ဟော်မုန်းသည်ခန္ဓာကိုယ်တစ်ခုလုံးနှင့်သက်ဆိုင်သောကိုယ်အင်္ဂါအစိတ် အပိုင်းများ၊ကိုယ်တွင်းကလီစာတို့၏ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ထားခြင်းကြောင့်ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်ဟော်မုန်းနှင့် သက်ဆိုင်သော ရောဂါများဖြစ်ပွားနိုင်ကြောင်းပညာရှင်များထံက သိရသည်။
မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဟော်မုန်းရောဂါများအထူးကုဌာန၌ လက်ရှိတွင် တက်ရာက်ကုသ သူ(၃၀)၀န်းကျင်ရှိပြီးလူ့ခန္ဓာကိုယ်မှဟော်မုန်းမမှန်ကန်မူကြောင့်ဖြစ်ပွားတတ်သောရောဂါများအားကုသနိုင်ရန်အတွက် ရန်ကုန်၊မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဟော်မုန်း ရောဂါများအထူးကုဌာနကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါအထူးကုဌာနဖွင့်လှစ်နိုင်ရန်အတွက်၁၉၉၇ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၂၀၁၂ခုနှစ်ဒီဇင်ဘာ(၁၁)ရက်နေ့၌ မြောက်ဥက္ကလာပဆေးရုံကြီး၊
သီတာဆောင်တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။"မြန်မာနိုင်ငံဆေးပညာလောကမှာသမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။မြန်မာပြည်မှာဖွင့်ဖို့ကြိုးစားတာ၁၉၉၇ကတည်းကပါ၊ ကိုရီးယားကပြန်လာပြီးကတည်းကတောက်လျှောက်ကြိုးစားခဲ့တဲ့အတွက်ကြောင့်Endocrinologyဆိုတဲ့ဘာသာရပ် ကိုမြန်မာနိုင်ငံမှာပိုပြီးတော့စည်ပင်ဖွံဖြိုးတိုးတက်အောင်တစိုက်မတ်မတ်ကြိုးစားခဲ့ပါတယ်ဟု”ဆေးတက္ကသိုလ် (၂)ပါမောက္ခချုပ်ဒေါက်တာတင့်ဆွေလတ်က ပြောသည်။
ဟော်မုန်းမမှန်ကန်ခြင်းများကြောင့် သွေးချို၊ ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမူ မမှန်ကန်ခြင်း၊ ကြီးကောင်ဝင်မှု မမှန်ခြင်းနှင့် အမျိုးသား/ အမျိုးသမီးများတွင် ဟော်မုန် မမှန် ခြင်းများကြောင့် ပန်းသေ ပန်းညှိုးခြင်း၊ ဓမ္မတာ မမှန်ခြင်း/မလာခြင်း စသည့် ရောဂါများဖြစ်ပွားနိုင် ကြောင်း ဆရာဝန်ကြီးများ၏ ပြောပြချက်အရ သိရှိရသည်။ “Endocrinologyကြောင့်အရိုးပါး အရိုးပွရောဂါ၊ လည်ပင်းကြီးရောဂါ လည်းဖြစ်တတယ်။လည်ပင်းကြီးရောဂါဆိုရင် လည်းဟော်မုန်းတွေနည်းတဲ့အတွက်
ဥာဏ်ရည်ဥာဏ်သွေးမမှီတာတွေပန်းသေပန်းညှိုးတာတွေဆက်စပ်ပြီးဖြစ်တက်တယ်။”ဟု ဆေးတက္ကသိုလ်(၂) တွဲဖက်ပါမောက္ခဒေါက်တာကိုကိုက ပြောသည်။
ဟော်မုန်းများနှင့်သက်ဆိုင်သောရောဂါများလေ့လာသည့်ပညာရပ်ကိုဟော်မုန်းဗေဒဟုခေါ်ဆိုပြီးအထူးကုဌာနနှင့်ရောဂါများအတွက်အသိပညာပေး
ရှင်းလင်းဟောပြောပွဲအား(၂၀၁၃)ခုနှစ်၊ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
သန့်ဇင်ဝင်း(မြစ်မခ)
Myit Makha Mediagroup

No comments:
Post a Comment