၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အမှန်ကန်ဆုံး
ကောက်ယူနိုင်ရန် မြေပြင်စစ်တမ်းများနှင့် အခြေခံ အချက်အလက်များအား
စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဋ္ဌာနမှ သိရှိရပါသည်။
လက်ရှိကာလတွင် ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး
အဆင့်အထိ လူဦးရေ၊ နေအိမ် အဆောက်အအုံများ စသည့် မြေပြင် အချက်အလက်များအား
သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးများမှ တဆင့် ကောက်ခံနေကြောင်းလည်း
သိရှိရပါသည်။
ထိုသို့ ကောက်ယူမှုအား လက်ရှိကာလမှစ၍ သန်းခေါင်စာရင်း မကောက်ယူမီ ၆ လ
အလိုအထိ ကောက်ယူသွားမည် ဖြစ်ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား
ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
“ကြိုတင် ပြင်ဆင်နေပါတယ်။ အခုလို ကောက်ခံတာက မြန်မာနိုင်ငံရဲ့
လူဦးရေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အမှန်ကန်ဆုံး ကောက်ယူနိုင်ဖို့ပါ” ဟု
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။
အဆိုပါ လစဉ်ကောက်ယူမှု များအပြင် ၂၀၁၃ ခုနှစ်တွင် စမ်းသပ်
သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ
မြို့နယ် ၂၀ တွင် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ
စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရန် သွားမည်ဖြစ်ကြောင်းလည်း လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက
ပြောကြားခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ခံမှု ပြုလုပ်သွားမည့်
မြို့နယ်များမှာ မြစ်ကြီးနား လွိုင်ကော်၊ မြ၀တီ၊ ဟားခါး၊ တမူး၊ ထားဝယ်၊
ရွှေကျင်၊ မကွေး၊ ချမ်းအေးသာဇံ၊ မိုးကုတ်၊ မော်လမြိုင်၊ ကျိုက်ထို၊ စစ်တွေ၊
ရွှေပြည်သာ၊ လမ်းမတော်၊ ညောင်ရွှေ၊ မူဆယ်၊ တာချီလိတ်၊ မြောင်းမြ၊ ငပုတော
စသည့် ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ မြို့နယ်များ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ယူမှုအား လွတ်လပ်ရေးရပြီး ၁၉၇၃
ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း
နှစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးကြောင်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူမှု မပြုလုပ်နိုင်သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီဖြစ်ကြောင်းလည်း
ဦးခင်ရီက ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment