Friday, June 28, 2013
ယခု လလယ်ပိုင်းမှ စတင်ပြီး မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ မင်္ဂလာဒုံ စသည့် မြို့နယ်များအတွင်း ဆိုင်ကယ် ကယ်ရီသမားတို့ကို နံပါတ်တုတ်နှင့် ရိုက်နှက် ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။
မြောက်ဥက္ကလာမှ ဆိုင်ကယ်ကယ်ရီသမားတဦးဖြစ်သူ ကိုတရုတ်ကြီးက ...
“ကျနော်က သူတို့တွေ လိုက်ဖမ်းနေမှန်းလည်း မသိဘူး။ ကျနော့်ဖာကျနော် ဒီအတိုင်း မောင်းသွားတာ။ အဲဒါကို နံပါတ်တုတ်နဲ့ လှမ်းပစ်တယ်။ ဆိုင်ကယ်မှောက်သွားတော့ သူတို့တွေက ဝိုင်းပြီး တုတ်နဲ့ ရိုက်ကြလို့ ကျနော်လည်း ရွှေပေါက္ကံ တံတားနဲ့ နီးတာနဲ့ ရေထဲခုန်ချပြေးခဲ့ရတယ်” ဟု ပြောသည်။
ပြည်သူ့ရဲနှင့် ယာဉ်ထိန်းရဲများက အကြမ်းနည်းသုံးပြီး ဖမ်းဆီးခြင်းများလည်း ရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးကွင်းအနီး ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် ကိုမင်းအောင်က ပြောသည်။
“ကျနော့်ရှေ့မှာ ဖြစ်သွားတာကြတာ။ မောင်းနေတဲ့ ဆိုင်ကယ်နောက်ကို သူတို့တွေ ဆိုင်ကယ် ၅ စီးလောက်နဲ့ နောက်က လိုက်တယ်။
ဖမ်းမယ့်ဆိုင်ကယ်နားရောက်တော့ ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်လိုက်တယ်။
ဟိုဆိုင်ကယ်က မှောက်သွားတော့ သူတို့တွေ ကန်တဲ့သူက ကန်တယ်။ နောက် ရေတွင်းတူးရင် သုံးတဲ့ သံတုတ်နဲ့ ရိုက်တာ။ ပြီးတော့ ဆိုင်ကယ် ယူသွားတယ်” ဟု ခြောက်ကွေ့ကားမှတ်တိုင်အနီးရှိ ကွမ်းယာဆိုင်ပိုင်ရှင် ကိုညီနိုင် က ဆိုသည်။
ရဲအရာရှိများအား မေးကြည့်ရာ ထိုဖြစ်ရပ်များကို ငြင်းဆိုကြသည်။
ရန်ကုန်မြို့တွင်း မောင်းနှင်နေကြသည့် ဆိုင်ကယ် အများစုမှာ လိုင်စင်မရှိကြကြောင်း၊ ဆိုင်ကယ်မစီးနင်းရနယ်မြေတွင် မောင်းနှင်ခြင်း အပါအဝင် လိုင်စင်မဲ့၊ နယ်ကျော် ဆိုင်ကယ်များကို မောင်းနှင်ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊
လိုင်စင်မဲ့ဆိုင်ကယ်များကို အပြီးတိုင် သိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိသော်လည်း နယ်ကျော် ဆိုင်ကယ်များကိုမူ ဒဏ်ငွေသာ ပေးဆောင်ရသည့် ပြစ်ဒဏ် ချမှတ်လျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးကြီးသာဌေးက ဆိုသည်။
“ကျနော်တို့က တာဝန်အရ ဆိုင်ကယ်တွေကို ဖမ်းဆီးတာပဲ ရှိတယ်။ အကြမ်းနည်းနဲ့ ရိုက်နှက်ပြီး ဖမ်းတာတွေတော့ မလုပ်ဘူး။ အဲဒီလို လုပ်နေတယ်ဆိုရင်လည်း သက်သေအထောက်အထား အတိအကျနဲ့ပဲ လာပြောမှ ကျနော် လက်ခံမယ်။ မသေချာတဲ့ သက်သေမပြနိုင်တဲ့ အကြောင်းအရာတွေကိုတော့ ကျနော်ဘာမှ မပြောလိုဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
“ အကြမ်းနည်းနဲ့ ဖမ်းဆီးဖို့ကို ကျနော်တို့ တာဝန်မပေးထားပါဘူး။ ကျနော်တို့ဆီက ရဲတွေလည်း ဒီလိုတွေ မလုပ်ပါဘူး။ တကယ်လို့ အဲလို အကြမ်းနည်း သုံးပြီး ဖမ်းတာကို တွေ့တယ်၊ ဟုတ်တယ်၊ မှန်တယ်ဆိုရင် သက်သေအထောက်အထားနဲ့ ကျနော်တို့ကို လာတိုင်နိုင်ပါတယ်။
အဲဒီအခါကြရင် ကျနော်တို့ ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ပေးမှာပါ” ဟု မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တဦးက ဆိုသည်။
မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကလည်း ....
“ဆိုင်ကယ်တွေကို ဖမ်းနေတာကလည်း အပျော်သက်သက် လုပ်နေတာမဟုတ်ဘူးလေ။ စီမံချက်ကြောင့် လုပ်နေရတာ။ နောက်တခုက ကျနော်တို့ ရဲတပ်ဖွဲ့တွေက လူအင်အားစုနေတယ်တွေ၊ ပိုက်ဆံပေးပြီး ရဲတပ်ဖွဲ့ထဲ ဝင်ဖို့ လုပ်နေတယ် ဆိုတာတွေဟာ လုံးမဟုတ်ပါဘူး။ ကောလ ဟာလ သက်သက်ပါပဲ” ဟု ရှင်းပြသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment