Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, February 05, 2020

ဆော်ဒီမှာ ကူးစက်မြန် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားနေ

Image may contain: one or more people
တရုတ်ရဲ့ လူသတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ကမ္ဘာတဝန်း အသည်းအသန်ကြိုးပမ်းနေရစဉ် ဆော်ဒီအာရေဗျနိုင်ငံမှာ ကူးစက်မြန် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့တိရိစ္ဆာန်ကျန်မားရေးအဖွဲ့ (OIE) က သတိပေးလိုက်ပါတယ်။

Wednesday, January 29, 2020

ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများလာပြပါက သက်မှတ်ထားသော ဆေးရုံများထံ ချက်ချင်း သတင်းပေးပို့ရန်ညွှန်ကြားထား

Image may contain: 1 person, standing
ပုဂ္ဂိက ဆေးရုံဆေးခန်းများသို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ သံသယလူနာများ လာပြပါက သက် မှတ်ထားသည့် ဆေးရုံများထံ ချက်ချင်းသတင်းပေးပို့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မြင့်ထွေးက ပြောသည်။

Friday, January 24, 2020

နှာ‌ခေါင်းစည်း ခရီးသည်တွေနဲ့ မန္တလေးလေဆိပ် မြင်ကွင်း

Image may contain: one or more people and people standingImage may contain: 1 person, standing and indoor

မန္တလေးလေဆိပ်မှာ နှာ‌ခေါင်းစည်းထားတဲ့ ခရီးသည်တွေကို ဒီနေ့လယ်ခင်းက တွေ့ရတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသော နိုင်ငံများ

Image may contain: one or more people and screenImage may contain: 1 person, standing, child and outdoor
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရဲ့ ဈေးတစ်ဈေးကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ စတင် ပျံ့နှံ့ကူးစက်လာ သော ကိုရိုနာဗိုင်းစ်ပိုးကြောင့် ဝူဟန်မြို့မှာ လူပေါင်း ၁၈ ဦးအထိ သေဆုံးကြောင်းသိရပါတယ်။ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး အနေနဲ့ သေဆုံးသူ ၂၅ ဦး နဲ့ ကူးစက်ခံရသူ ၈၃၀ ရှိကြောင်း ဇန်နဝါရီ ၂၄ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဝူဟန် အဆုတ်ရောင်ရောဂါသစ်ကြောင့် တရုတ်မှာ လူ ၈၀၀ ခန့် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၅ ဦးထိရှိနေပြီဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်က အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပေမယ့် ခဏအကြာမှာ ပြန်လည်ရုတ်သိမ်း

Image may contain: one or more people and people standingImage may contain: one or more people and people standing
ဝူဟန်အဆုတ်ရောင်ရောဂါသစ်ကြောင့် တရုတ်နိုင်ငံမှာ ယနေ့အထိ လူ ၈၀၀ ကျော် ကူးစက်ခံထားရပြီဖြစ်ပြီး ၂၅ ဦးကတော့ ဒီရောဂါကြောင့်ပဲ သေဆုံးခဲ့ကြောင်း တရုတ်အစိုးရက ယနေ့ သောကြာနေ့မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။

Monday, September 16, 2019

အစားအသောက်ထုပ်ပိုးရာတွင် ပလတ်စတစ် အသုံးမပြုစေရန် ပလတ်စတစ်ဆိုင်ရာ ဥပဒေထုတ်ပြန်ရမည်ဟုဆို




အစားအသောက်များ ထုပ်ပိုးရာတွင် ပလတ်စတစ်များ အသုံးမပြုစေနိုင်ရန်အတွက် ပလတ်စတစ်ဆိုင်ရာ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေး စိန်က ပြောသည်။

Monday, September 02, 2019

ချင်းပြည်နယ်တွင် H1N1 ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိ


ချင်းပြည်နယ်တွင် ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၁၀၆ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Thursday, December 18, 2014

မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေ


Photo: မီးဖွားပြီး ၂ မိနစ်ကြာမှ ကလေးချက်ကြိုးဖြတ်ပေးခြင်းဟာ ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေ
Thursday, December 18, 2014

သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

အတိအကျဆိုရရင် ချက်ကြိုးကို နောက်ကျမှဖြတ်ပေးခြင်းမှာ ကလေးတွေကို ရောဂါခုခံနိုင်စွမ်း ပိုမိုအစွမ်းထက်စေပြီး ရောဂါဖြစ်နိုင်ချေ ပိုမိုလျော့နည်းစေကြောင်း စပိန်နိုင်ငံ Granada တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ရဲ့ပြောဆိုချက်အရ သိရပါတယ်။

Granada က San Cecilio Clinical Hospital ဆေးရုံသို့ မီးဖွားဖို့ ဆေးရုံရောက်လာကြတဲ့ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်သည်အမျိုးသမီး ၆၄ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့အားလုံးတွေမှာ ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ကြဖူးကြပြီး အလိုအလျောက် သဘာဝအရ မီးဖွားခဲ့ဖူးသူတွေဖြစ်ကြပါတယ်။

၃၂ ဦးပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့မှာ တစ်ခုတည်းသော မတူညီသောအချက်က မွေးပြီး ၁၀ စက္ကန့်မှာ ချက်ကြိုးတွေကို ဖြတ်ပေးပါတယ်။ နောက်တစ်နည်းမှာ  ၂ မိနစ်ကြာပြီးမှ ဖြတ်ခိုင်းခြင်းဖြစ်ပါတယ်။

ချက်ကြိုးဖြတ်ခြင်းမှာ ရောဂါခုခံနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီး မီးဖွားနေစဉ်အတောအတွင်း ရောဂါခုခံနှုန်းရဲ့ အားနည်းမှုကိုလည်း လျော့ချပေးပါတယ်။ နောက်ပြီး မွေးဖွားပြီး ပထမရက်တွေမှာ မွေးကင်းစကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားကြောင်း သိပ္ပံပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။ 

Source: metro.co.uk
Trend Myanmar

သင့်မွေးကင်းစကလေး ရောဂါခုခံနိုင်စွမ်း ပိုမြင့်စေချင်တယ်၊ ရောဂါခုခံအား ချိနဲ့ခြင်းကို လျော့နည်းစေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

တစ်ခုတည်းသော လုပ်ရမယ့်အချက်က ချက်ကြိုးဖြတ်ရမယ့်အချိန်ကို ခဏစောင့်ပေးဖို့ပဲဖြစ်ပါတယ်။

Thursday, April 03, 2014

အလွယ်ကူဆုံး ဝိတ်ချနည်းများ

အလွယ်ကူဆုံး ဝိတ်ချနည်းများခန္ဓာကိုယ် အလေးချိန် ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ

ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ်အ လေးအချိန်ကို ထိန်းရာရောက်စေပါ တယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ်ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှုပုံစံလိုအပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေထိုင်မှုဖြစ်ဖို့လေ့လာကြည့်ပါ။

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူများပြော

Thursday, April 3, 2014
စမတ်ဖုန်း အလွန်အကျွံအသုံးပြုသူများသည် မျက်စိထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။ ကွန်ပျူတာများ၊ Tablets, Flat Screen တီဗွီများကဲ့သို့သော အခြားပစ္စည်းကိရိယာများနှင့် စမတ်ဖုန်းများကို အလွန်အကျွံသုံးခြင်းသည် ကာလရှည် မျက်စိပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူ များက သတိပေးပြောကြားသည်။
တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။  အပြာရောင် ခရမ်းလွန် အလင်းရောင်သည် မျက်စိကို အဆိပ်အတောက် အန္တရာယ်များ ဖြစ်ပေါ်နိုင်ဖွယ်ရှိ ကြောင်း မျက်မှန်ကျွမ်းကျင်သူ အန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။
“စမတ်ဖုန်းများကို အလွန်အကျွံ အသုံးပြုပါက မျက်လုံးများကို ပျက်စီးနိုင်ဖွယ်ရှိပါတယ်။ အသုံးပြုသူများ အနေဖြင့် စမတ်ဖုန်းကိုကြည့်နေစဉ် ဖုန်းမှ အပြာရောင် ခရမ်းလွန်အလင်းရောင်များ ထွက်ပေါ်လာပါ တယ်”ဟု ဘန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။

Monday, March 31, 2014

သင်္ကြန်ကာလ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း လျော့ကျမည်


Monday, March 31, 2014 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြင့်တက်ခဲ့သော ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းသည် သင်္ကြန်ကာလတွင် လျော့ကျမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ဧပြီပထမအပတ်အတွင်း နေ့အပူချိန်တိုးလာနိုင်သည်ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးချစ်ကျော်က မဇ္ဈိမကို ပြောသည်။ 
“သင်္ကြန်ကာလဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းက လျော့ကျနေပါပြီ။ ၁၁ လောက်ပဲရှိမယ်” ဟု ပြောသည်။ 
ပြင်းထန်သည့်အပူဒဏ်ခံစားရနိုင်သော ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း (UV Index) သည် မတ်လ ၃၀ ရက်တွင် ၁၂ ဒသမ ၁ ရှိနေပြီး နောက်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ တိုးမလာဘဲ လျော့ ကျမည်ဟု ဆိုသည်။ 
နေ့အပူချိန်များအရ လက်ရှိ ရန်ကုန်တွင် ၄၀ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ရှိသည်။ 

Thursday, January 16, 2014

TV အလွန်အကျွံ ကြည့်ခြင်းက ကလေးများ၏ ဦးနှောက်စွမ်းရည်ကို ထိခိုက်စေနိုင်




ကလေးများအနေဖြင့် TVရှေ့တွင် အလွန်အကျွံ အချိန်ကုန်နေပါက ၎င်းတို့၏ ဦးနှောက် တည်ဆောက်ဖွဲ့စည်းပုံကို ထိခိုက် သက်ရောက်မှုများ ရှိလာစေနိုင်ကြောင်း သုတေသီများက ယုံကြည်ထားသည်။

ကလေးငယ်များကို TV အလွန်အကျွံ ကြည့်ရှုခွင့် ပေးခြင်းသည် ၎င်းတို့၏ ဦးနှောက်၏ စွမ်းဆောင်ရည် အပိုင်းတွင် ယိုယွင်း ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သည့် လမ်းစမျိုးဟု သုတေသီများက သတိပေး ပြောကြားလိုက်သည်။ ကလေးများ အနေဖြင့် TVရှေ့တွင် အလွန်အကျွံ အချိန်ကုန်နေပါက ၎င်းတို့၏ ဦးနှောက် တည်ဆောက်ဖွဲ့စည်းပုံကို ထိခိုက်သက်ရောက်မှုများ ရှိလာစေနိုင်ကြောင်း သုတေသီများက ယုံကြည်ထားသည်။ သုတေသန လေ့လာမှု လုပ်ငန်းစဉ် တစ်ခုက ကလေးများ အနေဖြင့် TVအလွန်အကျွံ ကြည့်ရှုခြင်းကြောင့် ဦးနှောက်၏ ပုံမှန် လုပ်ငန်းစဉ်များတွင် လွဲချော် မှားယွင်းမှုများ သက်ရောက်လာတတ်သည်ကို ဖော်ထုတ် တွေ့ရှိစေခဲ့သည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် ယင်းသုတေသန လုပ်ငန်းတွင် အသက်(၅)နှစ်မှ (၁၈)နှစ်ကြား ကလေးငယ် (၂၇၆)ဦးကို လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။

အလှအပကို ထိန်းသိမ်းပေးမယ့်သဘာဝ နည်းလမ်းများ




အလှအပကို ထိန်းသိမ်းမယ်ဆိုရင် သဘာဝနည်းလမ်းက ထိရောက်မှုလည်းရှိ၊ စိတ်လည်း ချရပါတယ်။ ဒါကြောင့် သဘာဝတရားထဲက အရာတွေဟာ ကျွန်မတို့ အတွက် အလှအပကို ပေးနိုင်တဲ့ အရာ တစ်နည်း အားဖြင့် Passports to Your Beauty ကိုပေါ့။ ဒီ Passport တွေက သင့်အနီးမှာ အများကြီး ရှိနိုင်ပါတယ်။ ဘာတွေဖြစ်မလဲ၊ ဘယ် Passport ကိုတော့ ဘယ်လို အလှမျိုးဆီကိုသွားရာမှာ သုံးမလဲ လေ့လာ ရအောင်နော်။

သဲ၊ သကြား၊ ဆား

Monday, January 13, 2014

ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့



ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥ အား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ်တားဆီး ပေးနိုင်ဖွယ်ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ဖို့  တရုတ်အစိုးရ ကြိုးပမ်းလှုပ်ရှားနေ




ဆေးရွက်ကြီးသုံးစွဲမှု ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ အများပြည်သူနှင့်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ဒီနှစ်ကုန်လောက်မှာ ပိတ်ပင်ဖို့ ရည်ရွယ်ထားကြောင်း CNN သတင်းဌာနက တင်ပြခဲ့ပါတယ်။

ကမ္ဘာ့ ဆေးလိပ်သောက်သုံးသူဦးရေရဲ့ သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  အစည်း WHO က ဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တရုတ်နိုင်ငံ အမျိုးသား ဦးရေ ထက်ဝက်ကျော်ဟာ ဆေးလိပ်သောက်သုံးကြတယ်လို့ သိရပါတယ်။

Monday, January 06, 2014

ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ မိတ်ကပ်အပြင်အဆင်



ကိုရီးယားနိုင်ငံက မိတ်ကပ်ပညာရှင်တွေရဲ့ ဖွင့်ဟချက်အရ အမျိုးသားအများစုဟာ fancy smoky make up လိမ်းထားတဲ့ အမျိုးသမီးတွေထက် ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ မိတ်ကပ်လိမ်းတတ်တဲ့ အမျိုးသမီးတွေကိုသာ ပိုသဘောကျလေ့ရှိပါသတဲ့။ မိတ်ကပ်လုံးဝ မလိမ်းတာမျိုး မဟုတ်ဘဲ ပါးပါးလေး ပြင်ဆင်ထားတာမျိုးကို ပြောတာပါ။

Thursday, November 14, 2013

မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့်မစားသင့်)

Thursday, November 14, 2013
အချို့သောလူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။ အချို့ ကျတော့ အဆီကျစေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာထချိန်မှာ မှီဝဲတတ်ကြပါတယ်။

အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့အခါမှ စားသင့်တဲ့ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။

နိုင်ငံတကာမှ ဆေးပညာရှင်သုတေသနအဖွဲ့များက အမျိုးမျိုးအဖြေထုတ် ကြပါတယ်။.

Monday, October 07, 2013

မိမိကလေးကို အိပ်ယာထဲဆီးမသွားအောင် လုပ်နည်း

Monday, October 7, 2013
အိပ်ရာထဲ ဆီးသွားတာက ရောဂါ မဟုတ်ပါဘူး။ ဆီးအိတ်ပြည့်တဲ့ အခါ ကလေးတွေရဲ့ ဦးနှောက်ဆီကို အိပ်ရာကထဖို့ နှိုးဆော်တဲ့ သင်္ကေတ မရောက်ရှိလို့ ဖြစ်ရတာပါ။ ဒါက ကလေးရဲ့ အပြစ်မဟုတ်ပါဘူး ။ လေ့လာမှုတွေအရ ကလေးတွေကို ဆူပှုကြိမ်မောင်းတာ၊ ဝမ်းနည်းအောင် အော်ဟစ်ရိုက်နှက်တာ စတဲ့ အပြုအမှုတွေ လုပ်တဲ့အခါ ညဘက်မှာ အိပ်ရာထ ဆီး သွားတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးတွေ အိပ်ရာထဲ ဆီးမသွားအောင် အောက်ပါတို့ကို ဆောင်ရွက်သင့်ပါတယ်။
အပြစ်မပြောပါနှင့်ကလေးက အိပ်ရာထဲ ဆီးသွားတဲ့ အခါ ဆူပူကြိမ်းမောင်းတာကို မလုပ်ပါနဲ့။ ကလေးကို ခြောက်သွေ့တဲ့ အဝတ်အ စား လဲပေးပြီး ပျော်ပျော်ရွှင်ရွှင် နေခိုင်း ပါ။

ထောပတ်မှို စားသုံးပေးခြင်းက ဗီတာမင်ဒီကို ရရှိစေနိုင်

Monday, October 7, 2013
နေ့စဉ် button mushroom လို့ခေါ်တဲ့ ထောပတ်မှိုကို သုံးလုံးက နေ လေးလုံးစားသုံးပေးခြင်းဟာ လူ တစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို ဖြည့်စွက်ပေး နိုင်တယ်လို့ သြစတြေးလျ သိပ္ပံ ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ဆစ်ဒနီဆေးတက္ကသိုလ်၊ ဇီဝကမ္မ ဗေဒဌာနမှ ပါမောက္ခ Dr. Rebecca Mason နဲ့ အဖွဲ့ဟာ ထောပတ်မှိုဟာ နေမှရတဲ့ ဗီတာမင်ဒီကို အလင်းဖွဲ့ စည်းအစာချက်လုပ်ခြင်းအားဖြင့် သို လှောင်ထားနိုင်ပြီး လူသားတွေရဲ့ ဗီတာမင်ဒီ လိုအပ် ချက်ကွက်လပ်ကို ဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိ ခဲ့ပါတယ်။

Saturday, October 05, 2013

နဂါးမောက်သီး (DRAGON FRUIT)

(ဝစေနိုင်သောကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်)
Photo: နဂါးမောက်သီး (DRAGON FRUIT)
(ဝစေနိုင်သောကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်)

နဂါးမောက်သီး ( Dragon fruit) သည့် သွေးတိုး ရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။

ပင်ကိုယ်အသီး၏အစွမ်းမှာ သွေးအတွင်းရှိသကြားဓာတ်ကို လျော့ချနိုင်စွမ်းရှိသည့်အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု့ ပေးသောအသီးလည်း ဖြစ်ပါသည် ။

အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ဌင်းအသီးကိုစားပေးခြင်းဖြင့်ဝစေနိုင်သောကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။

အသားအရည်ခြောက်နေသူများ၊အသားရည်လှပလိုသူများအတွက် အရည်ရွှမ်းသောအသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။

အရိုးအသွားများကို ခိုင်မာစေသည့်အပြင် ဦးနှောက်မှတ်သားမှု့ ကို အားကောင်းစေပါတယ် ။

သွေးတိုးသမား ၊ ဆီးချိုသမား ၊ နလန်ထ လူမမာများ
စားသုံးသင့်သည်အပြင်အသီးအနှံများစွာထဲ့မှလူနှင့်တည့်သည့်အတွက်စားသုံးသင့်သော နဂါးမောက်သီးပင်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ
နှင်းဆီဖူးလေးများ-Love BUDS 
 နဂါးမောက်သီး( Dragon fruit)သည့် သွေးတိုးရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။ပင်ကိုယ်အသီး၏အစွမ်းမှာ သွေးအတွင်းရှိသကြားဓာတ် ကို လျော့ ချနိုင်စွမ်းရှိသည့်အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု့ ပေးသောအသီးလည်း ဖြစ်ပါသည် ။
အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ဌင်းအသီးကိုစားပေးခြင်းဖြင့်ဝစေနိုင်သောကိုလက် စထရော့ များကို ခြေဖျတ်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။ အသားအရည်ခြောက်နေ သူများ၊ အသားရည်လှပလိုသူများအတွက် အရည်ရွှမ်းသောအသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။
အရိုးအသွားများကို ခိုင်မာစေသည့်အပြင် ဦးနှောက်မှတ်သားမှု့ ကို အားကောင်းစေပါတယ် ။သွေးတိုးသ မား ၊ ဆီးချိုသမား ၊ နလန်ထ လူမမာများစားသုံးသင့်သည်အပြင်အသီးအနှံများ စွာထဲ့မှလူနှင့်တည့်သည့် အတွက်စားသုံးသင့်သော နဂါးမောက်သီးပင်ဖြစ်ပါတော့သည် ။

My Blog List