ဇန်န၀ါရီ၂၈ရက်ကိုရီးယားစံတော်ချိန် ညနေ ၄း၃၀တွင် ဒေါ်အောင်ဆန်း စုကြည် ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သဖြင့် လေဆိပ်လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရသည်။
၂၀၀၄ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ ချီးမြှင့်ထားသော ဂွမ်ဂျူး လူ့အခွင့် အရေးဆုကို လက်ခံရန် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံ သို့ သွားရောက်ခြင်းဖြစ်ပြီး ၅ရက်ကြာနေထိုင် မည်ဖြစ် သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ် သဖြင့် ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလူမျိုးများမှ ကြိုဆိုရေးအခမ်းအနားများဖြင့်ကြိုဆိုရန် စီစဉ်ထားကြောင်း သိရသည်။“ဒီမှာတော့ တော်တော်တက်ကြွနေကြတယ်။ လေဆိပ်ရှေ့မှာ လာကြိုတဲ့သူတွေကတော့အများ ကြီး ပဲ နေရာမရမှာစိုးလို့ အစော ကြီးတည်းက လာတဲ့သူတွေလည်းရှိတယ်။ လေဆိပ်လုံခြုံရေးကိုလည်း လွန်ခဲ့တဲ့ ၂ရက်လောက်တည်းကတိုးထားတယ်။ အမေစုသွားမယ့် တခြားမြို့က လေဆိပ်တွေမှာလည်း လုံခြုံရေးတွေတိုးထားတယ်။ ကြိုဆိုရေးအဖွဲ့တွေကတော့ အစီအစဉ်တွေကြေညာပေးထားတယ်” ဟု ကိုရီးယား နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ကိုစည်သူက ပြောကြားသည်။
ကိုရီးယားနိုင်ငံရှိ မြန်မာလူမျိုးများ ဒေါ်အောင်ဆန်းစုကြည်ကိုလေဆိပ်တွင် သွားရောက်ကြိုဆိုရာတွင် အဆင်ပြေနိုင်စေရန် ဘူဖျောင်းဘူတာ မှ ကားတစ်စီး၊ ဘူချွန်း အန်အယ်ဒီရုံးမှ ကားတစ်စီးကို စီစဉ်ပေး ထားကြောင်းနှင့် လုံခြုံရေး တိုးမြှင့်ထားသည့် အတွက် လေဆိပ်တွင် တစ်ဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့်ဆိုးလ်မြို့ဂျိုဆောန်အနောက်ဟိုတယ် ရှေ့ တွင်တစ်ဖွဲ့လူစုခွဲကာကြိုဆိုကြ ရန် ဒေါ်အောင်ဆန်း စုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ မှ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံသို့ သွားရောက်စဉ်တွင် အခြားသောမြို့များ သို့ လည်း လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်မည် ဖြစ်သဖြင့် အင်ချွန်းနိုင်ငံတကာလေဆိပ်၊ကင်ပိုလေဆိပ်၊ ဂွမ် ဂျူးလေဆိပ် တို့တွင်လည်း လေဆိပ်လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံတွင်ရောက်ရှိစဉ်ဖေဖော်ဝါရီ၁ရက် နံနက် ၉း၀၀ နာရီ တိတိ ဆိုးလ်မြို့၊မာဖိုဂူ၊သမ္မတဟောင်းကင်မ် ဒဲဂျုံး စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦးတွင် ကိုရီးယားနိုင်ငံ တွင် ရောက်ရှိနေသောမြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ဆုဝေ
The Myanma Age

No comments:
Post a Comment