Friday, June 28, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်၂၅ရက် ၊ ဒေသ စံတော်ချိန် ညနေ ၆နာရီ ၄၅မိနစ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများနှင့် တွေ့ ဆုံသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သံရုံး မိသားစု ဝင်များနှင့် တပ်မတော်မှ ပညာတော်သင် သင်တန်း သားများက ခရီး ဦးကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် သံအမတ်ကြီးနှင့် စစ်သံမှူး ဦးစီး၍ သံရုံး အမှုထမ်းများ ၊ မိသားစုများ ၊ သင်တန်းသားများမှ သံရုံးခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗုဒ္ဓဘာသာ ထုံတမ်း အစဉ်အလာ အရ ကန်တော့ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ စကား ပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ခိုင်မြဲစေရေး၊ ဆက်ဆံရေး ပိုမိုတိုးမြှင့် နိုင်ရေးအတွက် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ ဒီမိုကရေစီ နိုင်ငံအဖြစ် မကူးပြောင်းမီ တပ်မတော် အစိုးရ နိုင်ငံတော် တာဝန်ယူစဉ် ကာလ အခက်အခဲ ၊ အကြပ်အတည်းများ ရှိလာချိန်တွင် ရုရှားနိုင်ငံသည် မိမိနိုင်ငံ ဘက်တွင် ရပ်တည် ပေးခဲ့ကြောင်း ၊ ရုရှား တပ်မတော်မှလည်း မြန်မာ့ တပ်မတော်အတွက် အကူအညီ များစွာ ပေးခဲ့ကြောင်း၊ အတတ်ပညာသည် သုံးစွဲ တတ်ပါ က၊ သုံးစွဲ နိုင်ပါက တစ်သက်လုံး မကုန်ခမ်း နိုင်အောင် သုံးစွဲနိုင်မည် ဖြစ်၍ တပ်မတော်၏ အနာဂတ် မျိုးဆက်များ ဖြစ်သော တပ်မတော်သား ပညာတော် သင်များမှ ကြိုးစားသင်ယူ ဆည်းပူးသွားရန် လိုကြောင်း၊
သင်ကြားတတ်မြောက် လာသည့် ဘာသာရပ် များကိုလည်း လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် လိုကြောင်း၊ တပ်မတော်မှ ဒီမိုကရေစီ လမ်းကြောင်းကို ခင်းပေးခဲ့သည့်အပြင် လမ်းကြောင်း တည်တံ့ ခိုင်မြဲအောင်ပါ ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေခံရရှိပြီး ဒီမိုကရေစီစနစ်ကို ဥပဒေ စည်းကမ်းများ နှင့်အညီ ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်သွား ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက် ရန် တာဝန်ရှိပြီး တိုင်းရင်းသား ပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ် သွားရန်လည်း တာဝန်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် တက်ရောက် ပညာသင်ကြား နေကြသော ပညာတော် သင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ၎င်းနောက် မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် များအတွက် အနွေးထည်၊ အစားအသောက်၊ ရွှေဖီဦး တီးမစ်ထုပ်များ ပေးအပ်ပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး နှင့်ဇနီးတို့ ဂုဏ်ပြုကြိုဆို ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက် သည်။
ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သံရုံး မိသားစုဝင်များ၊ ပညာတော်သင် များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ပြီး သံရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ဒေသစံတော်ချိန် ညနေ ၉ နာရီ ၁၅ မိနစ်တွင် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ ရင်ပြင်နီသို့ ဒေသ စံတော်ချိန် ညနေ ၉ နာရီ ၃ဝ မိနစ်တွင် ရောက်ရှိသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ရင်ပြင်နီ တစ်လျောက်ရှိ လီနင် အထိမ်းအမှတ်ဂူ၊ အညတရ စစ်သည် ဗိမာန်နှင့် အခြား အဆောက်အဦများအား လှည့်လည်ကြည့်ရှုပြီး ဟိုတယ်သို့ ပြန်လည် ရောက်ရှိ ညအိပ် ရပ်နား ခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment