Thursday, June 27, 2013
၈၈မျိုးဆက်တို့၏ အင်္ဂလန်နိုင်ငံခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ၂၅၊ ၆၊၂၀၁၃
နေ့၊နံနက်၈း၃၀တွင်လန်ဒန်မြို့New Cavendish လမ်းရှိ Asia House ၌
အင်္ဂလန်နိုင်ငံအခြေစိုက် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့
၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော
မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်၊ကိုမြအေး၊ကိုမာကီ၊မမီးမီးနှင့်မနီလာသိန်းတို့
တက်ရောက်ခဲ့ကြပြီး၊Asia House မှ Chief Executive Michael Lawrence,
Director Charlie Humphreys
နှင့်ဘဏ်လုပ်ငန်းရှင်များ၊ဆက်သွယ်ရေးလုပ်ငန်းရှင်များ၊ရေနံနှင့်ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းရှင်များ၊အထည်ချုပ်လုပ်ငန်းရှင်များ
တက်ရောက်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးကာလအတွင်း
စီးပွားရေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စိုးရိမ်ပူပန်မှုများကို
အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ထို့နောက် Asia House
တွင်ပြသနေသော Indian ပန်းချီဆရာ Ribeiro ၏ ပန်းချီကားများကို
ကြည့်ရှုလေ့လာခဲ့ကြသည်။ နံနက် ၁၁း၃၀တွင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန၌
House of Lord ပါလီမန်မှ Member တစ်ဦးဖြစ်သူ Lord Howell နှင့်
သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင်
စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းရခြင်းကိစ္စ၊ မြန်မာနိုင်ငံ၏
လွှတ်တော်တွင်းနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးအခြေအနေများ၊အင်တာနက်ဆက်သွယ်ရေးအခြေအနေများနှင့်
လူ့အခွင့်အရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက်
နေ့လည် ၁၂း၃၀နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ပင် မကြာခင်ကမှ
မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့သော
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် သွားရောက်တွေ့ဆုံ၍
မြန်မာနိုင်ငံနှင့်ဗြိတိသျှနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်
ဆက်ဆံရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
နေ့လည် ၃း၀၀နာရီတွင် ဗြိတိသျှပါလီမန်၏ ဧည့်ခန်းတစ်ခု၌
ကွန်ဆာဗေးတစ်ပါတီနှင့်လေဘာပါတီနှစ်ခုစလုံးမှ ပါလီမန်အမတ်တချို့နှင့်
တွေ့ဆုံခဲ့ကြရာ ၎င်းတို့က ၈၈မျိုးဆက်တို့၏ နိုင်ငံရေးအခန်းကဏ္ဍကို အလေးနက်ထား
မေးမြန်းဆွေးနွေးခဲ့ကြသည်။
ညနေ ၄း၁၅နာရီတွင်
လန်ဒန်မြို့၊ဒေါင်းနင်းလမ်း၊အမှတ်(၁၀)ရှိ
ဝန်ကြီးချုပ်နေအိမ်ရုံးခန်းသို့ရောက်ရှိပြီး Chief of staff ဖြစ်သူ Mr Ed
Llwellyn နှင့် တွေ့ဆုံနှုတ်ဆက်ရင်း လက်ရှိမြန်မာ့နိုင်ငံရေး
အခြေအနေများနှင့် လာမည့်၂၀၁၅ခုနှစ် ရွေးကောက်ပွဲအပေါ် အမြင်များကို
အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
၈၈မျိုးဆက်ခေါင်းဆောင်များသည် အင်္ဂလန်နိုင်ငံခရီးစဉ်ပြီးဆုံးပြီဖြစ်၍ ည
၉း၃၀နာရီလေယာဉ်ဖြင့် လန်ဒန်မြို့၊ဟိသရိုးလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
၈၈မျိုးဆက်တို့၏ ခရီးစဉ်အတွင်း အင်္ဂလန်နိုင်ငံရောက်
မိတ်ဆွေသူငယ်ချင်းများ၊ရဲဘော်ရဲဘက်များ၊ကျောင်းသူကျောင်းသားများနှင့်မြန်မာမိသားစုများက
ရင်းနှီးချစ်ခင်စွာဖြင့် အကူညီများပေးခဲ့ကြပါသည်။
The 88 Generation Peace and Open Society
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment