တရုတ်ပြည် အန်ဟွေးနယ်မှ ကျောင်းသားတစ်ဦးသည်အန်ဟွေး ဆေးတက္ကသိုလ်စာကြည့်တိုက် အတွင်း၌ ပုဆိန်ဖြင့်ခုတ်သတ်ခြင်း ခံလိုက်ရကြောင်း သတင်းရရှိသည်။ ပုဆိန်ဖြင့် ခုတ်သတ်ခံရသည့် ကျောင်းသား၏ အမည်မှာ တန်ဖြစ်ပြီး အသက် ၂၃ နှစ်ရှိပြီဖြစ်သည်။ သူသည် ဇီဝဆေးသိပ္ပံတန်းကို
တက်ရောက်သင်ကြားနေ သည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ ဟီဖေးမြို့မှ ကျောင်း
လာတက်သူတစ်ယောက်ဖြစ်ကြောင်း၊ သူ့ကို နံနက် ၇ နာရီ ၄၅ မိနစ်ခတ်တွင် သတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
အန်ဟွေးဆေးတက္ကသိုလ်စာကြည့်တိုက်သည် ၆ ထပ်တွင်ရှိပြီး ထိုအခန်းတွင်သတ်ဖြတ်ခြင်းခံထားရသည်ဟု လုံခြုံရေးတစ်ဦးက ပြောကြားသည်။ တန်ကို လည်ပင်းတွင် ခုတ်ထားကြောင်း၊ ပုဆိန်ဖြင့် ခုတ်သူမှာ ဟူ ဖြစ်ပြီး အသက် ၂၃ နှစ်ရှိပြီဖြစ်ကြောင်း၊ ထိုတက္ကသိုလ်တွင်ပင်ဟူလည်းဆေးဝါးသင်တန်းတွင် တက်နေသူဖြစ် ကြောင်း၊ မည်သည့်အကြောင်းကြောင့် သတ်ခြင်းကိုမူမသိရကြောင်း မျက်မြင်သက်သေများကပြောကြား သည်။ ဟူ ကို ရဲများက စစ်ဆေးရန် ထိန်းသိမ်းထားသည်။
မောက္ခ

No comments:
Post a Comment