ကေအိုင်အို
ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့
အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက်
ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့စောင့် ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ်မတော် တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက်ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။

No comments:
Post a Comment