Monday, March 31, 2014
မြန်မာနိုင်ငံတွင် အခွန်ထမ်းဆောင်သူများအနက်မှ အများဆုံး
အခွန်ထမ်းဆောင်သူများနှင့် အခွန်ထမ်းကြီးများ စာရင်းတွင် ပါဝင်သင့်သော
ကုမ္ပဏီကြီးများကို ကိုယ်တိုင် စည်းကြပ်စနစ်နှင့်
အခွန်ကောက်ခံရန် ရည်ရွယ်သည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို
ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါရုံးကို
အခွန်ထမ်းကြီးများ အများဆုံးရှိနိုင်သည့် ရန်ကုန်မြို့တော်
ပန်းဆိုးတန်းလမ်းရှိ GEC ရုံးနေရာတွင် ဖွင့်လှစ်မည် ဖြစ်ပြီး အမေရိကန်
ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာန နည်းပညာ အကူအညီပေးရေးရုံးမှ
အကြံပေးတစ်ဦးလည်း ရုံးထိုင်မည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
အခွန်ထမ်းကြီးများ စာရင်းတွင် မပါဝင်သော်လည်း ပွင့်လင်းမြင်သာမှု ရှိပြီး
အခွန်ကို တိတိကျကျ ပေးဆောင်မှု ရှိသူများအနေနှင့် ကိုယ်ပိုင်သဘော ဆန္ဒနှင့်
ပူးပေါင်း ဆောင်ရွက်လိုပါက အဆိုပါ စာရင်းတွင် ထည့်သွင်းမည် ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။
အဆိုပါရုံးတွင် အခွန်ထမ်းကြီးများကို အခွန်ထမ်း
တစ်ဦးချင်း၏ အချက်အလက်များ ပါဝင်သည့် TIN (Tax-payer Identification
Number) ထုတ်ပေး၍ ကိုယ်တိုင် အခွန်စည်းကြပ်စနစ်ကို စတင် ကျင့်သုံးမည်
ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
အခွန်ထမ်းကြီးများစာရင်း၌ ပါဝင်သင့်သည့် အခွန်ထမ်းများ စာရင်းတွင်
အခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်သူများ၊ ပွင့်လင်းမြင်သာမှု ရှိပြီး
တာဝန်ခံမှု ပိုများသော အများပိုင် ကုမ္ပဏီများကို ထည့်သွင်းမည် ဖြစ်ကြောင်း
အဆိုပါဌာနထံမှ သိရသည်။
အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ်
တစ်နိုင်ငံလုံး ဂျီဒီပီနှင့် အခွန်အချိုး မြင့်တက်ရန်နှင့် အခွန်ဆိုင်ရာ
စီမံခန့်ခွဲမှုကို ခေတ်မီစနစ်သစ် ပြောင်းလဲရန် ဆောင်ရွက်လျက် ရှိပြီး
အခွန်ရုံးများကို အခွန်ထမ်း အမျိုးအစားအလိုက် ခွဲခြားကာ လုပ်ငန်းတာဝန်
အခြေခံ ဖွဲ့စည်းထားသော ရုံးအဖြစ် အသွင်ကူးပြောင်းရေးကို စတင်လုပ်ဆောင်မည်
ဖြစ်သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment