Wednesday, June 26, 2013
ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ် အမှုဆောင်
ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ အစိုးရ ဝန်ကြီးတွေ ပါတီ ဗဟို ကော်မီတီထဲကနေ ယာယီ
နုတ်ထွက် လိုက်တယ်လို့ သိရပါတယ်။
အဲဒီ ဝန်ကြီးတွေထဲမှာ
ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ သမဝါယမ
ဝန်ကြီး ဦးကျော်ဆန်းတို့ ပါပြီး တနင်္လာနေ့က ကျင်းပ ပြီးစီးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီ အစည်းအဝေးမှာ အခုလို ထုတ်ဖေါ်ကြေညာလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က ပါတီ ဥက္ကဌ တာဝန်ကို ပါတီရဲ့ ဝါအရင့်ဆုံး ပုဂ္ဂိုလ်
ဖြစ်တဲ့ သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက
လွှဲပြောင်းပေးခဲ့သလို အစိုးရ ဝန်ကြီးတွေကလည်း ဝန်ကြီးတာဝန်
ထမ်းဆောင်နေသရွေ့ ဗဟိုကော်မီတီဝင်တွေ အဖြစ်ကနေ ယာယီ နုတ်ထွက်ထားဖို့
တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး
ပါတီ ဗဟို ကော်မီတီထဲမှာ အစိုးရ ဝန်ကြီးတွေ ပါနေတာဟာ ဖွဲ့စည်း အုပ်ချုပ်ပုံ
အခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ပြခဲ့အပြီးမှာ အခုလို နုတ်ထွက်ဖို့
ဖြစ်လာတာလို့ ယူဆရကြောင်း ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဗဟို
ကော်မီတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။
အရင်ကလည်း အဲဒီ ဝန်ကြီးတွေအနေနဲ့ တကယ်တမ်းမှာ ပါတီ ဗဟို ကော်မီတီဝင် တာဝန်တွေကို ထမ်းဆောင်တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment