Saturday, Augest 03, 2013
ရာအစ်ဖ် ဘာဒါဝီသည် လွတ်လပ်သော ဆော်ဒီ လစ်ဘရယ်များ ဝက်ဘ်ဆိုက်ကို
ထူထောင်ထားသူ ဖြစ်သည်။ ၎င်းသည် အစ္စလာမ် ဘာသာကို စော်ကားသည်ဆိုသော
စွပ်စွဲချက်ဖြင့် ဂျာဒါးမြို့ရှိ တရားရုံးတွင် ယခုစီရင်ချက်ကို ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီအာရေဗျ နိုင်ငံတွင် ဘာသာရေးဆိုင်ရာ စော်ကားကြောင်း စွပ်စွဲခံရသူ
Blogger တစ်ဦးအား ထောင်ဒဏ် (၇)နှစ်နှင့် ကြိမ်ဒဏ် အချက် (၆၀၀) ပြစ်ဒဏ်
ချမှတ်လိုက်ကြောင်း သိရှိရသည်။ ရာအစ်ဖ် ဘာဒါဝီသည် လွတ်လပ်သော ဆော်ဒီ
လစ်ဘရယ်များ ဝက်ဘ်ဆိုက်ကို ထူထောင်ထား သူ ဖြစ်သည်။ ၎င်းသည် အစ္စလာမ် ဘာသာကို
စော် ကားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဂျာဒါးမြို့ရှိ တရားရုံးတွင်
ယခုစီရင်ချက်ကို ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ရာအစ်ဖ်သည် (၂၀၀၈)ခုနှစ် ကတည်းက
ထူထောင်ထားသော ဝက်ဘ်ဆိုက်တွင် ဆော်ဒီနိုင်ငံအတွင်း ဘာသာရေးနှင့် ပတ်သက်သော
အမြင်များကို လွတ်လပ်စွာ ဆွေးနွေးနိုင်မည့် ဖိုရမ်မျိုး ဖန်တီးပေးခဲ့သည်။
သို့သော်လည်း ၎င်းသည် ဆော်ဒီအစိုးရ၏ ဆိုင်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး
စည်းမျဉ်းများနှင့် ငြိစွန်းခဲ့ခြင်းကြောင့် ယခုပြစ်ဒဏ်များ
ချမှတ်ခံခဲ့ရသည်ဟု သတင်းများက ဆိုသည်။ ပြီးခဲ့သည့်နှစ်က ထင်ရှားသော ဘာသာရေး
ခေါင်းဆောင် တစ်ဦးက ရာအစ်ဖ်သည် မယုံကြည်ထိုက်သူ၊ ဘာသာမဲ့တစ်ဦး"ဟု
စွပ်စွဲခဲ့သလို ၎င်းပြောဆို ရေးသားမှုများ အတွက် ပြစ်ဒဏ်ချမှတ်ရန်
လိုအပ်နေပြီဟု ဝေဖန်တိုက်ခိုက်ဖူးသည်။ ရှိတ်ခ်အဘူလ်ရာဟမ် အယ်လ်ဘာရက်က
ရာအစ်ဖ်သည် မွတ်ဆလင်၊ ဂျူး၊ ခရစ်ယာန်နဲ့ ဘုရားမဲ့ဝါဒဟာ တူတူပါပဲဟု
ပြောဆိုခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ရာအစ်ဖ်သည် ဘာသာတရားကို စွန့်ပယ်သည့်
ကိုယ်ပိုင်အမြင်မျိုး ကို ဖြန့်ကျက် ရိုက်သွင်းနေသူ အဖြစ်လည်း
တံဆိပ်ကပ်ခြင်း ခံခဲ့ရသေးသည်။
ရာအစ်ဖ်ကို ပြီးခဲ့သည့်နှစ် ဇွန်လက
ဖမ်းဆီးခဲ့ပြီးနောက် ဂျာဒါးရှိ ဘူရိုင်မန် အကျဉ်းထောင်တွင်
ထိန်းသိမ်းထားခဲ့သည်။ ဖောက်ပြန်ရေးသမားဆိုသော စွဲချက်သည် အမြင့်ဆုံး
သေဒဏ်ထိပါ ပေးနိုင်ပြီး နောက်ဆုံးတွင် ရာအစ်ဖ် ကိုယ်တိုင်က မိမိသည်
မွတ်ဆလင် တစ်ဦးဖြစ်ကြောင်း အခိုင်အမာ ကတိပြု ဝန်ခံသည့် အခါမှသာ ပြစ်ဒဏ်ကို
လျှော့ပေါ့ပေးရန် ရာဇဝတ် ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းမှုအတွက် ရပ်တည်တဲ့ Blogger တစ်ယောက်အတွက် ဒီစီရင်ချက်က အင်မတန်
ပြင်းထန်လွန်းပါ တယ်။ ဆော်ဒီအစိုးရကဘာသာရေး ဆွေးနွေးမှုတွေနဲ့
ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပါကြောင်း အခိုင်အမာ ပြောနေချိန်မှာ
ဒီလိုဖြစ်ရပ်ကတော့ ရယ်စရာကြီးပဲ"ဟု လူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့၏ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ဒုတိယ ဒါရိုက်တာ
နာဒင်ဟိုရင်က ပြောကြားသွားသည်။
၎င်းက ဘာသာရေးအတွက် အမြင်ဖလှယ်
ဆွေးနွေးလိုသူ တစ်ယောက်ဟာ (၁)နှစ်လောက် ထောင်ထဲမှာ အပိတ်လှောင်
ခံထားရပြီးပြီ။ ပြီးတော့ ကြိမ်ဒဏ်အချက် (၆၀၀) အရိုက်ခံရပြီး ထောင်ထဲမှာ
(၇)နှစ် သွားနေ ရဦးမယ်လေ"ဟုလည်း ၎င်းက ဆိုသည်။ ရာအစ်ဖ်၏ ရှေ့နေဖြစ်သူ
ဝါလိဒ်အဘူ အယ်လ်ကာရီက မိမိ၏ အမှုသည်မှာ အစ္စလာမ် ဘာသာရေးကို စော်ကားခြင်း၊
(၂၀၀၇)ခုနှစ်က ပြဋ္ဌာန်းထားသည့် ဆိုင်ဘာရာဇဝတ်မှုဥပဒေကို
ဖောက်ဖျက်ခြင်းများအတွက် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံရပြီး ဆော်ဒီ၏ ဘာသာရေး
ရဲများကို စော်ကားမှုအတွက် ထောင် ဒဏ်(၂)နှစ် ထပ်ပေါင်း ချမှတ် ခံရကြောင်း
ပြောကြားခဲ့သည်။
ဂျာဒါး တရားရုံးသည် ဒီဇင်ဘာလ ကြားနာမှု တစ်ခုတွင်
ရာအစ်ဖ်၏ ရှေ့နေကို အမှုသည်အတွက် လိုက်ပါ အကျိုးဆောင်ခွင့် တားမြစ်ခဲ့သည်။
တရားသူကြီး မိုဟာမက် အယ်လ်မာဆွမ်းက ရာအစ်ဖ် အနေဖြင့် ဘုရားသခင်ကို
ယုံကြည်သက်ဝင်ကြောင်း ဝန်ခံမှု မရှိဟုဆိုလျှင် သေဒဏ်ထိ ကျခံရနိုင်သည်ဟု
သတိပေးခဲ့ကြောင်းလည်း သိရသည်။ ထိုစဉ်က ရာအစ်ဖ် အနေဖြင့် ငြင်းဆန်မှု ပြုလုပ်
ခဲ့ပြီးနောက် ဖောက်ပြန်ရေးသမားဆိုသော စွဲချက်ကို ရာဇဝတ် ခုံရုံးက
အတည်ပြုလိုက်သည်။
အဆိုပါ စွဲချက်သည် ဂျာဒါး ပြည်သူ့တရားရုံးတွင်
စတင် သက်ရောက်လာခြင်း ဖြစ်သည်။ ဇန်နဝါရီလတွင် ပြည်သူ့တရားရုံးက ယင်းအမှုကို
ကြားနာရန် ငြင်းဆန်သည့်နောက် ဂျာဒါး ရာဇဝတ် ခုံရုံးက တာဝန်ယူခဲ့သည်။
ရာအစ်ဖ်သည် (၂၀၀၈)ခုနှစ်က နိုင်ငံမှ ထွက်ခွာသွားပြီးနောက် အစိုးရ
ရှေ့နေများက အမှုကို ရုတ်သိမ်းလိုက်သည် ဆိုသောအခါမှ ဆော်ဒီသို့
ပြန်ရောက်လာသည်။ (၂၀၀၉)ခုနှစ်တွင်မူ ရာအစ်ဖ်သည် ပြည်ပသို့ ထွက်ခွာခွင့်
ပိတ်ပင်ခံလိုက်ရသည်။ အဆိုပါ ဂယက်ကြောင့် ရာအစ်ဖ်၏ ဇနီးနှင့် ကလေးများသည်
ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment