ဧပြီလ ၁ ရက်နေ့မှစ၍ ကန်ထရိုက်စနစ်ဖြင့်
အငှားချထားသည့် ရန်ကုန်မြို့တွင်း ကားပါကင်များကို ဖျက်သိမ်းမည်ဟု
ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့
အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။
ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်း အများစုတွင် အခပေး ကားပါကင်များကြောင့် ဖြစ်သည်ဟုလည်း ဦးလှအောင် က ဆိုသည်။
မြို့တော် စည်ပင်ဝန်ထမ်းတဦးကလည်း “ကန်ထရိုက်စနစ်နဲ့ အခပေး ကားပါကင်
လုပ်ဆောင်တဲ့
လုပ်ငန်းရှင်တွေနဲ့ မူလစာချုပ် ချုပ်ဆိုစဉ်ကတည်းက
တနှစ်စာချုပ်မှာပဲ မြို့ပြယာဉ်ကြော ကြပ်တောက်မှုနဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ
ရှိလာတဲ့အခါမှာ ကားပါကင်တွေကို သက်ဆိုင်ရာဌာနရဲ့ သဘောနဲ့ ဖျက်သိမ်းမယ်ဆိုတာ
ပါဝင်ချုပ်ဆိုထားပြီးသားပါ။ ဒါကြောင့် အခုလို စီစဉ်မှုမှာ ကန်ထရိုက်တွေနဲ့
ပြဿနာ မရှိလာနိုင်ပါဘူး။ ကန်ထရိုက်ပေးထားတဲ့ ကားပါကင်ကြေးတွေကတော့
တနေရာနဲ့တနေရာ မတူကြဘူး” ဟု ပြောသည်။
ယခုအခါတွင်
ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ လသာ၊ လမ်းမတော်၊
ပန်းပဲတန်း၊ ဗိုလ်တထောင်နှင့် ပုစွန်တောင် မြို့နယ်များအား ဖြတ်သန်း
သွားလာရာဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း
စသည့်နေရာများနှင့် ကမ်းနားလမ်း တလျှောက်ရှိ ကွန်ကရစ်တိုးချဲ့လမ်းနှင့်
ကမ်းနားလမ်း ကြားမြေကွက်လပ်များ၌ အခမဲ့ ယာဉ်ရပ်နားစခန်းများကို စည်ပင်မှ
ဖော်ထုတ်ပေးထားသည်။
ထို့အပြင် ကြည့်မြင်တိုင် အထက်လမ်း
(ဟံသာဝတီထိပ်မှ ဗားဂရာအထိ) မြို့နယ်များ အပါအဝင် စမ်းချောင်း၊ မြေနီကုန်း၊
ကမာရွတ်၊ အလုံ၊ လှိုင် စသည့်မြို့နယ်များ တွင်လည်း အခမဲ့ ယာဉ် ရပ်နား
စခန်းများကို စည်ပင်မှ ဆက်လက်ဖော်ထုတ်လျက်ရှိ၍ ဧပြီလ မတိုင်မီ အခမဲ့
ယာဉ်ရပ်နားခွင့် ရတော့မည်ဟု မြို့တော်စည်ပင်က ဆိုသည်။
ရတနာဦး
(မဇ္ဈိမ)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment