မကြာမီထွက်ရှိမည့် တန်ဖိုးနည်းဖုန်း၏ သတ်မှတ်ဈေးနှုန်းသည် ပြည်သူ များအတွက် ၀မ်းသာစရာ စိတ်ချမ်းမြေ့စရာ တန်ဖိုးဖြင့် ထွက်ပေါ် လာလိမ့်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးန၀မနေ့တွင်တန်ဖိုးနည်းဖုန်းချပေးရေးနှင့် ပတ်သက် ၍ သတ်မှတ်ထားသော ဈေးနှုန်း ကို သိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ ဒေါက်တာမြတ်ဥာဏစိုး ၏မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းကတိပေးပြောကြား ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေး ၀န်ကြီးဌာနအနေဖြင့် တန်ဖိုးနည်းဖုန်းများကို မကြာမီ ထုတ်ပေးသွား မည်ဖြစ်ပြီး ဈေးနှုန်း သတ်မှတ်မှုကို လည်း မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal

No comments:
Post a Comment