Monday, March 31, 2014
အီဂျစ်နိုင်ငံမှာ ပထမအကျော့ သမ္မတရွေးကောက်ပွဲတွေကို မေ ၂၆ နဲ့ ၂၇
ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ဦးစီးကျင်းပမယ့်အဖွဲ့က ပြီးခဲ့တဲ့
မတ် ၃၀ ရက်နေ့မှာ ကြေညာပါတယ်။
သမ္မတ ရွေးကောက်ပွဲမှာ
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ကနေ အနားယူသွားတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်
အဒဲဖာတာ့ အယ်လ်စီစီက အလွယ်တကူပဲ အနိုင်ရမယ်လို့ ခန့်မှန်းနေကြပါတယ်။
တကယ်လို့ ပထမအကျော့ ရွေးကောက်ပွဲမှာ သမ္မတလောင်း တယောက်ယောက်က
ပြတ်ပြတ်သားသား အနိုင်မရရင် ဒုတိယအကျော့ ရွေးကောက်ပွဲတွေကို ဇွန်လမှာ
ကျင်းပမယ်လို့ ရွေးကောက်ပွဲကို ကျင်းပမယ့် ကော်မတီက သတင်းစာရှင်းလင်းပွဲမှာ
ပြောပါတယ်။
ဘယ်လောက် ရာခိုင်နှုန်း အနိုင်ရရင် ပြတ်ပြတ်သားးသား အနိုင်ရတယ်လို့ သတ်မှတ်မလဲ ဆိုတာကိုတော့ မပြောပါဘူး။
ရွေးကောက်ပွဲ ဦးစီးကျင်းပတဲ့အဖွဲ့ကို တရားသူကြီးတယောက်က ဦးဆောင် စီစဉ်နေတာ ဖြစ်ပါတယ်။
လာလောဆယ်မှာတော့ အီဂျစ်မှာ ဇူလိုင်လတုန်းက ရွေးကောက်ခံ သမ္မတ
မိုဟာမက်မော်စီကို ရာထူးကနေ ဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း အယ်လ်စီစီကို
အီဂျစ်နိုင်ငံ အကျပ်အတည်းကနေ ကယ်တင်နိုင်မယ့်သူအဖြစ် ထောက်ခံသူတွေက
ယူဆနေကြပါတယ်။ ဒါပေမယ့် အစ္စလာမ္မစ်အုပ်စုတွေကတော့ သူ့ကို အာဏာသိမ်းမှုကို
ကြိုးကိုင်သူအဖြစ် မြင်ကြပါတယ်။
အခုအထိတော့ အယ်လ်စီစီရဲ့
ပြိုင်ဘက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ သမ္မတ ရွေးကောက်ပွဲမှာ တတိယ
မဲအများဆုံးရခဲ့တဲ့ လက်ဝဲယိမ်း သမ္မတလောင်း ဟမ်ဒင် ဆာဘာဟီ တယောက်ပဲ
ထွက်ပေါ်လာပါတယ်။
မဲဆွယ်တာတွေကတော့ မေ ၃ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း
ခွင့်ပြုမယ်လို့ ရွေးကောက်ပွဲကျင်းပပေးမယ့် အဖွဲ့ရဲ့ ပြောခွင့်ရသူက
သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
DVB
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment