Thursday, June 27, 2013
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အာဖရိကခရီးစဉ်
ပထမတထောက်ဖြစ်တဲ့ ဆီနီဂေါနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဆီနီဂေါနိုင်ငံမြို့တော် Dakar ကို ကြာသပတေးနေ့မှာ ဆိုက်ရောက်ပြီးတဲ့နောက်
သမ္မတ အိုဘားမားဟာ ဆီနီဂေါသမ္မတ Macky Sall နဲ့ တွေ့ဆုံတဲ့အပြင် ဒေသတွင်း
တရားရေးအရာရှိတွေနဲ့ ဥပဒေစိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
AIDS ရော ကူးစက်ပြန့်ပွားမှုနှုန်း လျော့ကျလာပြီး အဂတိလိုက်စားမှုလည်း
တဖြည်းဖြည်းနဲ့ နည်းလာနေပြီ ဖြစ်တဲ့အတွက် အာဖရိကတိုက်မှာ ပြန်လည်
ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အချိန်ကောင်းကို ရောက်နေပြီလို့ သမ္မတ
အိုဘားမားရဲ့ ခရီးစဉ်မစခင် အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်
Michael Froman က သုံးသပ်ပြောဆိုပါတယ်။
ဒါပေမဲ့ အာဖရိကတိုက်က
ဖွံ့ဖြိုးမှုနှုန်းဟာ နှေးကွေးနေသေးတယ်လို့ Froman က ပြောပါတယ်။ အမေရိကန်
ပြည်ထောင်စုအနေနဲ့လည်း မကြာခင် ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုးတက်
ပြောင်းလဲမှုတွေဘက်မှာ ရှိချင်ပါတယ်လို့ သူက ပြောပါတယ်။
သမ္မတ
အိုဘားမားဟာ ဆီနီဂေါနိုင်ငံကနေ တောင်အာဖရိကနိုင်ငံကိုသွားပြီး သမ္မတဟောင်း
Nelson Mandela နှစ်ပေါင်း ၂၀ နီးပါးလောက် ထိန်းသိမ်းခံခဲ့ရတဲ့ Robben
ကျွန်းကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
VOA Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment