Tuesday, April 01, 2014

သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းလိုက်ပြီ

Tuesday, April 1, 2014
မတ် ၃၁ ရက်နေ့ ည ၁၂ ရီအထိ သီလ၀ါဆိပ်ကမ်းမှာ ပင်လယ်ကူးသင်္ဘောတွေအပေါ် သစ်လုံးတင်ဖို့ စောင့်ဆိုင်းနေတဲ့ သစ်တင်ကွန်တိန်နာကားတွေ အားလုံး ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက အားလုံး ထွက်ခွာသွားပြီလို့ စောင့်ကြည့် စစ်ဆေးနေတဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။
အစိုးရဟာ အခု ဧပြီ ၁ ရက်နေ့ကစ နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့တာ လုံးဝ ရပ်ဆိုင်းမယ်လို့ ကြေညာထားတဲ့အတွက် လကုန်ခါနီးရက်ပိုင်း သစ်တင်မယ့် ကားပေါင်းများစွာ ဆိပ်ကမ်းမှာ စုပြုံ သစ်တင်ပို့ခဲ့ကြပါတယ်။

Photo: သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းလိုက်ပြီ
Tuesday, April 1, 2014

မတ် ၃၁ ရက်နေ့ ည ၁၂ ရီအထိ သီလ၀ါဆိပ်ကမ်းမှာ ပင်လယ်ကူးသင်္ဘောတွေအပေါ် သစ်လုံးတင်ဖို့ စောင့်ဆိုင်းနေတဲ့ သစ်တင်ကွန်တိန်နာကားတွေ အားလုံး ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက အားလုံး ထွက်ခွာသွားပြီလို့ စောင့်ကြည့် စစ်ဆေးနေတဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

အစိုးရဟာ အခု ဧပြီ ၁ ရက်နေ့ကစ နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့တာ လုံးဝ ရပ်ဆိုင်းမယ်လို့ ကြေညာထားတဲ့အတွက် လကုန်ခါနီးရက်ပိုင်း သစ်တင်မယ့် ကားပေါင်းများစွာ ဆိပ်ကမ်းမှာ စုပြုံ သစ်တင်ပို့ခဲ့ကြပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ကျွန်းသစ်တန် ၂ သိန်း ၆ သောင်းကျော် ထုတ်လုပ်ခဲ့ပြီး အခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာတော့ တန်ချိန် ၁ သိန်း ၈ သောင်းကျော်ပဲ လျော့ချ ထုတ်လုပ်ပါတော့တယ်။

သစ်အလုံးလိုက် တင်ပို့မှု လုံးဝ ရပ်ဆိုင်းလိုက်ပြီ ဖြစ်လို့ သစ်ကုမ္ပဏီတွေဟာ အချောထည်ထုတ် စက်ရုံတွေ တည်ထောင်ဖို့ ကြိုးစားရာမှာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က ရန်ကုန်မှာ Comcorde Industries လီမိတက် သစ်အချောထည်စက်ရုံ ၁ ရုံ ဖွင့်လှစ်ခဲ့ ပါသေးတယ်။

DVB

No comments:

Post a Comment

My Blog List