Tuesday, April 1, 2014
နိုင်ငံတကာ ဆောက်လုပ်ရေးပစ္စည်းဈေးကွက်မှာ နံပါတ် ၁ အဆင့်ရှိတဲ့
ပြင်သစ်အခြေစိုက် Lafarge ကုမ္ပဏီက ရန်ကုန်အထပ်မြင့် အဆောက်အဦတွေအတွက် လိုအပ်တဲ့အရည်သွေးမြင့်
ဘိလပ်မြေအမှုန့်ကို ပြည်ပကနေ တိုက်ရိုက်တင်သွင်းပြီး
ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာက
ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ
အထပ်မြင့် အဆောက်အဦတွေကို အရင်ကထက် တိုးချဲ့ ဆောက်လုပ်လာပြီ ဖြစ်လို့
ဘိလပ်မြေအပါအ၀င် အိမ်ဆောက်ပစ္စည်း လိုအပ်ချက်တွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ပြင်သစ်အခြေစိုက် Lafarge ကုမ္ပဏီက
မြန်မာပြည်ရဲ့ ဆောက်လုပ်ရေးပစ္စည်းဈေးကွက်ထဲကို စတင်ဖြန့်ဖြူးဖို့
စီစဉ်ထားရှိတဲ့အကြောင်း Lafarge ကုမ္ပဏီ မြန်မာပြည်ရုံးခွဲက
မန်နေဂျင်းဒါရိုက်တာ မစ္စတာ နီးကိုးလပ်စ်ဂျော့က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“အခုဆိုရင် ဆောက်လုပ်ရေးတွေကလည်း မြန်မာနိုင်ငံမှာ အရင်ကလို သေးသေးလေးတွေ
မဟုတ်တော့ဘူး။ အထပ်မြှင့်တွေ ဆောက်လုပ်လာပြီ။ အဲ့လို
အထပ်မြှင့်ဆောက်လုပ်ဖို့ဆိုရင် အရည်သွေးမြှင့်တဲ့ ဘိလပ်မြေအမှုန့်တွေကလည်း
လိုလာပြီ။ ဒါကြောင့်အခု အသစ်ဖြစ်ပေါ်လာ မယ့် ဈေးကွက်သစ် အတွက်
ရည်ရွယ်တာပါ။”
ရန်ကုန်အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဈေးကွက်ထဲမှာ
ထိုင်း၊ တရုတ်နဲ့ ဗီယက်နမ် စတဲ့ ပြည်ပနိုင်ငံတွေကနေ တင်သွင်းတဲ့
ဘိလပ်မြေအမှုန့်တွေကလည်း ရှိနေတာပါ။ ဒါကြောင့် ဈေးကွက်ထဲမှာ
ရှိပြီးသားဖြစ်တဲ့ ဒီကုန်ပစ္စည်းတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုက ဘယ်လို
ရှိနိုင်ပါသလဲ။ ဒါနဲ့ပတ်သတ်ပြီး သူက အခုလို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
Lafarge ကုမ္ပဏီ မြန်မာပြည်ရုံးခွဲက မန်နေဂျင်းဒါရိုက်တာ မစ္စတာ
နီးကိုးလပ်စ်ဂျော့ က “မြန်မာနိုင်ငံမှာ အခုအချိန်ထိ တကယ့်ပြိုင်ဖက်ဆိုတာ
မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတခုကနေ လာပြီးတော့ သူတို့ရဲ့
ကိုယ်ပိုင်ဘိလပ်မြေနဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ တကမ္ဘာလုံးမှာ
မင်းဘယ်နေရာမှာဘဲ ၀ယ်ဝယ်ရနိုင်တယ်ဆိုတာ မရှိသေးလို့ပါ။ နိုင်ငံတကာမှာတော့
ကိုယ်ပိုင်ဘိလပ်မြေနဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ တင်သွင်းတဲ့ ကုမ္ပဏီတွေ
ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုကုမ္ပဏီမျိုး ကျနော်တို့
တခုဘဲ ရှိတာပါ”လို့ ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးက
ထုတ်လုပ်တဲ့ ဘိလပ်မြေတွေ ၀င်ရောက်လာပါက ပြည်တွင်း ဈေးကွက်ထဲမှာရှိတဲ့
ဘိလပ်မြေဈေးနှုန်းအပေါ် ရိုက်ခတ်နိုင်မှုတွေ များစွာရှိနိုင်တဲ့ အကြောင်း
သိန်းသန်းဌေး ဆောက်လုပ်ရေးပစ္စည်း လုပ်ငန်းပိုင်ရှင် ဦးကျောက်ခဲက
ပြောပါတယ်။
ရန်ကုန်ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးဈေးကွက်မှာ
လက်ရှိအရောင်းရဆုံး ကုန်အမှတ်တံဆိပ်က ထိုင်းနိုင်ငံကတင်သွင်းတဲ့
ဆင်တံဆိပ်ဘိလပ်မြေအမှုန့် အမျိုးအစားပါ။ ဒါကြောင့် ဒီတံဆိပ်က ဈေးကွက်ထဲမှာ
ဘာကြောင့် အရောင်းရ အသွက်ဆုံးဖြစ်တာလဲ။ ဒါနဲ့ပတ်သတ်ပြီး အဲဗား
ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်က အရောင်းတာဝန်ခံတဦးက ပြောပါတယ်။
လက်ရှိ ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေးဈေးကွက်မှာ လူကြိုက်များပြီး
ရောင်းရသွက်နေတဲ့ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေက အလေးချိန် ၅၀
ကီလိုဂရမ် တအိတ်ကို ၆၃၀၀ ကျပ် ရှိပါတယ်။ ဒါပေမယ့် ပြင်သစ်အခြေစိုက် Lafarge
ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီက တင်သွင်းမယ့် ဘိလပ်မြေအမှုန့်က တအိတ်ကို ၅၂၀၀
ကျပ် သတ်မှတ်ထားပြီးတော့ သင်္ကြန်ကာလပြီးနောက် ဈေးကွက်အတွင်းမှာ
စတင်ဖြန့်ဖြူး ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
DVB
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment