Sunday, January 27, 2013

အင်းလေးကန် ရေရှည် တည်တံ့ရေး သြစတြေးလျ အခြေစိုက် IID ကန်ဒေါ်လာ ၆၁သန်း ထောက်ပံ့မည်

Photo: အင်းလေးကန် ရေရှည် တည်တံ့ရေး သြစတြေးလျ အခြေစိုက် IID ကန်ဒေါ်လာ ၆၁သန်း ထောက်ပံ့မည်
Sunday, January 27, 2013

အာဆီယံ အမွေအနှစ် တစ်ဖြစ်လည်း မြန်မာ နိုင်ငံတွင် ဒုတိယ အကြီးဆုံး
တောင်ပေါ် ရေကန်ဖြစ်သည့် အင်းလေးကန် ရေရှည် တည်တံ့ရေး အတွက် သြစတြေးလျ နိုင်ငံ အခြေစိုက် Institute for International Development က အမေရိကန် ဒေါ်လာ ၆၁ သိန်း ထောက်ပံ့မည် ဖြစ်ကြောင်း IID အဖွဲ့ တာဝန် ရှိသူက ပြောကြားသည်။

ယင်းအစီစဉ်ကို ရေရှည် စုဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အင်းလေးကန် ကို ရေရှည် တည်တံ့သော နည်းလမ်းဖြင့် စီမံခန့်ခွဲမှု အတွက် လုပ်ငန်း စီမံချက်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၅ အထိ ပံ့ပိုး ကူညီမည် ဖြစ်ရာ အင်းလေးကန် အာဏာပိုင် အဖွဲ့ ဖွဲ့စည်းခြင်း၊ အင်းလေးကန် စောင့်ကြည့် လေ့လာရေး အစီအစဉ်၊ အင်းလေးကန် အချက်အလက် မှတ်တမ်းစု၊ ဂြိုလ်တု ဓါတ်ပုံဖြင့် စိမ်းလန်း စိုပြေမှု မှတ်တမ်း ကောက်ယူခြင်း၊ ဗေဒါ ထိန်းချုပ်ရေး၊ နမ့်မလက်
ရေကြောင်းလမ်း ပြန်လည် လမ်းကြောင်း ဖော်ခြင်း၊ အဆောက်အအုံ အရေးပေါ် နေရာများ၊ ရပ်ရွာ သစ်တော အရေးပေါ် နေရာများ၊ တောင်သူ လယ်သမားများ အတွက် ကွင်းဆင်း ကျောင်းများ၊ ခရု ထိန်းချုပ်ရေး၊
သောက်ရေစမ်း လုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေး စမ်းသပ် လုပ်ငန်း၊ ရေ စမ်းသပ် စစ်ဆေးရေး လက်တွေ့ လုပ်ငန်း၊ မီးသဂြိုလ်စက်
ဆောက်လုပ်ရေး ဖြစ်နိုင်ခြေ၊ ခရီးသွား လုပ်ငန်း ခန့်မှန်းရန် နမူနာ ပုံစံနှင့် စီမံ ခန့်ခွဲမှု အစီအစဉ်၊ ခရီးသွား လုပ်ငန်း သင်တန်း ကျောင်း၊ အသိပညာနှင့် ယုံကြည်မှု များ စစ်တမ်း ကောက်ယူခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပညာပေး လုပ်ငန်း အစီအစဉ်၊ ပညာသင်ဆုများ စသည့် အစီ အစဉ်များ ပါဝင်ကြောင်း အင်းလေးကန် ထိန်းသိမ်းရေး အနာဂတ် အတွက် စီမံချက် အဆိုပြုလွှာ တွင် ပါရှိသည်။

“သူတို့ လုပ်တာ ပွင့်လင်း မြင်သာမှု ရှိပါတယ်” ဟု အင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဦးတက်ထွန်းက ပြောကြားသည်။

အဆိုပါ IID အဖွဲ့နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန တို့က လာမည့် ဖေဖော်ဝါရီ လတွင် သဘော တူညီမှု စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

The Voice Weeklyအာဆီယံ အမွေအနှစ် တစ်ဖြစ်လည်း မြန်မာ နိုင်ငံတွင် ဒုတိယ အကြီး ဆုံး တောင်ပေါ် ရေကန်ဖြစ်သည့် အင်းလေးကန် ရေရှည် တည် တံ့ရေး အတွက် သြစတြေးလျ နိုင်ငံ အခြေစိုက် Institute for International Development က အမေရိကန် ဒေါ်လာ ၆၁ သိန်း ထောက်ပံ့ မည် ဖြစ်ကြောင်း IID အဖွဲ့ တာဝန် ရှိသူ က ပြော ကြား သည်။
ယင်းအစီစဉ်ကို ရေရှည် စုဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အင်းလေးကန် ကို ရေရှည် တည်တံ့သော နည်းလမ်းဖြင့် စီမံခန့်ခွဲမှု အတွက် လုပ်ငန်း စီမံချက်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၅ အထိ ပံ့ပိုး ကူညီမည် ဖြစ်ရာ အင်းလေးကန် အာဏာပိုင် အဖွဲ့ ဖွဲ့စည်းခြင်း၊ အင်းလေးကန် စောင့်ကြည့် လေ့လာရေး အစီအစဉ်၊ အင်းလေးကန် အချက်အလက် မှတ်တမ်းစု၊ ဂြိုလ်တု ဓါတ်ပုံဖြင့် စိမ်းလန်း စိုပြေမှု မှတ်တမ်း ကောက်ယူခြင်း၊ ဗေဒါ ထိန်းချုပ်ရေး၊ နမ့်မလက်ရေကြောင်းလမ်း ပြန်လည် လမ်းကြောင်း ဖော်ခြင်း၊ အဆောက်အအုံ အရေးပေါ် နေရာများ၊ ရပ်ရွာ သစ်တော အရေးပေါ် နေရာများ၊ တောင်သူ လယ်သမားများ အတွက် ကွင်းဆင်း ကျောင်းများ၊ ခရု ထိန်းချုပ်ရေး၊သောက်ရေစမ်း လုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေး စမ်းသပ် လုပ်ငန်း၊ ရေ စမ်းသပ် စစ်ဆေးရေး လက်တွေ့ လုပ်ငန်း၊ မီးသဂြိုလ်စက်ဆောက် လုပ်ရေး ဖြစ်နိုင်ခြေ၊ ခရီးသွား လုပ်ငန်း ခန့်မှန်းရန် နမူနာ ပုံစံနှင့် စီမံ ခန့်ခွဲမှု အစီအစဉ်၊ ခရီးသွား လုပ်ငန်း သင်တန်း ကျောင်း၊ အသိပညာနှင့် ယုံကြည်မှု များ စစ်တမ်း ကောက်ယူခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပညာပေး လုပ်ငန်း အစီအစဉ်၊ ပညာသင်ဆုများ စသည့် အစီ အစဉ်များ ပါဝင်ကြောင်း အင်းလေးကန် ထိန်းသိမ်းရေး အနာဂတ် အတွက် စီမံချက် အဆိုပြုလွှာ တွင် ပါရှိသည်။
“သူတို့ လုပ်တာ ပွင့်လင်း မြင်သာမှု ရှိပါတယ်” ဟု အင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဦးတက်ထွန်းက ပြောကြားသည်။ အဆိုပါ IID အဖွဲ့နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန တို့က လာမည့် ဖေဖော်ဝါရီ လတွင် သဘော တူညီမှု စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List