အရက်မူးပြီးစကားများရာက လူသတ်မှုဖြစ်
Friday, June 28, 2013
အရက်မူးပြီး စကားများရာမှတစ်ဆင့် လူ သတ်မှု ဖြစ်ပွားခဲ့မှုတစ်ခု အင်းစိန်မြို့နယ်တွင် ဇွန် ၂၅ ရက်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။
သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ် ဦးမြင့်ဟန်ဖြစ်ပြီး သူ့အလောင်းကို ဖခင်ဖြစ်သူ ဦးသိန်းမြင့်က လမ်းမပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ရှိစဉ်က မှောက်လျက်အနေအထား ဖြင့်ဦးခေါင်းနောက်စေ့တွင် ဖူးရောင်နေပြီး၊ နဖူးနှင့် ပါးတို့တွင်လည်း ပေါက်ပြဲဒဏ်ရာများ ရရှိပြီး သေဆုံးနေကြောင်း ရဲကို ထွက်ဆို ထား သည်။
ထို့နောက် ဦးသိန်းမြင့်က အဖြစ်မှန်ကို ပတ်ဝန်းကျင်အား မေးမြန်းစုံစမ်းရာ အင်းစိန်မြို့နယ်၊ ကမ်းနား အနောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ကိုလှိုင်မြင့်ထွန်း (ခ)ကိုခွေးလေးနှင့် သူ့သားတို့ အရက်မူးပြီး စကား များရာမှ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေတို့က ပြောကြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး သေသူ၏ဖခင် ဦးသိန်းမြင့်က သစ်သားတုတ်ဖြင့် ရိုက်နှက်သူအဖြစ် ကိုလှိုင်မြင့်ထွန်း (ခ) ကိုခွေးလေးကို စွပ်စွဲကာ အမှုဖွင့်တိုင်ကြားလိုက်ပြီး ရဲစခန်းက အမှု အမှတ်(ပ)၆၉၇/၁၃ဖြင့် အမှုဖွင့် ထားသည်။
စွပ်စွဲခံရသူ ကိုလှိုင်မြင့်ထွန်း(ခ)ကိုခွေး လေးကိုလည်း ရဲက ဖမ်းဆီးကာ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်လျှက်ရှိ သည်။ အကယ်၍ ၎င်းကို ပြစ်မှုကျူးလွန်ကြောင်း ရဲက သံသယရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့် တရားစွဲမည်ဟုလည်း ရဲက သတင်း ထုတ်ပြန်ထားသည်။
Mizzima News
Friday, June 28, 2013
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment