ဧရာဝတီတိုင်း ပုသိမ် ချောင်းသာကမ်းခြေအနီး အခြေခံပညာမူလတန်း
လွန်ကျေင်းသို့ ဇန်န၀ါရီလ၂၈ရက် နေ့ က ရွှေတွံတေးဆရာတော် ကြွရောက် ခဲ့ပါတယ်။
ကျေင်းသူကျောင်းသား ၅၀၀ ကျော်ရှိပြီး ၆ တန်းအထိ ပညာသင်ကြား
သော်လည်း ဆရာမလုံလောက်ခြင်း ကျောင်းဆောင်မလုံလောက်ခြင်း
ပြင်ပမှလစာဖြင့်ခန့်ထားသောဆရာမများကိုလည်းလစာပုံမှန်မပေးနိုင်ြ ခင်းစသည့်အခက်အခဲများရှိနေကြောင်းသိရသဖြင့်အရေးပေါ်လိုအပ် ချက် ကိုမေးမြန်းပြီးရွှေတွံတေးဆရာတော် က ကျောင်းဆောင်ငယ် ၁ခု မတည်လှူဒါန်းခဲ့ပါတယ်။ ထူးချွန်ကျောင်းသား ၂၇ ဦးကို အမှတ်တရ တီရှပ်နှင့်ဆုငွေချီးမြှင့်ပြီး လျှပ်တပြတ်မေးခွန်း များ ဖြေကြား နိုင်သူ တိုကိုလည်း ရွှေတွံတေးဆရာတော်က ဆုချီးမြှင့်ခဲ့သပါတယ်။
ရွှေတွံတေးဆရာတော်က သြ၀ါဒပေးရာ တွင် “ နိုင်ငံတော်သစ်ပြောင်းလဲတည်ဆောက်ရာမှာ အဓိက ပညာရေးကို ဇောင်းပေးဆောင်ရွက်စေ ချင်တယ်၊ နိုင်ငံတော်က လုပ်ရင်အများကြီးလုပ်နိုင်တာပေါ့ ဘုန်းကြီးကတော့ ခပ်ပါးပါးပဲပံ့ပိုးနိုင်တယ်။
ဆရာမတွေလည်း နိုင်ငံတကာမှာလိုပဲ ကလေးတွေကို မရိုက်ပဲနဲ့ နားလည်အောင်ဆုံးမပြုပြင်တဲ့နည်းကို သုံးစေချင် တယ် ဆရာမတွေက နာ၃နာနဲ့ လစာနည်းနည်းမလုံမလောက်နဲ့  ဆောင်ရွက်ပေးနေ တာကို လည်းကျေးဇူးတင်ပါတယ် နိုင်ငံမှာအလဟသ၁ သုံးဖြုံးနိုင်နေတဲ့သူတွေကိုလည်း စာနာစိတ် ထားစေချင် တယ် ပရဟိတ ၀ိုင်းကူစေချင်တာပါပဲ’’ ......စသဖြင့် မိန့် ကြားခဲ့ပါတယ်။

No comments:
Post a Comment