Thursday, June 27, 2013
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းမှာ သမားရိုးကျ မူးယစ်ဆေးဝါး
ထုတ်လုပ်သုံးစွဲမှုတွေဟာ လျော့ပါးလာနေပေမဲ့ လူမြင်သူမြင် တရားဝင်
ရောင်းချလို့ရနိုင်တဲ့ ဆေးဝါးတွေကို မူးယစ်ဆေးအဖြစ် သုံးစွဲမှုတွေဟာ စိုးရိမ်ရတဲ့ အဆင့်အထိ ကြီးထွားလာနေတဲ့အကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။နာမည်တွေ ပုံစံတွေ အမျိုးမျိုးနဲ့ ဖန်တီးရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေကို
သုံးစွဲမှုကြောင့် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ပြဿနာတွေ နောက်ဆက်တွဲ
ရင်ဆိုင်ရမယ့် အန္တရာယ်တွေ ကြီးကြီးမားမား ရှိနေတယ်လို့လည်း နိုင်ငံတကာ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့
ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) က ဗုဒ္ဓဟူးနေ့ အစီရင်ခံစာသစ်
ထုတ်ပြန်ချိန်မှာ ပြောခဲ့တာပါ။
ဘိန်းလို သမားရိုးကျ မူးယစ်ဆေးဝါး
ထုတ်လုပ် သုံးစွဲမှုတွေမှာတော့ ကျဆင်းလာနေတဲ့ အကြောင်းလည်း အစီရင်ခံစာသစ်က
ဖော်ပြပါတယ်။ ဒါပေမဲ့လည်း အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းထုတ်လုပ်မှု
အများဆုံးအဖြစ် ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကတော့ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုထားတာပါ။
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ မြေဧရိယာရဲ့ ၂၃ ရာခိုင်နှုန်းကို
ဘိန်းစိုက်ပျိုးဖို့အတွက် အသုံးပြုခဲ့ပြီး တကမ္ဘာလုံး ဘိန်းထုတ်လုပ်မှုရဲ့ ၁၀
ရာခိုင်နှုန်း ထွက်ခဲ့တာကြောင့် ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်ခဲ့ပေမဲ့
တိုင်းရင်းသား ဒေသတွေမှာ တည်ငြိမ်မှုတွေ ရလာတာနဲ့အမျှ ထုတ်လုပ်မှုတွေ
လျော့နည်းလာဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာအာဏာပိုင်တွေက ပြောဆိုထားတာ
ဖြစ်ပါတယ်။
VOA Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment