Wednesday, June 26, 2013
မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အမျိုးသား
တစ်ဦးသည် မုံရွာမြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော
ဖမ်းဝရမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့ကြောင်း
ဖမ်းဝရမ်း ထုတ်ပြန်ခံရသူ၏ မိသားစုဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက
ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး
လွှတ်တော် အရှေ့ဘက်၌ ကျူးကျော်နေထိုင်သူဟု စွပ်စွဲခံထားရသူ တစ်ဦးဖြစ်သည့်
ဦးရွှေရကို သက်ဆိုင်ရာက မုံရွာမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသဖြင့်
ဇွန်လ ၂၄ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့ရာ ၎င်းမှာ
သွားရောက်ခဲ့ခြင်း မရှိသောကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဝရမ်း
ထုတ်ပြန်ခဲ့ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက
ပြောကြားသည်။
"ကျွန်တော်တို့က တရားရုံးရဲ့အမိန့်အရ ဆောင်ရွက်ရတာပါ
အမိန့်စာ မှာလည်း ပါပါတယ်။ သူ့ကို အာမခံပေးသူ နှစ်ဦးနဲ့ သုံးသိန်းတန်
ခံဝန် အာမခံပေးရင် သူ့ကို လွှတ်ထားခွင့် ရှိတယ်ဆိုတာ ပါတယ်။ ဒါပေမဲ့ ဝရမ်း
ဖတ်တဲ့အချိန်မှာ သူက သတိလစ်သွားတော့ ဒီအတိုင်းခေါ်သွားလို့က မရ ဘူး။ ဒါနဲ့
မုံရွာ ပြည်သူ့ဆေးရုံကြီးကို ဆေးဝါးကုသမှု ခံယူဖို့ ပို့ဆောင် ခဲ့ရတယ်" ဟု
၎င်းက ဆက်လက်ပြောကြားသည်။
မုံရွာမြို့ အိုးဘိုထောင် ရပ်ကွက်တွင်
နေထိုင်သော ဦးရွှေရကို အစိုးရ ပိုင် မြေပေါ်တွင် တရားဝင် ခွင့်ပြုချက်မရဘဲ
ကျူးကျော် အဆောက်အအုံ ဆောက်လုပ်နေမှုကို သက်ဆိုင်ရာ နယ်မြေတာဝန်ခံ
အင်ဂျင်နီယာမှ စစ်ဆေး တွေ့ရှိရသဖြင့် လုပ်ငန်းများအား ရပ်ဆိုင်းထား
ရန်နှင့် ဇွန်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားပြီး ကျူးကျော် ဆောက် လုပ်နေသော
အဆောက်အအုံအား ဖျက်သိမ်းပေးရန်နှင့် အဆောက်အအုံ ကို ထပ်မံ
ဆောက်လုပ်နေထိုင်ကြောင်း တွေ့ရှိရလျှင် စည်ပင်သာယာရေး ဥပဒေများနှင့် အညီ
တရားစွဲဆိုသွားမည်ဟု အကြောင်းကြားစာ တစ်စောင် ကို ဇွန်လ ၁၇ ရက်နေ့တွင်
ပေးပို့ခဲ့ကြောင်း ဦးရွှေရ၏ သားဖြစ်သူက ပြော ကြားသည်။
၂၀၀၉
ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ များ
ဆောက်လုပ်ရန် လယ်ယာမြေများကို သိမ်းယူ၍ သိမ်းဆည်းခံရသူများ အား
မြေကွက်သစ်များ ချထားပေးခဲ့သော်လည်း လက်ရှိအချိန်ထိ သိမ်း ဆည်းခံ
တောင်သူအချို့ အိမ်ဝင်း ပိုင်ရှင်များနှင့် ပြေလည်ခြင်း မရှိသေးကြောင်း
မုံရွာ မြို့ခံများထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment