Thursday, June 27, 2013
ဂျူဗင်တပ်မှာ မန်စီးတီးတိုက်စစ်မှူး တီဗက်ဇ်ကို ပေါင် ၇.၆သန်းဖြင့်
ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့သည်။ ဆေးစစ်မှုခံယူပြီးလျှင်တီဗက်ဇ်
မှာဂျူဗင်တပ်နှင့် ၃နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး လာမည့်သုံးနှစ်အတွင်း ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ထပ်ဆောင်းပြောင်းရွှေ့ကြေး
များ ရရှိမည့်အပြင် ချန်ပီယံလိဂ်ဖလား ရရှိပါကပေါင် ၂.၅သန်း ထပ်မံ
ရရှိမည်ဟု သိရသည်။တီဗက်ဇ်မှာ မန်စီးတီးတွင် တစ်ပတ်လုပ်ခပေါင် ၁၉၆၀၀၀ ရရှိနေသူဖြစ်ပြီး အပိုဆုကြေးခံစားခွင့် အပါအ၀င်၎င်းအတွက် ပေးချေရမည့် ငွေကြေးမှာ
ပေါင် ၁၇သန်းထိ ရှိနေသည်။ ထို့ကြောင့် လာမည့်ရာသီ အကုန်တွင်
အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရမည့် တီဗက်ဇ်ကို ပေါင်
၇.၆သန်းဖြင့် ရောင်းချခဲ့ခြင်းမှာ မန်စီးတီးအတွက် မှန်ကန်သည်ဟု
သုံးသပ်နေကြသည်။
သို့သော် တီဗက်ဇ်မှာ ပြီးခဲ့သည့်ရာသီက အသင်းအတွက်
ပြိုင်ပွဲစုံ ၁၇ဂိုး သွင်းပေးခဲ့သူဖြစ်ပြီး ၎င်းကို ရောင်းချခဲ့ခြင်းကြောင့်
မန်စီးတီးအနေဖြင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦး ပြန်လည်ခေါ်ယူရမည်ဟု
မိုက်ကယ်အိုဝင်
က မှတ်ချက်ချခဲ့သည်။
တီဗက်ဇ်ကိုခေါ်ယူရန် ဂျူဗင်တပ်နှင့်အပြိုင်အေစီမီလန်မှလည်း စိတ်ဝင်စား
ခဲ့ပြီး ၎င်းတို့အနေဖြင့် ရော်ဘင်ဟိုကို ရောင်းချရာမှ ရရှိသောပိုက်ဆံဖြင့် တီဗက်ဇ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရော်ဘင်ဟို၏ အပြောင်းအရွှေ့အတွက် ဆန်းတို့စ်နှင့် ဆွေးနွေးမှု ကြန့်ကြာခဲ့ခြင်းက တီဗက်ဇ်ကို မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရိုးရာလေး
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment