Monday, March 31, 2014
၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးတွင် အချုပ်အခြာ အာဏာကို ထိခိုက်စေနိုင်သည့်အချက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက် မည်ဆိုသည့် အချက်များမှလွဲ၍ အခြားကိစ္စ များအားလုံးကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။
သမ္မတနှင့် နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် တွေ့ဆုံပွဲကို မတ် ၂၉ ရက်က
ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ပြီး
နိုင်ငံတော်သမ္မတက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက် ၍ သမ္မတက ပြောကြားရာတွင် ''ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ ဆွေး နွေးနိုင်အောင် လမ်းဖွင့်ထားမယ်။
ဆွေးနွေး တဲ့အခါမှာ အချုပ်အခြာအာဏာကို ထိခိုက် စေနိုင်တဲ့ဟာနဲ့
ပြည်ထောင်စုကနေ ခွဲထွက် မယ်ဆိုတဲ့ဟာကလွဲရင် အခြားကိစ္စအားလုံး ကို
ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်''ဟု ပြောကြားခဲ့သည်။ ၂ဝဝ၈
ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်း သည် ဖက်ဒရယ်စနစ် ထွန်းကားစေရေးကို ဦးတည်၍
ပြင်ဆင်ခြင်းသာဖြစ်ကြောင်း ပြည် ထောင်စုမှခွဲထွက်ရန် အစီအစဉ်မရှိကြောင်း
ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်ကားက ''တိုင်းရင်း
သားတွေက ခွဲထွက်ဖို့အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်စနစ်ကို အကောင်အ
ထည်ဖော်ဖို့က အရေးကြီးဆုံးအချက်ဖြစ် တယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ် ဘူး။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်အုပ်ချုပ် မှုနဲ့
ကိုယ်ပိုင်အုပ်ချုပ်တာပါ။ ဖက်ဒရယ်ကို ဒီမိုကရေစီပုံစံမျိုးနဲ့
သွားချင်ပါတယ်'' ဟု ဖလားဝါးနယူးစ်သို့ ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင် ရာတွင် အဓိကအစိတ်အပိုင်းသုံးခုရှိကြောင်း
လည်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများမှ
ရရှိလာမည့် သ ဘောတူညီမှုများကို ဖွဲ့စည်းပုံအခြေခံတွင် ဖြည့်စွက်
ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ပွင့် လင်းသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရန် ဒီမို
ကရေစီစံနှုန်းများကို လိုအပ်သလို ပြင်ဆင်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ပတ်သက်သည့်ပြောကြားမှုအပေါ် ရှမ်း
တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက
''သမ္မတကြီးရဲ့ ပြော စကား တည်၊ မတည် နောက်မှကြည့်ပြီး ပြော လို့ရမယ်။
ဒီကိစ္စက သမ္မတနဲ့တင် မပြီးဘူး။ လွှတ်တော်နဲ့ တပ်ကရှိသေးတယ်။ ဒီကိစ္စ တွေက
တော်တော်ကြီး နက်နဲနေတယ်''ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတနှင့်
နိုင်ငံရေး ပါတီများအားလုံးပါဝင်သည့် ပထမဆုံးတွေ့ ဆုံမှုတွင် ၆၅
ပါတီရှိသည့်အနက် ၆၃ ပါတီ ကတက်ရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားပါ
တီနှစ်ခုမှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment