အခုတလော ဒေါ်စုရဲ့ အာဏာလိုချင်တယ်၊
၂၀၁၅ မှာ သမ္မတလုပ်ချင်တယ်ဆိုတဲ့ စကားတွေကို မကြာ မကြာကြားနေရပါတယ်။ ဒါကလည်း
လူ့သဘောသဘာဝမို့ ဘာမှမပြောလိုပါဘူး။ ဒါပေ မယ့် ဒေါ်စုကြည် အမေ
ဒေါ်ခင်ကြည်နေမကောင်းလို့ မြန်မာနိုင်ငံကိုပြန်လာတဲ့ အချိန်တုန်း ကပြောခဲ့တဲ့
စကားလေးတွေကိုတော့ ပြန်ပြီး ကြားယောင်မိပါသေးတယ်…
ဒေါ်စုကြည်ဟာ ၈၈ အရေးအခင်းကာလကြီးမှာ
စင်ပေါ်တက်လာသူဖြစ်ပြီး အစိုးရလုပ်ရပ်မှန်သမျှ ဆန့်ကျင် ခဲ့သူဖြစ် ပါတယ်။ ``ကျမက
အာဏာလိုချင်လို့ မဟုတ်ပါဘူး၊ ကျမနိုင်ငံ တိုးတက်ရေးအတွက်ပဲ လုပ်မှာပါလို့
တွင်တွင်ကြီး ပြောပြီး လူထုထောက်ခံမှုကို ရယူခဲ့တာဖြစ်ပါတယ်။ သူမ ပထမဆုံး စပြီး
ထောင်ခဲ့တဲ့ပါတီက အောင်စုတင်ပါတီ ဖြစ်ပါ
တယ်။ အဲဒီပါ တီထောင်ပြီး လပိုင်းအတွင်းမှာပဲ ကွဲကြပြဲကြ နဲ့ဖြစ်ပြီး နောက်ဆုံးမှာ
မဆလပါတီက အာဏာရှင်ဟောင်းတွေ ဖြစ်တဲ့ သူရ ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ရဲ့ ပါဝင်မှုနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုပြီး ပြောင်းလဲ တည်ထောင် လာခဲ့တာပါ။ ဒီ/ချုပ်ပါတီဟာ
ခံစားချက် တူညီသူတွေ ပေါင်းစည်းထားတဲ့ ပါတီမို့လို့ ၂၀၁၁ ခုနှစ် မတိုင်မီအထိ
အလွန်ပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ပါ တယ်။ ဒါပေမယ့်လို့ ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ ပါတီတွင်းအာဏာ လုပွဲတွေ၊ နေရာလုပွဲတွေ၊
ငွေကြေး အရှုပ်အရှင်းတွေဖြစ်လာတာမို့ ပါတီရဲ့စည်းလုံး ညီညွတ်မှုဟာ အချိန်မရွေး ကျကွဲသွားနိုင်တဲ့
ဖန်ခွက်တစ်လုံးလို ဖြစ်လာပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက်
ပါတီတွင်းနေရာပေးရွေးချယ်မှုမှာ ဒီမိုကရေစီစနစ်မပီပြင်တဲ့ ကိုယ်စား လှယ်အဖြစ်
တင်သွင်းခြင်းမခံလိုက်ရတဲ့ သက်တမ်းရင့် ပါတီဝင်တွေအဖို့ နာကျည်း ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။
ဇေယျာသော်တို့လို လူမသိသူမသိ ဟစ်ဟော့ဂီတသမားတွေ၊ စန္ဒာမင်းလို လူမှုရေး အရှုပ်အရှင်းရှိသူတွေ
နေရာ ရလာတဲ့အခါမှာ ရိုးသားကြိုးစားပြီး ပါတီအရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ သူတွေအဖို့
ရင်တွင်းမှာ အကြိတ်အခဲတစ်ခုအဖြစ် တည်ရှိလာခဲ့ပါတယ်။ အဲဒီကမှ တစ်ဆင့်
ပါတီတွင်းဆန္ဒပြမှုတွေ၊ အစုအဖွဲ့လိုက် နှုတ်ထွက်မှုတွေ၊ တစ်ဦးအပေါ်တစ်ဦး တိုင်ကြားမှုတွေ
တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ပါတီအနေနဲ့
ရာနှုန်းပြည့် အနိုင်မရသေး တဲ့အခြေအနေမှာတောင် ခုလိုမျိုး အကွဲအပြဲတွေပြင်းထန် နေရင်...လာမယ့်
၂၀၁၅ခုနှစ် ရွေးကောက် ပွဲမှာများ အနိုင်ရခဲ့ရင် အခြေအနေဟာ ဒီထက် ဆိုးဖို့ပဲ
ရှိပါတယ်။
ဒါ့အပြင်
အခုလက်ရှိအနေအထားမှာ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင် ချက်တွေပေါ်ကြည့်ပြီး
NLD ပါတီရဲ့ အနာဂတ်အဆိုးအကောင်းပေါ်ထွန်း လာမှာလို့ လဲ ပြောကြပါတယ်။ လက်ရှိ အနေအထားအထိတော့
ဒေါ်စုကြည်ရဲ့လုပ်ဆောင်ချက်တွေ ဟာ ပြည် သူတွေရဲ့ အကျိုးစီးပွားထက် ဦးသိန်းစိန် အစိုးရအကြိုက်
လုပ်ဆောင်မှုတွေ များနေတယ်လို့လဲ ဆိုကြပါ တယ်။ ရခိုင်အရေး ပြည်နယ်အရေးကိစ္စလို၊
လက်ပံတောင်း သပိတ်ဖြိုခွဲတဲ့ကိစ္စလို၊ ဒါ့အပြင် ကချင်ပြည် နယ်မှာ စစ်တပ်တွေက ထိုးစစ်ဆင်နေတာတွေနဲ့
ပတ်သက်လို့ ထိထိမိမိ ပြောဆိုတာ၊ ကန့်ကွက်တာ မျိုးတွေ မရှိသေးပါဘူး။
အရင်တုန်းက အာဏာမမက်မောပါဘူးဆိုတဲ့
စကားတွေ အထပ်ထပ်အခါခါပြောဆိုခဲ့ပေမယ့် ဒီကနေ့တော့ ဒေါ်စုကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ
သမ္မတလုပ်ချင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုလာပါပြီ။ ဒါဟာ ဒေါ်စုကြည်လဲ
လူထဲကလူတစ်ယောက်မို့ အာဏာရူးတာ၊ အာဏာလိုချင်တာ မဆန်းဘူးလို့ ဆိုနိုင်ပေမယ့် ``ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ``
ဆိုသလို ဖြစ်သွားမှာကိုတော့ ၀ါရင့်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပူပန် နေကြပါတယ်။
အရင်တုန်း က ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည် သူရဲ့ယုံကြည်ကိုးစားမှုနဲ့ အခုလက်ရှိအနေ အထားကို
နှိုင်းယှဉ်ကြည့်ရင်တောင်မှ သိသိသာသာ ထောက် ခံမှုလျော့နည်းလာတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒေါ်စုကြည်အနေနဲ့ ၂၀၁၅
မှာသမ္မတလုပ်မယ်လို့ ကြေညာခဲ့တာမှန်ပေမယ့် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ
ပြောရမယ်ဆိုရင်တော့ သမ္မတဖြစ်ဖို့ဆိုရင် အခြေခံဥပဒေကိုပြင်ဆင်မှ ရပါလိမ့်မယ်။
အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းဆိုရင်တော့ သားသမီးအရင်းအခြာတွေဟာ ပြည်ပနိုင်ငံသားအဖြစ်
ခံယူထားသူ မဖြစ်ရဘူး ဆိုတဲ့ အချက်ပါရှိပါတယ်။ ဒီအချက်ကြောင့်ပဲ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ဒုတိယသမ္မတဖြစ်မလာခဲ့တာပါပဲ။ ဒါကြောင့်မို့
ဒေါ်စုကြည်သမ္မတဖြစ်ဖို့ဆိုရင် အခြေခံဥပဒေကို မပြင်ဆင်ဘဲ မဖြစ်လာနိုင်ပါဘူး။
နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ ဗေဒင်ဆရာစံဇာဏီဘိုက ယုံတမ်း စကားလိုလို
ပုံပြင်လိုလိုနဲ့ ၂၀၁၄ မှာ ဒေါ်စုကြည် အာဏာ ရလာဖို့ သမ္မတဖြစ်လာဖို့ရှိတယ် လို့
ဟောကိန်း ထုတ်ထားတာကို တွေ့လိုက်ရပါတယ်။ ဒါတွေဟာ သွေးထိုး လှုံ့ဆော်မှု တစ်ခုလို့ပဲ
ထင်မြင်နေမိပါတယ်။ လက်ရှိအစိုးရနဲ့ ဒေါ်စုကြည်ကို ရန်တိုက်ပေးချင်တာလား. ဒါမှမဟုတ်
စံဇာဏီဘို နဲ့ ဒေါ်စုကြည် တို့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လူထုသိအောင်
ပြောတားလားဆိုတာကတော့ အနာဂတ် က ဆုံးဖြတ် အဖြေပေးပါလိမ့်မယ်။
ပြည်သူတွေရဲ့ ယုံကြည်ကိုးစားထောက်ခံမှု
လျော့မသွားဖို့ ၂၀၁၅ မှာ သမ္မတလုပ်မယ် ဆိုရင် ပြည်သူတွေအကြိုက်၊ ပြည်သူတွေအတွက်
ပြောစရာလုပ်စရာတွေကိုတော့ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ဖို့ လိုပါလိမ့်မယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေမှာ တိုင်းရင်းသားရခိုင်တွေဘက်က
ထင်ထင်ရှားရှား ရပ်တည်ပြောနိုင်ဖို့ လိုအပ်နေသလို ကချင်ပြည်နယ်နဲ့
ရှမ်းပြည်နယ်အတွင်း မှာဖြစ်ပျက်နေ တဲ့ စစ်ပွဲတွေနဲ့ပတ်သက်လို့လဲ
ရဲရဲဝံ့ဝံ့ရပ်တည်ပြောဆိုရပါမယ်။ ဒါမှလဲ ပြည်သူတွေက တကယ့် ကို လေးစားထိုက်တဲ့ ခေါင်းဆောင်အဖြစ်
အားကိုးကြမှာဖြစ်ပါတယ်။ ၂၀၁၅ မှာ သမ္မတဖြစ်ရေး ရည်မှန်းချက်နဲ့ ဘာတစ်ခုမှ
အားကိုးစရာ မရှိတဲ့လုပ်ရပ်တွေ လျှောက်လုပ်မနေသင့်ပါဘူး။ ဒီလအတွင်း ပြီးခဲ့တဲ့
ဒေါ်စုကြည်ရဲ့ မြိတ်ခရီးစဉ်မှာ ဒေါ်စုရဲ့ အနီးကပ်ကိုယ်ရံတော် NLD အဖွဲ့ရဲ့
ရိုင်းစိုင်းမှုတွေကြောင့် နယ်ခံ NLD တွေနဲ့ အဆင်မပြေဖြစ်ခဲ့တာတွေ၊ ရပ်ကြေးညီလာခံတွေမှာလည်း
NLD ပါတီဝင်တွေ တစ်ယောက်နှင့်တစ်ယောက် ထထိုးနေကြတဲ့ မြင်ကွင်းတွေဟာ အာဏာရှင်ဖြစ်လိုတဲ့
ဒေါ်စုအတွက် ရင်လေးစရာတွေပါပဲ။
အဓိကအကျဆုံးအချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
ပါတီတွင်း စည်းလုံးညီညွတ်ရေး ကို ခိုင်မာအောင်တည်ဆောက်ဖို့လိုပါလိမ့်မယ်။
ပါတီတွင်းမှာ ဒီမိုကရေစီနည်းလမ်းကျကျ ပြတ်ပြတ် သားသား လုပ် ဆောင်ဖို့လိုပါလိမ့်မယ်။
ဒီလိုမှမဟုတ်ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ လှေ ကွဲကြီးကိုစီးပြီး
ခရီးသွား နေရသလိုဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် ဒေါ်စုကြည်ဖြစ်ချင်တဲ့ ၂၀၁၅ မှာ
နိုင်ငံတော်အာဏာလိုချင်တယ် ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာ မဟုတ်ဘူးလို့ ပြောပြ ချင်ပါတယ်။
No comments:
Post a Comment