ကချင်ပြည်နယ်တွင်ယခုလ ၁၉ ရက်နေ.မှစတင်ကာသမ္မတက ထိုးစစ်
ဆင်မူများရပ်ဆိုင်းရန် ထုတ်ပြန်ထားပြီး လက်ရှိတိုက်ပွဲများ ဖြစ်
ပွားနေခြင်းမှာ နှစ်ဖက်တပ်များ ကျွံနေသည့် အတွက် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း
ကပြောကြား သည်။”တိုက်ပွဲတွေဖြစ်တာကတပ်က
အမိန်.မနာခံလို.မဟုတ်ဘူး၊ရှေ.တန်းမှာသူ.ဘက်ကိုယ့်ဘက် တပ်တွေကကျွံနေတယ်၊
ကျင်းတူးပြီး ၀ပ်နေရတယ်၊ခေါင်းဖော်တာနဲ. ပစ်တာပေါ့၊
ဥပမာလက်ဝှေ.ကြိုးဝိုင်းမှာ ဒိုင်ကတော် ခိုင်းပေမယ့် အရှိန်
မထိန်းနိုင်လို.ဆက်ထိုးနေတဲ့သဘောပဲ”ဟုဝန်ကြီးကဆိုသည်။
ဦးအောင်မင်းကယနေ.နံနက်ပိုင်း Myanmar Peace Center
တွင်ကျင်းပသောပြည်ထောင်စု ၀န်ကြီး၃ ဦးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း
၉၀ကျော်တို.၏တွေ.ဆုံပွဲတွင် တက်ရောက်လာသူ တစ်ဦး၏မေးမြန်းမူ
ကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဆက်လက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ငြိမ်း ချမ်းရေးဆွေးနွေးမူအောင်မြင်ရန်မှာ အလွန်နီးကပ်နေပြီးမကြာမီအချိန်တွင်လိုင်ဇာမြို.သို. သွားရောက် ရန် ရှိကြောင်းပြောကြားခဲ့သည်။
Venus News Weekly

No comments:
Post a Comment