Thursday, January 03, 2013

မြ၀တီမြို့တွင် နှစ်သစ်ကူးည မီးရှူးမီးပန်း ဗြောက်အိုးများ ပစ်ဖောက်သံနှင့် အတူ ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

Photo: မြ၀တီမြို့တွင် နှစ်သစ်ကူးည မီးရှူးမီးပန်း ဗြောက်အိုးများ ပစ်ဖောက်သံနှင့်
အတူ ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

Thursday, January 03, 2013
မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်တွင် ဒီဇင်ဘာလ၃၁ရက်နေ့ ည၁၂ နာရီ ၀န်းကျင်က မီးရှူး မီးပန်း ဗြောက်အိုးများ ပစ်ဖောက်ကာ ပျော်ရွှင်စွာဖြင့်
နှစ်သစ်ကို ကြိုဆိုခဲ့ကြသော်လည်း ယင်းဗြောက်အိုးပေါက်သံများနှင့်အတူ ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ကာ အမျိုးသမီးငယ်
တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်၊ ရတနာပုံလမ်း အိမ်အမှတ်(၄၆) တွင်
နေထိုင်သည့် ဦးကျော်ဝင်း၏သမီး မမျိုးပပ၀င်း (၂၂)နှစ်သည့် ဒီဇင်ဘာ ၃၁ ရက် ညတွင် မိသားစုနှင့်အတူ TV ကြည့်နေစဉ် ည၁၁နာရီ ၄၅မိနစ်အချိန် အိမ်သွပ်ခေါင်မိုးကို ဖောက်ထွင်းကျလာသည့် ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ပြီး ညာလက်မောင်း အရိုးကျိုး
သွားကြောင်း မြ၀တီဆေးရုံကြီးမှ တစ်ဆင့် မဲဆောက် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူလျက်ရှိကာ စတီးရိုးထည့်ထားရကြောင်း သိရသည်။

''မှန်တာတောင် မသိလိုက်ဘူး။ ပူခနဲ ဖြစ်သွားတာတဲ့။ သွေးတွေထွက်
လာလို့ ကြည့်လိုက်တော့မှ ပေါက်နေတယ်။ ဒီတော့မှ ဆေးရုံကို ပြေးကြ
တာပါ''ဟု မမျိုးပပ၀င်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အလားတူ အမှတ်(၂)ရပ်ကွက် ပတ္တမြားလမ်း ဦးမြအောင် ခြံအတွင်း
နေထိုင်သူ ဦးမြသောင်း (၅၇)နှစ် ဆိုသူသည် နေအိမ်အောက်မှ အိမ်ပေါ်သို့ လှမ်းတက်စဉ် ည၁၁နာရီ ၃၀မိနစ်အချိန် ညာဖက်လက်မောင်း ကျည်ထိမှန်
သွားကြောင်း သိရသည်။

''သံတုတ်နဲ့ ရိုက်လိုက်သလို၊ မီးကြိုးပြတ်ပြီး ရှော့ဖြစ်သွားသလို ပူသွားသလို ခံစားရတယ်။ငွေကြေးကလည်း မတတ်နိုင်တော့ ဆေးရုံဆေးခန်းကို မသွားဘဲ လက်မောင်းကို အ၀တ်စည်းပြီး တစ်ညနေလိုက်တယ်။ မနက်မိုးလင်းမှ မယ်တော် ဆေးခန်းကို သွားပြတာပါ။ လက်က တအားရောင်ကိုင်းနေတော့ မခွဲပေးလိုက်ပါဘူး။ ကျည်ဆန်က အထဲမှာ
ရှိနေတယ်။ အရောင်လျော့ရင် ခွဲထုတ်မယ်လို့ ပြောပါတယ်''ဟု နှစ်သစ်ကူး
ညက ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ခံရသူ ဦးမြသောင်း က
ပြောကြားခဲ့သည်။

မြ၀တီမြို့တွင် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ဒဏ်ရာအနာတရ ဖြစ်ရခြင်း
အတွက် ဒေသတွင်း လုံခြုံမှု ရတက်မအေးဖြစ်နေရကြောင်း မြ၀တီမြို့နေ
သူများက ပြောကြားသည်။

eleven media group
မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်တွင် ဒီဇင်ဘာလ၃၁ရက်နေ့ ည၁၂ နာရီ ၀န်းကျင်က မီးရှူး မီးပန်း ဗြောက်အိုးများ ပစ်ဖောက်ကာ ပျော်ရွှင်စွာဖြင့်နှစ်သစ်ကို ကြိုဆိုခဲ့ကြသော်လည်း ယင်းဗြောက် အိုးပေါက်သံများနှင့်အတူ ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။
မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်၊ ရတနာပုံလမ်း အိမ်အမှတ်(၄၆) တွင်နေထိုင်သည့် ဦးကျော်ဝင်း၏သမီး မမျိုးပပ၀င်း (၂၂)နှစ်သည့် ဒီဇင်ဘာ ၃၁ ရက် ညတွင် မိသားစုနှင့်အတူ TV ကြည့်နေစဉ် ည၁၁နာရီ ၄၅မိနစ်အချိန် အိမ်သွပ်ခေါင်မိုးကို ဖောက်ထွင်းကျလာသည့် ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ပြီး ညာလက်မောင်း အရိုးကျိုးသွားကြောင်း မြ၀တီဆေးရုံကြီးမှ တစ်ဆင့် မဲဆောက် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူလျက်ရှိကာ စတီးရိုးထည့်ထားရကြောင်း သိရသည်။

''မှန်တာတောင်မသိလိုက်ဘူး။ပူခနဲ ဖြစ်သွားတာတဲ့။ သွေးတွေထွက်လာလို့ ကြည့်လိုက်တော့မှ ပေါက်နေတယ်။ ဒီတော့မှ ဆေးရုံကို ပြေးကြတာပါ''ဟု မမျိုးပပ၀င်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အလားတူ အမှတ်(၂)ရပ်ကွက် ပတ္တမြားလမ်း ဦးမြအောင် ခြံအတွင်းနေထိုင်သူ ဦးမြသောင်း (၅၇)နှစ် ဆိုသူသည် နေအိမ်အောက်မှ အိမ်ပေါ်သို့ လှမ်းတက်စဉ် ည၁၁နာရီ ၃၀မိနစ်အချိန် ညာဖက်လက်မောင်း ကျည်ထိမှန်သွားကြောင်း သိရသည်။

''သံတုတ်နဲ့ ရိုက်လိုက်သလို၊ မီးကြိုးပြတ်ပြီး ရှော့ဖြစ်သွားသလို ပူသွားသလို ခံစားရတယ် ။ငွေကြေးက လည်း မတတ်နိုင်တော့ ဆေးရုံဆေးခန်းကို မသွားဘဲ လက်မောင်းကို အ၀တ်စည်းပြီး တစ်ညနေ လိုက်တယ်။ မနက်မိုးလင်းမှ မယ်တော် ဆေးခန်းကို သွားပြတာပါ။ လက်က တအားရောင်ကိုင်းနေတော့ မခွဲပေးလိုက်ပါဘူး။ ကျည်ဆန်က အထဲမှာရှိနေတယ်။ အရောင်လျော့ရင် ခွဲထုတ်မယ်လို့ ပြော ပါတယ်''ဟု နှစ်သစ်ကူးညက ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ခံရသူ ဦးမြသောင်း ကပြောကြား ခဲ့သည်။ မြ၀တီမြို့တွင် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ဒဏ်ရာအနာတရ ဖြစ်ရခြင်းအတွက် ဒေသတွင်း လုံခြုံမှု ရတက်မအေးဖြစ်နေရကြောင်း မြ၀တီမြို့နေသူများက ပြောကြားသည်။

eleven media group

No comments:

Post a Comment

My Blog List