ကချင်ပြည်နယ်တွင်ယခုလ ၁၉ ရက်နေ.မှစတင်ကာသမ္မတက ထိုးစစ် ဆင် မူများရပ်ဆိုင်းရန် ထုတ်ပြန်ထားပြီး လက်ရှိတိုက်ပွဲများဖြစ်ပွားနေ
ခြင်းမှာ နှစ်ဖက်တပ်များကျွံနေသည့်အတွက် ဖြစ်ကြောင်းပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းကပြောကြားသည်။
"တိုက်ပွဲတွေဖြစ်တာကတပ်က အမိန်.မနာခံလို.မဟုတ်ဘူး၊ရှေ.တန်းမှာ
သူ.ဘက်ကိုယ့်ဘက်တပ်တွေကကျွံနေတယ်၊ကျင်းတူးပြီးဝပ်နေရ တယ် ၊ခေါင်းဖော်တာနဲ. ပစ်တာပေါ့၊ဥပမာလက်ဝှေ.ကြိုးဝိုင်းမှာ ဒိုင်ကတော် ခိုင်းပေမယ့်အရှိန်မထိန်းနိုင်လို.ဆက်ထိုးနေတဲ့သဘောပဲ"ဟု ၀န်ကြီးက ဆိုသည်။ဦးအောင်မင်းကယနေ.နံနက်ပိုင်း Myanmar Peace Center တွင်ကျင်းပသောပြည်ထောင်စု ၀န်ကြီး၃ ဦးနှင့်အရပ်ဘက်လူ့အဖွဲ့အစည်း၉၀ကျော်တို.၏တွေ.ဆုံပွဲတွင် တက်ရောက်လာသူ တစ်ဦး၏မေးမြန်းမူ ကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဆက်လက်ပြီးကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမူအောင်မြင်ရန်မှာ အလွန်နီးကပ်နေပြီးမကြာမီအချိန်တွင်လိုင်ဇာမြို.သို. သွားရောက်ရန်ရှိကြောင်းပြောကြားခဲ့သည်။
Venus News Weekly

No comments:
Post a Comment