံအတွင်းမှ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ရန်အ တွက်
ပြည်ပခရီးသွားလုပ်ငန်းကို လေးလအတွင်း ခရီးသွား ကုမ္ပဏီများသို့ တရားဝင်
ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းရှင်များ အသင်းက သြဂုတ်လ ၃ ရက်နေ့တွင် ပြုလုပ်သော
ပြည်ပခရီးသွားလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲက ရရှိသည့် အချက်အလက်များကို
အခြေခံ၍ ဝန်ကြီးဌာနက ဥပဒေနှင့် နည်းဥပဒေများ ရေးဆွဲသွားမည် ဖြစ်ကြောင်း၊
ယင်းဥပဒေကြမ်း ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကို
ပြန်လည်ချပြ၍ အသင်းက ဖြည့်စွက်လိုသည့် အချက်များနှင့် ပြင်ဆင်လိုသည့်
အချက်များကို ညှိနှိုင်းကာ အမြန်ဆုံး ထုတ်ပြန်၍ လုပ်ကိုင်ခွင့်ပြုသွား မည်
ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ပြည်ပခရီးသွားလုပ်ငန်း
လုပ်ကိုင်ခွင့်ပြုပါက ခရီးသွားကုမ္ပဏီများ အနေနှင့် ပြည်ပနိုင်ငံတွင်ရှိသော
ခရီးသွားကုမ္ပဏီများထံမှ တိကျသော သတင်းအချက်အလက်များ ရှင်းလင်းစွာ သိရှိရန်
လိုအပ်ကြောင်း၊ ပြည် တွင်းမှ ခရီးသွားမည့်သူများ လုံခြုံမှုရှိစေရန်
ခရီးသွား အာမခံထားရှိရန် လိုကြောင်း ပတ္တမြားမြေ ခရီးသွားလုပ်ငန်း
အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကျော်က ဆိုသည်။
မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းနှင့် ပြည်ပ
ခရီးသွားလုပ်ငန်းဟူ၍ နှစ်မျိုးရှိသော်လည်း ယခင်အစိုးရ လက်ထက်များ တွင်
နိုင်ငံခြားငွေများ ပြည်ပသို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ ပြည်ပခရီး
သွားလုပ်ငန်းကို တရားဝင် ခွင့်ပြုခဲ့ခြင်း မရှိကြောင်း
ခရီးသွားကုမ္ပဏီများထံမှ သိရသည်။
မြန်မာနိုင်ငံမှ ခရီးသွားများ
အများဆုံး သွားရောက်သည့် နိုင်ငံများမှာ ဂျပန်၊ ကိုရီးယားနှင့်
အရှေ့တောင်အာရှ နိုင်ငံများ၊ ဒုတိယအများဆုံးမှာ ဥရော ပနိုင်ငံများ၊ တတိယ
အများဆုံးမှာ အမေရိကတို့ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဇူလိုင်လအထိ
ပြည်တွင်းခရီးသွား ကုမ္ပဏီ ၁၀၀ ကျော်က ပြည်ပသို့ ခရီးသည် ပို့ဆောင်ပေးမှု
သုံးသိန်းကျော် ရှိကြောင်း ပြည်ပခရီးသွားလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲထံမှ
သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment