Thursday, January 03, 2013

(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်

Photo: (၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်  
Wednesday, 02 January 2013 

(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့က မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်ခဲ့သည်။

Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံမှ Mr. Peter Blaser ဦးဆောင်ကာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားသားအဖွဲ့ဝင် ၂၈ ဦးတို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၂၃၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် အင်းလေး၊ ညောင်ရွှေနှင့် ရွှေညောင်အနီးတစ်ဝိုက်တွင် မီးပုံပျံစီးနင်းပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်မန္တလေးမှာ စုစုပေါင်း သုံးကြိမ်ပျံသန်းစီးခဲ့တယ်။ ပထမနှစ်ကြိမ်က ဦးပိန်တံတားကနေ မနက်ပိုင်းမှာ စပြီးပျံတယ်။ အမရပူရတစ်ဝိုက်မှာ ၀ဲပြီးတော့ ကန်ပတ်လမ်းမှာ ဆင်းတယ်။ နောက်ဆုံးအကြိမ်က စွမ်းဟိုတယ်ကနေ ညနေပိုင်းတက်ပြီး မန္တလေးတောင်မြောက်ဘက်
တစ်ဝိုက်မှာ ဆင်းတယ်။ ဒီနှစ်လေကြောင်းက စိတ်ကြိုက်မတွေ့တာနဲ့ စစ်ကိုင်းဘက်ကို မဆင်းနိုင်ခဲ့ဘူး။ မီးပုံးပျံပျံသန်းရာမှာ ပိုပြီး
ဆွဲဆောင်မှုရှိဖို့အတွက် လေထီးခုန်သမားနှစ်ဦးလည်း ပါတယ်။ အင်းလေးမှာတော့ ခုန်ဖြစ်ခဲ့တယ်။ မန္တလေးမှာက ရာသီဥတုအခြေအနေရ မခုန်ဖြစ်ခဲ့ဘူး” ဟု Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင့်နောင်က ပြောကြားပါသည်။

အဆိုပါ မီးပုံးပျံအဖွဲ့အသုံးပြုသည့် မီးပုံပျံတစ်လုံးချင်း၏ အရွယ်
အစားမှာ ၂၀၀၀ မှ ၃၀၀၀ ကုဗမီတာရှိပြီး အလေးချိန်မှာ ၃၀၀ ကီလိုဂရမ်
ရှိကြောင်း၊ မြေပြင်မှ အများဆုံးအမြင့်ပေ ၃၀၀၀ ပျံသန်းစီးနင်းခဲ့ကြောင်း သိရသည်။

“မီးပုံးပျံတွေက အမြင့်ကိုပျံနိုင်သလို အောက်ဆိုရင်လည်း ၂၊ ၃ ပေလောက် အကွာအဝေးမှာတင် ရှပ်ပျံလို့ရတယ်။ အင်းလေးတုန်းက ရေပြင်နဲ့ကပ်ပြီး အင်းသူ၊ အင်းသားတွေရဲ့ လူနေမှုဘ၀တွေကို အနီးကပ်မှတ်တမ်းတင်
ဓာတ်ပုံတွေ ရိုက်ကြတယ်။ အပေါ်စီးကနေ ရှုခင်းတွေကြည့်တယ်။ စိတ်ဝင်စားစရာ တစ်ခုခုတွေ့ရင် အောက်ကိုဆင်းပြီး အနီးကပ်
လေ့လာကြတယ်၊ မီးပုံးပျံကတော့ လေကြောင်းအတိုင်းပဲ သွားလို့ရတယ်။ မီးပုံးပျံတစ်လုံးစီမှာ အနိမ့်အမြင့်ထိန်းချုပ်တဲ့ ပိုင်းလော့တစ်ယောက်စီ ပါတယ်” ဟု Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ
လီမိတက်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းကဲ့သို့ မီးပုံးပျံစီးနင်းပျံသန်းခြင်းများကို ၁၉၉၈ ခုနှစ်မှစတင်၍ ယခုနှစ်တွင် (၁၅) ကြိမ်မြောက်အဖြစ် အင်းလေး၊ မန္တလေး၊ ပုဂံနှင့်
မကွေးဒေသများသို့ သွားရောက်ကာ မီးပုံးပျံစီးနင်းပျံသန်းခြင်းများ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့က မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှု များ ဆောင်ရွက် ခဲ့သည်။

Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံမှ Mr. Peter Blaser ဦးဆောင်ကာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားသားအဖွဲ့ဝင် ၂၈ ဦးတို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၂၃၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် အင်းလေး၊ ညောင်ရွှေနှင့် ရွှေညောင်အနီး တစ်ဝိုက်တွင် မီးပုံပျံစီးနင်းပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဒီနှစ်မန္တလေးမှာ စုစုပေါင်း သုံးကြိမ်ပျံသန်းစီးခဲ့တယ်။ ပထမနှစ်ကြိမ်က ဦးပိန်တံတားကနေ မနက်ပိုင်းမှာ စပြီးပျံတယ်။ အမရပူရတစ်ဝိုက်မှာ ၀ဲပြီးတော့ ကန်ပတ်လမ်းမှာ ဆင်းတယ်။ နောက်ဆုံးအကြိမ်က စွမ်းဟိုတယ်ကနေ ညနေပိုင်းတက်ပြီး မန္တလေးတောင်မြောက်ဘက်တစ်ဝိုက်မှာ ဆင်းတယ်။ ဒီနှစ်လေကြောင်းက စိတ်ကြိုက်မတွေ့တာနဲ့ စစ်ကိုင်းဘက်ကို မဆင်းနိုင်ခဲ့ဘူး။ မီးပုံးပျံပျံသန်းရာမှာ ပိုပြီး
ဆွဲဆောင်မှုရှိဖို့အတွက် လေထီးခုန်သမားနှစ်ဦးလည်း ပါတယ်။ အင်းလေးမှာတော့ ခုန်ဖြစ်ခဲ့တယ်။ မန္တလေးမှာက ရာသီဥတုအခြေအနေရ မခုန်ဖြစ်ခဲ့ဘူး” ဟု Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင့်နောင်က ပြောကြားပါသည်။

အဆိုပါ မီးပုံးပျံအဖွဲ့အသုံးပြုသည့် မီးပုံပျံတစ်လုံးချင်း၏ အရွယ်အစားမှာ ၂၀၀၀ မှ ၃၀၀၀ ကုဗမီတာရှိပြီး အလေးချိန်မှာ ၃၀၀ ကီလိုဂရမ်ရှိကြောင်း၊ မြေပြင်မှ အများဆုံးအမြင့်ပေ ၃၀၀၀ ပျံသန်းစီးနင်းခဲ့ကြောင်း သိရသည်။ “မီးပုံးပျံတွေက အမြင့်ကိုပျံနိုင်သလို အောက်ဆိုရင်လည်း ၂၊ ၃ ပေလောက် အကွာအဝေးမှာတင် ရှပ်ပျံလို့ရတယ်။ အင်းလေးတုန်းက ရေပြင်နဲ့ကပ်ပြီး အင်းသူ၊ အင်းသားတွေရဲ့ လူနေမှုဘ၀တွေကို အနီးကပ်မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်ကြတယ်။ အပေါ်စီးကနေ ရှုခင်းတွေကြည့်တယ်။ စိတ်ဝင်စားစရာ တစ်ခုခုတွေ့ရင် အောက်ကိုဆင်းပြီး အနီးကပ်လေ့လာကြတယ်၊ မီးပုံးပျံကတော့ လေကြောင်းအတိုင်းပဲ သွားလို့ရတယ်။ မီးပုံးပျံတစ်လုံးစီမှာ အနိမ့်အမြင့်ထိန်းချုပ်တဲ့ ပိုင်းလော့တစ်ယောက်စီ ပါတယ်” ဟု Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ
လီမိတက်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းကဲ့သို့ မီးပုံးပျံစီးနင်းပျံသန်းခြင်းများကို ၁၉၉၈ ခုနှစ်မှစတင်၍ ယခုနှစ်တွင် (၁၅) ကြိမ်မြောက်အဖြစ် အင်းလေး၊ မန္တလေး၊ ပုဂံနှင့်မကွေးဒေသများသို့ သွားရောက်ကာ မီးပုံးပျံစီးနင်းပျံသန်းခြင်းများဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List