Wednesday, June 26, 2013
ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း ထောက်ခံသူ၊ ဝေဖန်သူများပြားနေသည့်
မျိုးစောင့်ဥပဒေအား ထောက်ခံ ရန်အတွက် လက်မှတ်စုဆောင်းခြင်းကို သံတွဲမြို့၊
အစိုးရ နည်းပညာကောလိပ်တွင် ယမန်နေ့ ဇွန်လ(၂၅)ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း အဆိုပါကျောင်းမှ သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါတီနိုင်ငံရေးမဟုတ်ပဲ
အမျိုးသားနိုင်ငံရေးကိစ္စဖြစ်သည့်အတွက် ကန့်ကွက်ခြင်း မရှိဟု အစိုးရ
နည်းပညာကောလိပ် ကျောင်းအုပ်ဆရာကြီးက ဆိုသည်။
“ကလေးတွေက
စိတ်ဝင်တစားနဲ့လုပ်နေကြတာတွေ့ရပါတယ်၊ မနေ့ကတနေကုန် ရုတ်ရုတ် ရုတ်ရုတ်နဲ့
လုပ်နေကြတာပဲ၊ သူတို့ပင်ကိုယ်စိတ်နဲ့လုပ်ကြတာပါ၊
ကန့်ကွက်ဖို့တော့မရှိပါဘူး”ဟု အစိုးရ နည်းပညာ ကောလိပ် ကျောင်းအုပ်ဆရာကြီး
ဦးမျိုးမြင့်ခိုင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးအား ဆက်သွယ်ရာ ယခုကဲ့သို့ဖြေကြားခဲ့သည်။
“သံတွဲက ကျောင်းသားတစ်ချို့က အတန်းအလိုက်နှိုးဆော်စာတွေဝေပြီး
လက်မှတ်ထိုးခိုင်းတာပါ။ ဒီလို မလုပ်ခင် အဲဒီကျောင်းသားတွေနဲ့
ကျောင်းအုပ်ဆရာကြီး တိုင်ပင်နေတာတွေ့ပါတယ်” ဟု E.P ဒုတိယနှစ် ကျောင်းသား
တစ်ဦးက ပြောသည်။
လက်မှတ်ရေးထိုးပေးရန် နှိုးဆော်စာတွင် ယင်းစာအား
ဘာသာခြားများမသိရှိစေရန် တိုက်တွန်းထားသဖြင့် ကျောင်းသားအချင်းချင်း
ခွဲခြားလိုက်သည်ဟု ခံစားရကြောင်းနှင့် တရားမ၀င်အလုပ်တစ်ခု လုပ်နေသလို
ဖြစ်သည်ဟု ကျောင်းသားတစ်ဦးက ပြောသည်။
“ဘယ်ဘာသာကိုပဲ
ကိုးကွယ်ကွယ် ကျောင်းသားအချင်းချင်းဆိုတဲ့ အသိစိတ်ပဲရှိသင့်တယ်။
စာလေးတစ်စောင် ကြောင့် ကွဲပြားသွားတာ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့
သူငယ်ချင်းတွေထဲမှာ ဘာပြဿနာမှ မရှိပါဘူး။
အဲဒါကြောင့် ကျွန်တော်ကတော့ အဲဒီစာကို ဖတ်လိုက်ရတယ်” ဟု အစ္စလာမ် ဘာသာဝင်ကျောင်းသားတစ်ဦး က ပြောသည်။
အခြားကျောင်းသားတစ်ဦးကလည်း ယခုလက်မှတ်ရေးထိုးနေခြင်းမှာ
နိုင်ငံရေးနှင့်ပတ်သက်သော ဆောင်ရွက်ချက်ဖြစ်ပြီး ကျောင်းတွင်းတွင်
နိုင်ငံရေးဆိုင်ရာ ကိစ္စများပြုလုပ်ဆောင်ရွက်ခွင့်ရနေခြင်းမှာ
ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် ထူးခြားနေကြောင်း ပြောသည်။
သံတွဲမြို့၊ အစိုးရ နည်းပညာကောလိပ်တွင် ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်
မြို့များမှ ကျောင်းသား ၅၀၀ ၀န်းကျင် တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment