Wednesday, January 02, 2013

အကယ်ဒမီရှော့ခ်

Photo: အကယ်ဒမီရှော့ခ်
Monday, 31 December 2012

၃၀ ရက်နေ့က အကယ်ဒမီပွဲတဲ့။ ဘီယာဆိုင်ရှေ့မှာ တီဗွီအကြီးကြီး
တစ်ခုထုတ်ပြီး ပြထားတာကို လူတွေ ၀ိုင်းကြည့်နေတာ အိမ်ပြန်ဖို့ဖြတ်သွားရင်းတွေ့လိုက်ရတယ်။ ရထားမမီမှာ စိုးရိမ်လို့ အမြန်လျှောက်လာပါတယ် လမ်းပိတ်နေလို့ အနည်းရှောင်ထွက်ခဲ့ရတယ်။ လူတွေမှာ စိတ်ဖိစီးမှုတွေ တစ်ခုပြီးတစ်ခု တိုးလာလိုက်၊ သက်သာရာ
ပြေပျောက်ကြောင်းတွေလည်း တစ်ခုပြီးတစ်ခု ပေါ်လာလိုက်နဲ့ ဒီလိုပဲ ဘ၀မှာ အချိန်တွေ ကုန်လာကြရတယ်။

ဘူတာရောက်တော့ လောလာသမျှ အလကားဖြစ်ရတယ်။ ရထားက မလာသေးဘူး။ မြို့ပတ်ရထားစီးရတာ အချိန်တွေပေးနိုင်ဖို့လိုတယ်။ ကားစီးရတာထက် ပိုပြီး စိတ်သက်သာရာရတာကြောင့် ရထားပဲ
စောင့်စီးနေရ တယ်။ ပိုက်ဆံသက်သာတာလည်း ပါတယ်ပေါ့လေ။

ဘူတာက ကြမ်းပိုးကိုက်တဲ့ နားနေခုံတွေမှာ မထိုင်ဘဲ၊ ကျောက်ခုံ
လေးတစ်မှာထိုင်ပြီး လမ်းဘေးက ၀ယ်လာတဲ့ တရုတ်ဂျာနယ် ချိုင်းနားရီဗျူးဆိုတာထိုင်ဖတ်နေတယ်။ ရထားစောင့်ဖို့ အကောင်းဆုံး အချိန်ဖြုန်းနည်းပေါ့။

ဒီအချိန်မှာ အနားကို အမျိုးသမီးကြီးလာထိုင်ပြီး “အကယ်ဒမီ ဘယ်သူတွေရသွားသလဲ” တဲ့။ စိတ်ဆိုးရလည်း အခက်၊ ဒေါသထွက်ရလည်း အခက်ပါ။ “မသိဘူး” လို့ တိုတိုတုတ်တုတ် ပြန်ဖြေပြီး စာဆက်ဖတ်နေတော့ အလိုက်ကမ်းဆိုးမသိတဲ့ မိန်းမကြီးက “သက်မွန်မြင့်လေးရပါစေ” လို့ ထပ်လုပ်လိုက်သေးတယ်။

ရထားက နာရီဝက်လောက် နောက်ကျတယ်။ ဒါကို စောသေးတယ်လို့ မှတ်ယူလိုက်ပါတယ်။ ရထားပေါ်မှာ လည်း အကယ်ဒမီသံတွေ ဆူညံနေတယ်။ အိမ်ပြန်ရောက်တော့လည်း ခါတိုင်း တီဗွီဖွင့်ကြည့်နေကျ ဒီနေ့မှ ကြည့်ချင်စိတ်ကုန်ပြီး စာပဲထိုင်ရေးနေမိတယ်။

နောက်တစ်နေ့ ရုံးရောက်တော့ ပထမဆုံး Facebook ကိုဖွင့်ကြည့်တော့ တက်လာတဲ့ အကယ်ဒမီဝေဖန်သံတွေ ကို တစ်သီကြီးတွေ့လိုက်ရတယ်။ ဒီတော့မှ ဘယ်သူတွေ အကယ်ဒမီရမှန်းသိတော့တယ်။ အဲဒီကားတွေ လည်း တစ်ကားမှ မကြည့်ဘူး။ မင်းသား မင်းသမီးတွေလည်း သိပ်မသိတော့ ဘာမှလည်း ခံစားချက် မဖြစ်မိပါ ဘူး။ ဒါပေမယ့် အကောင်းဆုံး အကယ်ဒမီဆု ၈ ဆု ရသွားတဲ့ “ထာဝရအလင်းတန်းများ” ဆိုတဲ့ဇာတ်ကားဟာ  “The Road Home” ဆိုတဲ့ တရုတ်ဇာတ်ကားလေးကို မှီးတာလား၊ တိုက်ရိုက်လားမသိ ယူပြီးရိုက်ထားတာလို့ ပြောနေတာတွေ
ကိုတော့ စိတ်ဝင်စားသွားမိပါတယ်။

The Road Home ဇာတ်ကားကို ၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်မှာ ရုံတင်ပြီးတော့ ဒါရိုက်တာ Zang Yimou ကရိုက်ကူးခဲ့တယ်။  တရုတ်မင်းသမီး နာမည်ကျော် Zhan Ziyi ပါဝင်ခဲ့တဲ့အတွက်လည်း နာမည် ကြီးခဲ့တယ်။ ဒီဇာတ်ကားကို  စာရေးဆရာ Bao Shi က ရေးသားခဲ့ပြီး၊ မူရင်းက သူရေးခဲ့တဲ့ Remembrance ဆိုတဲ့ ၀တ္ထုကနေ ဇာတ်လမ်းကိုယူပြီး ဇာတ်ညွှန်းကိုရေးခဲ့တယ်လို့ဆိုတယ်။

ဒီဇာတ်ကား ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာ အောက်က ဆုရရှိတဲ့ စာရင်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။

2000 Golden Rooster Awards

    Best Picture
    Best Art Direction — Cao Juiping
    Best Director — Zhang Yimou

2000 Hundred Flowers Awards

    Best Film
    Best Actress — Zhang Ziyi

2000 Berlin International Film Festival

    Silver Bear — Jury Grand Prix
    Prize of the Ecumenical Jury
    Golden Bear (nominated)

2000 Ljubljana International Film Festival

    Audience Award

2001 Bodil Awards

    Best Non-American Film (nominated)

2001 Sundance Film Festival

    Audience World Cinema Award

2001 Chicago Film Critics Association Awards

    Best Foreign Language Film (nominated)

2001 Fajr Film Festival

    Crystal Simorgh for Best Film, International Competition

2001 Florida Film Festival

    Audience Award for Best International Feature Film

ဇာတ်လမ်းအစက  Luo Yusheng (Sun Honglei) ဆိုသူဟာ သူ့ဇာတိရွာကို ပြန်လာခဲ့တယ်။ သူ့ဘခင်ဖြစ်သူ ကျောင်းဆရာကြီး Luo Changyu ကွယ်လွန်သွားလို့ ပြန်လာတာပါ။ သူ့ဘခင်ရဲ့ အလောင်းဟာ ပိုင်ရှင်မဲ့ဘ၀နဲ့ မြို့နားကဆေးရုံရဲ့ ရင်ခွဲရုံမှာ အထားခံခဲ့ရတယ်။ သူ့မိခင် Zhao Di (Zhao Yuelin) က သူ့ခင်ပွန်းအလောင်းကို ရွာပြန်သယ်ဖို့ သားဖြစ်သူကို တောင်းပန်တယ်။ ဒါနဲ့ သူလည်း ဘခင် အလောင်းကို ရိုးရာထုံးစံအတိုင်း အစီအမံ တွေနဲ့ ရွာပြန်သယ်ခဲ့ရပါတယ်။ သူ့ဖခင်ရဲ့အလုပ်ဟာ ကြည်ညို လေးစားစရာကောင်းပြီး ရွာကျောင်းလေးမှာ ဒုက္ခဆင်းရဲခံကာ ကလေးတွေကို စာသင်ကြားပေးနေတာမှန်ပေမယ့် ရွာကလူတွေဟာ ပညာရေးကို သိပ်အားမပေးကြဘူး။ ရွာကဆင်းရဲတော့ လက်လုပ် လက်စားများ တယ်။ ဒါကြောင့် လူတိုင်းထွက်ပြီး အလုပ် လုပ်ကြရတယ်။ ကျောင်းကိုလည်း လုပ်အားလျှော့သွားမှာ စိုးရိမ်လို့ ကလေးတွေကို မပို့ချင်ကြဘူး။ ကလေးအများစုဟာ ကျောင်းမတက်ဘဲ အလုပ်ထွက်လုပ်နေကြရတာ များတယ်။

Lou Yusheng ရဲ့ မိခင်နဲ့ ဘခင်ရဲ့ ၁၉၅၈ ခုနှစ်က အကြောင်းကို ဇာတ်ကြောင်းပြန်တာ ပိုသဘောကျစရာ ကောင်းပါတယ်။

ငယ်ဘ၀ Changyu (Hao Zheng) ဟာ ရွာကို ကျောင်းဆရာ အသစ်အနေနဲ့ ရောက်လာတယ်။ ဆရာအသစ် လေးကို သဘောကျနေသူကတော့ အသက် ၁၈ နှစ်သာရှိသေးတဲ့ Zhao Di 
(Zhang Ziyi) ဖြစ်ပါတယ်။ ဆရာ လေး ချောင်ယုကို  သဘောကျနေတဲ့ ဇောင်ဒီဟာ နည်းမျိုးစုံနဲ့ ဆရာလေးသူ့ကို ရင်းနှီးလာအောင် ကြိုးစားပါ တယ်။ ကျောင်းနားကိုလာလာပြီး ဆရာလေးစာသင်တာကို ချောင်းနားထောင်တာမျိုး၊ ဆရာလေး အိမ်အပြန် လမ်းမှာ စောင့်နေတာမျိုးတွေနဲ့ ဆရာလေးကို သတိထားမိအောင် လုပ်နေတယ်။ ကျောင်းကရွာအပြန်လမ်းမှာ ရေတွင်းဟောင်းကြီး
တစ်လုံးရှိတယ်။ ကျောင်းကလှမ်းကြည့်ရင်လည်း မြင်နိုင်တဲ့ နေရာမှာပေါ့။
ဇောင်ဒီဟာ အိမ်အလုပ်တွေပြီးတာနဲ့ ဆရာလေးအတွက် မုန့်တွေယူလာပြီး ရေတွင်းမှာ လာစောင့်နေတတ်တယ်။

အဆင်ပြေနေတဲ့ ချောင်ယုနဲ့ ဇောင်ဒီတို့ရဲ့ဘ၀ဟာ တစ်နေ့တော့ မုန်တိုင်းဆင်လာခဲ့ပါတယ်။ ဆရာလေး ချောင်ယုကို နိုင်ငံရေးပုဒ်မနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး မြို့ကလာခေါ်ပါတယ်။ ဒီအခန်းကစပြီး ရုပ်ရှင်ကြည့် နေသူတွေကို ရင်နာစေဖို့စတင်ပြီး ဇာတ်ရှိန်တက်လာပြီ။ မြို့က ဆရာလေးကို လာခေါ်သွားတယ်ဆိုတာ သိလိုက်တော့ ဇောင်ဒီလည်း ဆရာလေးစားဖို့ မုန့်လိုက်ပေးတာပေါ့။ ကံမကောင်းချင်တော့ လမ်းမှာ အပြေး လေးလာရင်း မှောက်ရက်လဲပြီး မုန့်တွေလမ်းပေါ်ကျသွား
တာမျိုးတွေနဲ့ ရင်နာအောင်လုပ်ထားတယ်။ ဘယ်လိုပဲ ချစ်ရသူဆရာလေးနဲ့ ကွဲရသည်ဖြစ်စေ နောက်ဆုံးပြန်ပေါင်းရအောင် လုပ်မယ်ဆိုတဲ့ ဇောင်ဒီရဲ့ ဆုံးဖြတ်ချက် ဟာ အိမ်အပြန်လမ်းမှာ ချစ်ရတဲ့ ဆရာလေးရဲ့အလောင်းကို အသက်ကြီးမှ ပြန်သယ်လာရတဲ့ဘ၀နဲ့ ဆက်စပ်ပြီး ကြည့်လိုက်ရတော့ ရင်နင့်စရာကောင်းလောက်အောင် ဇာတ်ရှိန်တက်သွားရပါတော့တယ်။ ဒီ အိမ်အပြန်လမ်း ဟာ တစ်ချိန်က ဆရာလေး အရှင်ထွက် ထွက်ခဲ့ဖူးတယ်။ ခုတစ်ကြိမ် ဆရာလေး အသေထွက်နဲ့ ပြန်လာခဲ့တဲ့ လမ်းဖြစ်နေတယ်။

ဇာတ်ကားမှာ ဇောင်ဒီအဖြစ် သရုပ်ဆောင်တဲ့ Zhang Ziyi ရဲ့ မျက်လုံးနဲ့ သရုပ်ဆောင်ချက်တွေဟာ တစ်ကားလုံးရဲ့ အသက်ပဲလို့ဆိုချင်တယ်။ ၀ါရင့် သရုပ်ဆောင်မင်းသမီးဖြစ်တဲ့အပြင် ဇာတ်လမ်းမှာ နစ်ဝင်ပြီး စူးစိုက်သရုပ်ဆောင်ထားမှန်း သိသာတယ်။ တောသူလေးအချစ်ဟာ
ဖြူစင်ရိုးသားလွန်းတာကို အကောင်းဆုံး သရုပ်ဖော်သွားနိုင်ခဲ့
ပါတယ်။ ရေတွင်းမှာ ရေငင်နေရင်း ကျောင်းဘက်ကို ခိုးကြည့်တတ်တဲ့ သူ့အမူအရာတွေ၊ ဆရာလေး အပြန်ကို နှင်းမုန်တိုင်းထဲကနေ ချမ်းအေးစွာ စောင့်နေတဲ့ သူ့သရုပ်ဆောင်ချက်တွေက ရိုးသားဖြူစင် ခြင်းကို အထင်းသားပြနိုင်တဲ့ ပြကွက်တွေလို့ဆိုနိုင်တယ်။ ဒီဇာတ်ကားရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ အတိတ်နဲ့ ပစ္စုပ္ပာန်ကို ထပ်တူပြုပြီး နှိုင်းယှဉ်
တဲ့ပြကွက်တွေကတော့ ဒါရိုက်တာရဲ့ ပညာသားပါတဲ့ ဖော်ကျူးချက်တွေဖြစ် သလို၊ စာရေးဆရာရဲ့ စိတ်ကူးကောင်းတွေလို့လည်းဆိုနိုင်ပါတယ်။

Zhang Ziyi ကို အနောက်တိုင်းနဲ့ အရှေ့တိုင်း ရုပ်ရှင်ကြည့် ပရိသတ်တွေက “Crouching Tiger, Hidden Dragon” ရဲ့ အလှမယ် မင်းသမီးလေးလို့ အသိများကြတယ်။ ခု ဒီ The Road Home ဇာတ်ကားမှာ သိုင်းကား ဖိုက်တင်ကားတွေထဲကလိုမဟုတ်ဘဲ တည်ငြိမ်အေးဆေးစွာနဲ့ ချစ်စဖွယ်တောသူလေးတစ်ယောက်အဖြစ် သရုပ် ဆောင်သွားပုံဟာ တစ်မျိုးဆန်းတဲ့ အပြင့် ကြည့်ရသူတွေရဲ့စိတ်ကို ပင်ပန်းအောင် စွမ်းဆောင်နိုင်တယ်လို့ ဝေဖန်ရေးဆရာတွေက ချီးကျူးဂုဏ်ပြုကြတယ်။

ထာဝရအလင်းတန်းများဆိုတဲ့ ဒီနှစ်မြန်မာပြည်ကနေ အကယ်ဒမီတွေအများကြီးပေးလိုက်တဲ့ ဇာတ်ကားမှာ ဇောင်ဒီနေရာက သရုပ်ဆောင်တယ်လို့ ထင်ရတဲ့ မယ်လိုဒီ ဘယ်လောက်ကောင်းလို့ အကယ်ဒမီရတယ် မသိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီကားကို မကြည့်ဘူးလို့ပါ။ ဒါရိုက်တာကလည်း သူ ဒီကားရိုက်ဖို့ ၁၅ နှစ်လောက် ကြိုးပမ်းခဲ့ရတယ်လို့ ပြောသံကြားလိုက်ရတယ်။ ၂၀၀၀ ပြည့်နှစ်ကမှ တရုတ်ကားက ထွက်တာဆို တော့ The Road Home က ၁၂ နှစ်လောက်ပဲ ရှိသေးတာ။ ဒါဆိုရင် မြန်မာဒါရိုက်တာက စောတာပေါ့။ သူ့စိတ် ကူးနဲ့ ဇာတ်လမ်းကို တရုတ်ဒါရိုက်တာနဲ့ စာရေးဆရာ ခိုးသွားတာလား
ေ၀၀ါး ထွေပြား စိတ်လေသွားမိတာ တော့အမှန်ပဲ။

ကျွန်တော် မြန်မာကား ထာဝရအလင်းတန်းကို မကြည့်ဖူးပါဘူး။ Facebook  ပေါ်က comment တွေလိုက်ဖတ်ပြီး The Road Home ကို ပြန်လည် ခံစားကြည့်လိုက်တာဖြစ်ပါတယ်။ ကြည့်ဖူးသူတွေ မြန်မာကားနဲ့ တရုတ်ကားကို နှိုင်းယှဉ်ကြပေါ့ဗျာ။


မောင်ခေတ် 
မောက္ခ
၃၀ ရက်နေ့က အကယ်ဒမီပွဲတဲ့။ ဘီယာဆိုင်ရှေ့မှာ တီဗွီအကြီးကြီး တစ်ခုထုတ်ပြီး ပြထားတာကို လူတွေ ၀ိုင်းကြည့်နေတာ အိမ်ပြန်ဖို့ဖြတ်သွားရင်းတွေ့လိုက်ရတယ်။ ရထားမမီမှာ စိုးရိမ်လို့ အမြန်လျှောက်လာ ပါတယ် လမ်းပိတ်နေလို့ အနည်းရှောင်ထွက်ခဲ့ရတယ်။ လူတွေမှာ စိတ်ဖိစီးမှုတွေ တစ်ခုပြီးတစ်ခု တိုးလာလိုက်၊ သက်သာရာပြေပျောက်ကြောင်းတွေလည်း တစ်ခုပြီးတစ်ခု ပေါ်လာလိုက်နဲ့ ဒီလိုပဲ ဘ၀မှာ အချိန်တွေ ကုန်လာကြရတယ်။
ဘူတာရောက်တော့ လောလာသမျှ အလကားဖြစ်ရတယ်။ ရထားက မလာသေးဘူး။ မြို့ပတ်ရထားစီးရတာ အချိန်တွေပေးနိုင်ဖို့လိုတယ်။ ကားစီးရတာထက် ပိုပြီး စိတ်သက်သာရာရတာကြောင့် ရထားပဲစောင့်စီးနေရ တယ်။ ပိုက်ဆံသက်သာတာလည်း ပါတယ်ပေါ့လေ။ ဘူတာက ကြမ်းပိုးကိုက်တဲ့ နားနေခုံတွေမှာ မထိုင်ဘဲ၊ ကျောက်ခုံလေးတစ်မှာထိုင်ပြီး လမ်းဘေးက ၀ယ်လာတဲ့ တရုတ်ဂျာနယ် ချိုင်းနားရီဗျူးဆိုတာ ထိုင်ဖတ်နေတယ်။ ရထားစောင့်ဖို့ အကောင်းဆုံး အချိန်ဖြုန်းနည်းပေါ့။

ဒီအချိန်မှာ အနားကို အမျိုးသမီးကြီးလာထိုင်ပြီး “အကယ်ဒမီ ဘယ်သူတွေရသွားသလဲ” တဲ့။ စိတ်ဆိုးရလည်း အခက်၊ ဒေါသထွက်ရလည်း အခက်ပါ။ “မသိဘူး” လို့ တိုတိုတုတ်တုတ် ပြန်ဖြေပြီး စာဆက်ဖတ်နေတော့ အလိုက်ကမ်းဆိုးမသိတဲ့ မိန်းမကြီးက “သက်မွန်မြင့်လေးရပါစေ” လို့ ထပ်လုပ်လိုက်သေးတယ်။

ရထားက နာရီဝက်လောက် နောက်ကျတယ်။ ဒါကို စောသေးတယ်လို့ မှတ်ယူလိုက်ပါတယ်။ ရထားပေါ်မှာ လည်း အကယ်ဒမီသံတွေ ဆူညံနေတယ်။ အိမ်ပြန်ရောက်တော့လည်း ခါတိုင်း တီဗွီဖွင့်ကြည့်နေကျ ဒီနေ့မှ ကြည့်ချင်စိတ်ကုန်ပြီး စာပဲထိုင်ရေးနေမိတယ်။

နောက်တစ်နေ့ ရုံးရောက်တော့ ပထမဆုံး Facebook ကိုဖွင့်ကြည့်တော့ တက်လာတဲ့ အကယ်ဒမီဝေဖန် သံတွေကို တစ်သီကြီးတွေ့လိုက်ရတယ်။ ဒီတော့မှ ဘယ်သူတွေ အကယ်ဒမီရမှန်းသိတော့တယ်။ အဲဒီ ကားတွေလည်း တစ်ကားမှ မကြည့်ဘူး။ မင်းသား မင်းသမီးတွေလည်း သိပ်မသိတော့ ဘာမှလည်း ခံစားချက် မဖြစ်မိပါ ဘူး။ ဒါပေမယ့် အကောင်းဆုံး အကယ်ဒမီဆု ၈ ဆု ရသွားတဲ့ “ထာဝရအလင်းတန်းများ” ဆိုတဲ့ဇာတ်ကားဟာ “The Road Home” ဆိုတဲ့ တရုတ်ဇာတ်ကားလေးကို မှီးတာလား၊ တိုက်ရိုက်လားမသိ ယူပြီးရိုက်ထားတာလို့ ပြောနေတာတွေကိုတော့ စိတ်ဝင်စားသွားမိပါတယ်။

The Road Home ဇာတ်ကားကို ၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်မှာ ရုံတင်ပြီးတော့ ဒါရိုက်တာ Zang Yimou ကရိုက်ကူးခဲ့တယ်။ တရုတ်မင်းသမီး နာမည်ကျော် Zhan Ziyi ပါဝင်ခဲ့တဲ့ အတွက်လည်း နာမည် ကြီးခဲ့တယ်။ ဒီဇာတ်ကားကို စာရေးဆရာ Bao Shi က ရေးသားခဲ့ပြီး၊ မူရင်းက သူရေး ခဲ့တဲ့ Remembrance ဆိုတဲ့ ၀တ္ထုကနေ ဇာတ်လမ်းကိုယူပြီး ဇာတ်ညွှန်းကိုရေးခဲ့တယ်လို့ဆိုတယ်။

ဒီဇာတ်ကား ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာ အောက်က ဆုရရှိတဲ့ စာရင်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။

2000 Golden Rooster Awards

Best Picture
Best Art Direction — Cao Juiping
Best Director — Zhang Yimou

2000 Hundred Flowers Awards

Best Film
Best Actress — Zhang Ziyi

2000 Berlin International Film Festival

Silver Bear — Jury Grand Prix
Prize of the Ecumenical Jury
Golden Bear (nominated)

2000 Ljubljana International Film Festival

Audience Award

2001 Bodil Awards

Best Non-American Film (nominated)

2001 Sundance Film Festival

Audience World Cinema Award

2001 Chicago Film Critics Association Awards

Best Foreign Language Film (nominated)

2001 Fajr Film Festival

Crystal Simorgh for Best Film, International Competition

2001 Florida Film Festival

Audience Award for Best International Feature Film

ဇာတ်လမ်းအစက Luo Yusheng (Sun Honglei) ဆိုသူဟာ သူ့ဇာတိရွာကို ပြန်လာခဲ့တယ်။ သူ့ဘခင်ဖြစ်သူ ကျောင်းဆရာကြီး Luo Changyu ကွယ်လွန်သွားလို့ ပြန်လာတာပါ။ သူ့ဘခင်ရဲ့ အလောင်း ဟာ ပိုင်ရှင်မဲ့ဘ၀နဲ့ မြို့နားကဆေးရုံရဲ့ ရင်ခွဲရုံမှာ အထားခံခဲ့ရတယ်။ သူ့မိခင် Zhao Di (Zhao Yuelin) က သူ့ခင်ပွန်းအလောင်းကို ရွာပြန်သယ်ဖို့ သားဖြစ်သူကို တောင်းပန်တယ်။ ဒါနဲ့ သူလည်း ဘခင် အလောင်းကို ရိုးရာထုံးစံအတိုင်း အစီအမံ တွေနဲ့ ရွာပြန်သယ်ခဲ့ရပါတယ်။ သူ့ဖခင်ရဲ့အလုပ်ဟာ ကြည်ညို လေးစား စရာကောင်းပြီး ရွာကျောင်းလေးမှာ ဒုက္ခဆင်းရဲခံကာ ကလေးတွေကို စာသင်ကြားပေးနေတာမှန်ပေမယ့် ရွာကလူတွေဟာ ပညာရေးကို သိပ်အားမပေးကြဘူး။ ရွာကဆင်းရဲတော့ လက်လုပ် လက်စားများတယ်။ ဒါကြောင့် လူတိုင်းထွက်ပြီး အလုပ်လုပ်ကြရတယ်။ ကျောင်းကိုလည်း လုပ်အားလျှော့သွားမှာ စိုးရိမ်လို့ ကလေးတွေကို မပို့ချင်ကြဘူး။ ကလေးအများစုဟာ ကျောင်းမတက်ဘဲ အလုပ်ထွက်လုပ်နေကြရတာ များတယ်။

Lou Yusheng ရဲ့ မိခင်နဲ့ ဘခင်ရဲ့ ၁၉၅၈ ခုနှစ်က အကြောင်းကို ဇာတ်ကြောင်းပြန်တာ ပိုသဘောကျစရာ ကောင်းပါတယ်။ ငယ်ဘ၀ Changyu (Hao Zheng) ဟာ ရွာကို ကျောင်းဆရာ အသစ် အနေနဲ့ ရောက်လာတယ်။ ဆရာအသစ် လေးကို သဘောကျနေသူကတော့ အသက် ၁၈ နှစ်သာရှိသေးတဲ့ Zhao Di (Zhang Ziyi) ဖြစ်ပါတယ်။ ဆရာ လေး ချောင်ယုကို သဘောကျနေတဲ့ ဇောင်ဒီဟာ နည်းမျိုးစုံနဲ့ ဆရာလေးသူ့ကို ရင်းနှီးလာအောင် ကြိုးစားပါတယ်။ ကျောင်းနားကိုလာလာပြီး ဆရာလေး စာသင်တာကို ချောင်းနားထောင်တာမျိုး၊ ဆရာလေး အိမ်အပြန် လမ်းမှာ စောင့်နေတာမျိုးတွေနဲ့ ဆရာလေး ကိုသတိထားမိအောင်လုပ်နေတယ်။ ကျောင်းကရွာအပြန်လမ်းမှာ ရေတွင်းဟောင်းကြီးတစ်လုံးရှိတယ်။ ကျောင်းကလှမ်းကြည့်ရင်လည်း မြင်နိုင်တဲ့ နေရာမှာပေါ့။
ဇောင်ဒီဟာ အိမ်အလုပ်တွေပြီးတာနဲ့ ဆရာလေးအတွက် မုန့်တွေယူလာပြီး ရေတွင်းမှာ လာစောင့်နေ တတ်တယ်။

အဆင်ပြေနေတဲ့ ချောင်ယုနဲ့ ဇောင်ဒီတို့ရဲ့ဘ၀ဟာ တစ်နေ့တော့ မုန်တိုင်းဆင်လာခဲ့ပါတယ်။ ဆရာလေး ချောင်ယုကို နိုင်ငံရေးပုဒ်မနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး မြို့ကလာခေါ်ပါတယ်။ ဒီအခန်းကစပြီး ရုပ်ရှင်ကြည့် နေသူတွေကို ရင်နာစေဖို့စတင်ပြီး ဇာတ်ရှိန်တက်လာပြီ။ မြို့က ဆရာလေးကို လာခေါ်သွား တယ်ဆိုတာ သိလိုက်တော့ ဇောင်ဒီလည်း ဆရာလေးစားဖို့ မုန့်လိုက်ပေးတာပေါ့။ ကံမကောင်းချင်တော့ လမ်းမှာ အပြေး လေးလာရင်း မှောက်ရက်လဲပြီး မုန့်တွေလမ်းပေါ်ကျသွားတာမျိုးတွေနဲ့ ရင်နာအောင်လုပ် ထားတယ်။ ဘယ်လိုပဲ ချစ်ရသူဆရာလေးနဲ့ ကွဲရသည်ဖြစ်စေ နောက်ဆုံးပြန်ပေါင်းရအောင် လုပ်မယ် ဆိုတဲ့ ဇောင်ဒီရဲ့ ဆုံးဖြတ်ချက် ဟာ အိမ်အပြန်လမ်းမှာ ချစ်ရတဲ့ ဆရာလေးရဲ့အလောင်းကို အသက်ကြီးမှ ပြန်သယ်လာရတဲ့ဘ၀နဲ့ ဆက်စပ်ပြီး ကြည့်လိုက်ရတော့ ရင်နင့်စရာကောင်းလောက်အောင် ဇာတ်ရှိန်တက်သွားရပါတော့တယ်။ ဒီ အိမ်အပြန်လမ်း ဟာ တစ်ချိန်က ဆရာလေး အရှင်ထွက် ထွက်ခဲ့ဖူး တယ်။ ခုတစ်ကြိမ် ဆရာလေး အသေထွက်နဲ့ ပြန်လာခဲ့တဲ့ လမ်းဖြစ်နေတယ်။

ဇာတ်ကားမှာ ဇောင်ဒီအဖြစ် သရုပ်ဆောင်တဲ့ Zhang Ziyi ရဲ့ မျက်လုံးနဲ့ သရုပ်ဆောင်ချက်တွေဟာ တစ်ကားလုံးရဲ့ အသက်ပဲလို့ဆိုချင်တယ်။ ၀ါရင့် သရုပ်ဆောင်မင်းသမီးဖြစ်တဲ့အပြင် ဇာတ်လမ်းမှာ နစ်ဝင်ပြီး စူးစိုက်သရုပ်ဆောင်ထားမှန်း သိသာတယ်။ တောသူလေးအချစ်ဟာဖြူစင်ရိုးသားလွန်းတာကို အကောင်းဆုံး သရုပ်ဖော်သွားနိုင်ခဲ့ပါတယ်။ ရေတွင်းမှာ ရေငင်နေရင်း ကျောင်းဘက်ကို ခိုးကြည့်တတ်တဲ့ သူ့အမူ အရာတွေ၊ ဆရာလေး အပြန်ကို နှင်းမုန်တိုင်းထဲကနေ ချမ်းအေးစွာ စောင့်နေတဲ့ သူ့သရုပ်ဆောင် ချက်တွေက ရိုးသားဖြူစင် ခြင်းကို အထင်းသားပြနိုင်တဲ့ ပြကွက်တွေလို့ဆိုနိုင်တယ်။ ဒီဇာတ်ကားရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ အတိတ်နဲ့ ပစ္စုပ္ပာန်ကို ထပ်တူပြုပြီး နှိုင်းယှဉ်တဲ့ပြကွက်တွေကတော့ ဒါရိုက်တာရဲ့ ပညာသားပါတဲ့ ဖော်ကျူးချက်တွေဖြစ် သလို၊ စာရေးဆရာရဲ့ စိတ်ကူးကောင်းတွေလို့လည်းဆိုနိုင်ပါတယ်။

Zhang Ziyi ကို အနောက်တိုင်းနဲ့ အရှေ့တိုင်း ရုပ်ရှင်ကြည့် ပရိသတ်တွေက “Crouching Tiger, Hidden Dragon” ရဲ့ အလှမယ် မင်းသမီးလေးလို့ အသိများကြတယ်။ ခု ဒီ The Road Home ဇာတ်ကားမှာ သိုင်းကား ဖိုက်တင်ကားတွေထဲကလိုမဟုတ်ဘဲ တည်ငြိမ်အေးဆေးစွာနဲ့ ချစ်စဖွယ်တောသူလေးတစ်ယောက်အဖြစ် သရုပ် ဆောင်သွားပုံဟာ တစ်မျိုးဆန်းတဲ့ အပြင့် ကြည့်ရသူတွေရဲ့စိတ်ကို ပင်ပန်းအောင် စွမ်းဆောင်နိုင် တယ်လို့ ဝေဖန်ရေးဆရာတွေက ချီးကျူးဂုဏ်ပြုကြတယ်။

ထာဝရအလင်းတန်းများဆိုတဲ့ ဒီနှစ်မြန်မာပြည်ကနေ အကယ်ဒမီတွေအများကြီးပေးလိုက်တဲ့ ဇာတ်ကား မှာ ဇောင်ဒီနေရာက သရုပ်ဆောင်တယ်လို့ ထင်ရတဲ့ မယ်လိုဒီ ဘယ်လောက်ကောင်းလို့ အကယ်ဒမီရတယ် မသိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီကားကို မကြည့်ဘူးလို့ပါ။ ဒါရိုက်တာကလည်း သူ ဒီကားရိုက်ဖို့ ၁၅ နှစ်လောက် ကြိုးပမ်းခဲ့ရတယ်လို့ ပြောသံကြားလိုက်ရတယ်။ ၂၀၀၀ ပြည့်နှစ်ကမှ တရုတ်ကားက ထွက်တာဆို တော့ The Road Home က ၁၂ နှစ်လောက်ပဲ ရှိသေးတာ။ ဒါဆိုရင် မြန်မာဒါရိုက်တာက စောတာပေါ့။ သူ့စိတ် ကူးနဲ့ ဇာတ်လမ်းကို တရုတ်ဒါရိုက်တာနဲ့ စာရေးဆရာ ခိုးသွားတာလားေ၀၀ါး ထွေပြား စိတ်လေသွားမိတာ တော့အမှန်ပဲ။

ကျွန်တော် မြန်မာကား ထာဝရအလင်းတန်းကို မကြည့်ဖူးပါဘူး။ Facebook ပေါ်က comment တွေလိုက်ဖတ်ပြီး The Road Home ကို ပြန်လည် ခံစားကြည့်လိုက်တာဖြစ်ပါတယ်။ ကြည့်ဖူးသူတွေ မြန်မာကားနဲ့ တရုတ်ကားကို နှိုင်းယှဉ်ကြပေါ့ဗျာ။


မောင်ခေတ်
မောက္ခ

No comments:

Post a Comment

My Blog List