၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ စာရေး
ဆရာ ကိုတာတို့ ၂ ဦးဟာ ဘူတန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့
ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက်စောစောက ထွက် ခွာ သွားပါတယ်။
ဘူတုန်နိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြောင်းအလဲ
ဆိုင်ရာ ဖြစ်ထွန်းမှုတွေနဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို
လေ့လာဖို့ ၄ ရက်တာ ခရီးစဉ်အဖြစ် သွားရောက်တာလည်းဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်ကို ဘူတန်အခြေစိုက် The Center for Bhutan Studies က စီစဉ်သည့် Workshop ဖြစ် ပြီး ၃ ရက်တာ တက်ရောက်ကာ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြ မှာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံ သစ်ပေါ်ထွက်ခဲ့တာကြောင့် ဘူတန်နိုင်ငံရဲ့ ဖွဲ့စည်းပုံတို့ ဟာ နောက်ခံ အကြောင်းတရားတွေ မတူကြပေမယ့် ရှေ့ဆင့်နောက်ဆင့် တနှစ်ထဲအတွင်း ပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။

No comments:
Post a Comment