Wednesday, June 26, 2013
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို
ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန်က ဇွန်၂၅ ရက်တွင်
နေပြည်တော်၊ သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌
ပြုလုပ်သော စီမံကိန်းကော်မရှင် အစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းသည်
မိမိတို့အစိုးရ၏ ဦးစားပေးလုပ်ငန်း ဖြစ်သော်လည်း ယနေ့အထိ ထိထိရောက်ရောက်
မလုပ်နိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါး သူများ၏ အဓိက
လိုအပ်ချက်သည် ငွေကြေးအရင်းအနှီး ဖြစ်ပါကြောင်း၊ ငွေကြေးအရင်းအနှီးကို
စနစ်တကျ ထိထိရောက်ရောက် ချေးငှားပေးနိုင်မည်ဆိုလျှင်၊ အလုပ်အကိုင်များ
ဖန်တီးပေးနိုင်မည်ဆိုလျှင် ဆင်းရဲနွမ်းပါးမှု သိသာစွာ
လျော့ကျသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် အမြန်တိုးတက် ပြောင်းလဲမှုကို လိုလားနေကြသည့် ပြည်သူများ အနေဖြင့်
အခြေခံ ပြောင်းလဲတိုးတက်မှုများကို လက်ခံနိုင်စွမ်း မရှိသေးဘဲ အောက်ခြေမှာ
ဒီအတိုင်းဘဲ၊ ဘာမှမထူးသေးဘူးဟူသည့် ဝေဖန်မှုများ ရှိနေကြောင်း၊ ထို့ကြောင့်
ပြည်သူလူထု၏ သဘောထား အမြင်များကို အလေးထားပြီး မိမိတို့ အစိုးရအနေနှင့်
ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ပြင်းပြင်းဖြင့်
တိုးမြှင့်ဆောင်ရွက်ကြရန် လိုကြောင်းလည်း သမ္မတဦးသိန်းစိန်က
ထည့်သွင်းပြောကြားသည်။
မိမိတို့ အစိုးရ အနေဖြင့် ကျန်ရှိသည့် ၃၁
လတာ ကာလအတွင်း ပြည်သူတစ်ဦးချင်း ခံစားနိုင်သည့် ရေ၊ မီး ရရှိရေး၊ သွားလာမှု
အဆင်ပြေရေး၊ ရိက္ခာဖူလုံရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး
စသည့် လူမှုစီးပွားဘ၀ သိသာစွာ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးတာဝန်ယူပြီး
အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း သမ္မတဦးသိန်းစိန်က
ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ အစည်းအဝေး ပထမနေ့တွင် ဒုတိယသမ္မတများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
EMG
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment