Tuesday, January 29, 2013

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာနိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား

 
Photo: အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင်
ဖြစ်လာနိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား 
Monday, January 28, 2013 

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာ
လိမ့်မည်ဟု မျှော်မှန်းလို့ရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပါတယ်။ သမ္မတကြီး အနေနဲ့ ထူးထူးခြားခြား ဒီမိုကရေစီ စနစ်မှာ ပထမဆုံးတက်လာတဲ့ သမ္မတကြီး
ဖြစ်တယ်။ နိုင်ငံတကာကလည်း ထောက်ခံတယ် အများအတွက် တကယ်လိုအပ်တဲ့ အလုပ်တွေကိုလည်း လုပ်နေတာ။ ဒီထဲမှာ စဉ်းစားတဲ့ အထဲမှာ ပါတာပေါ့။ တစ်နေ့တော့ ဖြစ်လာမယ်။၂၀၁၅ မတိုင်ခင်
ဖြစ်လာလိမ့်မယ်လို့ မှန်းလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်း
၄၆ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ်
နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်းက နိုင်ငံရေး အကျဉ်းသားများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်
တာင်းဆိုသည့် အပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က “ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားကို အကိုတို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်တာကို လိုလားပါတယ်။ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ
ဆောင်ရွက်နေချိန်မှာ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ မရှိသင့်တော့ပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာကို အချိန်ဆွဲရင် ဆွဲသလို တိုင်းပြည်အတွက် အများကြီး နစ်နာစေတယ်” ဟု ပြောကြားခဲ့ပါသည်။

“အခုဆိုရင် ICRC လည်း ထောင်တွေကို ၀င်ရောက်စစ်ဆေးခွင့် ရသွားပြီ။ ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် စိစစ်မယ်လို့ ပြောတယ်။ ပြည်ထဲရေး အနေနဲ့ လုပ်တာထက်စာရင် ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ တွေကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေပါ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်တာသည် ပိုပြီးတော့ အရွေ့တစ်ခုကို ရွေ့နိုင်
လိမ့်မယ်လို့ မျှော်လင့်တယ်။ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက် ချင်တယ်” ဟု ကိုထွန်းကြည်က ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာ
ခွင့် ခြောက်ကြိမ်ပေးခဲ့ပြီး လေးကြိမ်တွင် ယခင်စစ်အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင် အပါအ၀င် ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လည်လွတ်မြောက် လာခဲ့သည်။ ယင်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု
ဖြစ်ခဲ့သည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏
ထောက်ခံချက်နှင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ
နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှ
ခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စာရင်းပြုစု
ထားရာတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့စာရင်း၊ NLD စာရင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စာရင်း၊ AAPP စာရင်း စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေပြီး အစိုးရဘက်မှမူ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်းဆန်ထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းများအရ အကျဉ်းထောင်များထဲတွင် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော် ရှိကြောင်း၊ ယင်းတို့ကိုလည်း သမိုင်းတစ်ခု
အဖြစ် ရေးထိုးသွားကာ ၎င်းတို့ မိသားစုဝင်များနှင့် ကူးလူးဆက်ဆံမှု
တွေ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနောက်ဆုံး မိုးထိမိုးမိ
ရွှေလုပ်သားများ ကိစ္စတွင် အဖမ်းခံရသူ လေးဦးကိုပါ ထည့်သွင်းထားပါက ၎င်းတို့စာရင်းတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၂၂ ဦးရှိကြောင်း AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။

အလားတူ အမည်ပျက်စာရင်း (Black List) စာရင်း သွင်းခံထားရသည့်
ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး အပါအ၀င် အမည်ပျက် စာရင်းဝင် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစ၍ အမည်ပျက်စာရင်း မှပယ်ဖျက်ပေး ခဲ့ပြီး
နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့အား အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

Eleven Media Groupအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာ လိမ့် မည်ဟုမျှော်မှန်းလို့ရကြောင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပါတယ်။ သမ္မတကြီး အနေ နဲ့ ထူးထူးခြားခြား ဒီမိုကရေစီ စနစ်မှာ ပထမဆုံးတက်လာတဲ့ သမ္မတ ကြီးဖြစ်တယ်။ နိုင်ငံတကာကလည်း ထောက်ခံတယ် အများအတွက် တကယ်လိုအပ်တဲ့ အလုပ်တွေကိုလည်း လုပ်နေတာ။ ဒီထဲမှာ စဉ်းစား တဲ့ အထဲမှာ ပါတာပေါ့။ တစ်နေ့တော့ ဖြစ်လာမယ်။၂၀၁၅ မတိုင်ခင်ဖြစ်လာလိမ့်မယ်လို့ မှန်းလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်း၄၆ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ်နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်း ကနိုင်ငံရေးအကျဉ်းသားများအားအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်တာင်းဆိုသည့်အပေါ်  ပြည်ထောင်စု ၀န်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က “ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားကို အကိုတို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်တာကို လိုလားပါတယ်။ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်နေချိန်မှာ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ မရှိသင့်တော့ပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာကို အချိန်ဆွဲရင် ဆွဲသလို တိုင်းပြည်အတွက် အများကြီး နစ်နာစေတယ်” ဟု ပြောကြားခဲ့ပါသည်။

“အခုဆိုရင် ICRC လည်း ထောင်တွေကို ၀င်ရောက်စစ်ဆေးခွင့် ရသွားပြီ။ ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် စိစစ်မယ်လို့ ပြောတယ်။ ပြည်ထဲရေး အနေနဲ့ လုပ်တာထက်စာရင် ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ကိစ္စ တွေကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေပါ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်တာ သည် ပိုပြီးတော့ အရွေ့တစ်ခုကို ရွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ လက်တွေ့ကျကျ ပူးပေါင်းဆောင် ရွက် ချင်တယ်” ဟု ကိုထွန်းကြည်က ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့် ခြောက်ကြိမ်ပေး ခဲ့ပြီး လေးကြိမ် တွင် ယခင်စစ်အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင် အပါအ၀င် ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လည်လွတ်မြောက် လာခဲ့သည်။ ယင်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာ ပြီး နောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုဖြစ်ခဲ့သည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ထောက်ခံချက်နှင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲနိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင်လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်းပြုစုထားရာတွင်၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့စာရင်း၊ NLD စာရင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စာရင်း၊ AAPP စာရင်း စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေပြီး အစိုးရဘက်မှမူ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်းဆန်ထားသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းများအရ အကျဉ်းထောင်များ ထဲတွင် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော် ရှိကြောင်း၊ ယင်းတို့ကိုလည်း သမိုင်းတစ်ခု
အဖြစ် ရေးထိုးသွားကာ ၎င်းတို့ မိသားစုဝင်များနှင့် ကူးလူးဆက်ဆံမှုတွေ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနောက်ဆုံး မိုးထိမိုးမိရွှေလုပ်သားများ ကိစ္စတွင် အဖမ်းခံရသူ လေးဦးကိုပါ ထည့်သွင်းထားပါက ၎င်းတို့စာရင်းတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၂၂ ဦးရှိကြောင်း AAPP မှ ကိုဘိုကြည် က ပြောကြားခဲ့သည်။

အလားတူ အမည်ပျက်စာရင်း (Black List) စာရင်း သွင်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး အပါအ၀င် အမည်ပျက် စာရင်းဝင် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစ၍ အမည်ပျက်စာရင်း မှပယ်ဖျက်ပေး ခဲ့ပြီးနိုဝင်ဘာလ ၂၆ ရက်နေ့ တွင်လည်း ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့အား အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List