Tuesday, August 06, 2013
မနက်ဖြန်မှာ စတင်ကျင်းပမယ့် ၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံ
ငွေရတုအထိမ်းအမှတ် အခမ်းအနားကို အမျိုးသားလွှတ်တော်က သဝဏ်လွှာတစ်စောင်
ပေးပို့ ထားပြီး ပြည်ထောင်စုဝန်ကြီးတွေထဲက ဝန်ကြီးဦးအောင်မင်းနဲ့ ဝန်ကြီးဦးစိုးသိန်းတို့ တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။
ငွေရတုအခမ်းအနား ဖိတ်ကြားရေး ဆပ်ကော်မတီအဖွဲ့ဝင် ကိုဥာဏ်လင်းက
အခမ်းအနားတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ကို
အခုလို ပြောပါတယ်။ "ဖိတ်စာနဲ့တကွဖိတ်တာ ၄၄ဝဝ လောက်ရှိမယ်၊
ပြီးတော့ အခမ်းအနားတက်မယ်ဆိုပြီးတော့ မနေ့ကအထိကတော့ ၃၂ဝဝ လောက်
အခမ်းအနားတက်မယ်ဆိုပြီး အကြောင်းပြန်ပါတယ်၊ ပြင်ပကိုကျတော့ အီးမေး ၄ဝဝ
ကျော်ဖိတ်တာ အခုဒီထဲကိုတော့ ၁ဝဝ ဝန်းကျင်လောက်ရောက်နေပြီ၊
တက်မယ့်စာရင်းကတော့ ၅ ထောင်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်"
အခမ်းအနား ဖြစ်မြောက်ရေးကော်မတီက နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေအပါအဝင်
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း
ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေ၊
ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ သံရုံးတွေ၊ လွှတ်တော်ဥက္ကဌတွေ၊
လွှတ်တော်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မတီဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေ၊
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်စတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်း
ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။
ငွေရတုအခမ်းအနားကို
ပြည်တွင်းပြည်ပက နိုင်ငံရေးအင်အားစုတွေနဲ့ ဧည့်ပရိသတ်ပေါင်း ၅
ထောင်ဝန်းကျင် တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။
နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့
အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် အဖွဲ့ဝင်တွေကတော့
ရန်ကုန်ကိုရောက်ရှိနေပြီး၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ
ဖယ်ဒရယ်ကောင်စီ UNFC နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက
ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း
ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
RFA Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment