Monday, August 05, 2013
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ
ဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် လူတစ်ဦး လက်မှာ ဒဏ်ရာရခဲ့တယ်လို့
အင်ဒိုနီးရှားရဲက ပြောပါတယ်။
ဂျာကာတာမြို့ အဂ္ဂယာန ဗုဒ္ဓဘာသာ ဘုရားဝိုင်းမှာ တနင်္ဂနွေညက အသေးစား ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးဟာ ဘုရားအတွင်းက မှန်တွေနဲ့ ပြုလုပ်ထားတဲ့ တံခါးနားမှာ
ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ပျက်စီးမှု အနည်းငယ်သာ ဖြစ်ခဲ့ပြီး
နောက်ဗုံးတစ်လုံးကတော့ အခိုးငွေ့လောက်သာ ထွက်လာပြီး ပေါက်ကွဲတဲ့ အဆင့်ထိ
မရောက်ခဲ့ဘူးလို့ အေအက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာ ဗုံးကျွမ်းကျင်သူ ရဲတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်မှု
တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေပါ ရောက်ရှိပြီး စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။
အဂ္ဂယာန ဘုရားဟာ ဂျာကာတာမြို့က အကြီးဆုံး ဘုရားဝင်းတစ်ခုဖြစ်ပြီး ဒီလို
ဘုရားဝိုင်း တိုက်ခိုက်ခံရမှုကြောင့် ဘာသာရေး အဓိကရုန်း ဖြစ်မှာကို
စိုးရိမ်ရတယ်လို့ အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ရိုဟင်ဂျာတွေ
နှိပ်ကွပ်ခံနေရတဲ့အပေါ် ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံးရှိတဲ့
အင်ဒိုနီးရှားနိုင်ငံသားတွေ အမျက်ဒေါသထွက်နေပြီး ပြီးခဲ့တဲ့ မေလကပဲ
မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့တဲ့ အစ္စလာမ်အစွန်းရောက်သူတွေကို
အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်
ဒီတကြိမ်ဗုဒ္ဓဘုရားကျောင်းဝိုင်း ဗုံးဖောက်ခွဲခဲ့တာ
ဘယ်သူ့လက်ချက်ဖြစ်နိုင်တယ်ဆိုတာကို ဘုရားဝိုင်းတွင်းက
တာဝန်ရှိပုဂ္ဂိုလ်တွေရော အင်ဒိုနီးရှားရဲတွေကပါ ထင်ကြေးမပေးခဲ့ဘူးလို့
သိရပါတယ်။
ABC Radio Australia
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment