Wednesday, April 2, 2014
သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး
စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင်
ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန်ပွဲတော်
မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
သပိတ်စခန်းဖွင့်ထားသည့် မိကျောင်းကန် ဒေသခံများ၊ ဝါဝါဝင်း ကုမ္ပဏီကို
ဆန္ဒပြနေကြသည့် မြန်မာ့ဂုဏ်ရောင်အိမ်ရာ သပိတ်စခန်းတို့မှ
ခေါင်းဆောင်များနှင့် အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ
ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင်
၎င်းကယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ပြည်သူများနစ်နာမှုများ
ရှိနေသည့် တိုင်းဒေသကြီး အစိုးရအနေနှင့် ကြားဝင်ညှိနှိုင်းပေးခြင်း ဖြစ်ပြီး
သင်္ကြန် မတိုင်မီ သပိတ်စခန်းများ ရုပ်သိမ်းရေးအတွက် ဆန္ဒပြသူများနှင့်
ဥပဒေကြောင်းအရ ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက
ဆိုသည်။
“ကျွန်တော်တို့က ပိတ်ပင်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ဥပဒေအရ ထိန်းကွပ်ဖို့ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့တော် မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေသိမ်းခံ မိကျောင်းကန်
ဒေသခံများ သပိတ်စခန်း ဖွင့်လှစ်ထားပြီး ဝါဝါဝင်းကုမ္ပဏီ သိမ်းယူ
ဆောက်လုပ်ထားသည့် မြန်မာ့ဂုဏ်ရောင်အိမ်ရာ ရှေ့တွင်လည်း သပိတ်စခန်းဖွင့်ကာ
ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။
မိကျောင်းကန် ဒေသခံများ
နစ်နာမှုအတွက် လျော်ကြေးများ ရရှိစေရန် တိုင်းဒေသကြီးအစိုးရက ဖြေရှင်းပေး၍
မရသဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော် သမ္မတရုံးတို့ကို
တင်ပြကာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက
ထပ်မံပြောဆိုသည်။
သို့သော်လည်း မိကျောင်းကန် ဒေသခံများက သပိတ်စခန်းကို ရုပ်သိမ်းမည် မဟုတ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးစိန်သန်းက ဆိုသည်။
“ဟိုလူက ကတိပေး။ ဒီလူက ကတိပေးနဲ့ လုပ်လာခဲ့တာ နစ်နှစ်ကျော် ကြာပြီ။ အခုထိ
လွှတ်တော်ရော အုပ်ချုပ်ရေးပိုင်းကပါ ဘာမှ မဖြေရှင်းနိုင်ဘူး။ ခိုင်မာတဲ့
အထောက်အထား မပြနိုင်သ၍ သပိတ်စခန်းကို မပိတ်သိမ်းဘူး။ သပိတ်စခန်းမှာ
အသေခံသွားမယ်” ဟု သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက ပြောကြားသည်။
အဆိုပါ မိကျောင်းကန် ပြဿနာကို အစိုးရအနေနှင့် ဖြေရှင်းမည် ဖြစ်ပြီး
လွှတ်တော် လမ်းကြောင်းကလည်း ဖြေရှင်းပေးမည် ဖြစ်သဖြင့် သပိတ်စခန်း
ရုပ်သိမ်းသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းညွန့်က တိုက်တွန်းသည်။
“အစွန်းနှစ်ဘက်ကို ရှောင်ပါ။
အရမ်းကြီး တိုက်တိုက်ခိုက်ခိုက် မလုပ်ပါနဲ့။ လိုချင်တာ မရမချင်း
သပိတ်စခန်းမှာပဲ အသေခံပြီးတော့ ဆန္ဒထုတ်ဖော်ရင်ကော အဆင်ပြေသွားမှာလား။
ပြန်စဉ်းစားဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်
မိကျောင်းကန် ရပ်ကွက်မြေများကို တပ်မတော် အငြိမ်းစားများကို ထောက်ပံ့သည့်
အနေနှင့် စစ်မှုထမ်းဟောင်း အိမ်ရာ ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သဖြင့် ပြန်လည်
စွန့်လွှတ်ရန် အစီအစဉ် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်
ဒုတိယဗိုလ်မှူးကြီး သက်နိုင်က ပြောကြားသည်။
မိကျောင်းကန် ၁၊ ၂၊ ၃
ရပ်ကွက်မြေများ ပြန်လည်ရရှိရန် မြေသိမ်းဆည်း ခံထားရသည့် ပြည်သူများက မတ်လ
၂၄ ရက်နေ့တွင် တတိယအကြိမ်မြောက်အဖြစ် မဟာဗန္ဓုလ ပန်းခြံဘေးတွင်
ထိုင်သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြသည်။
မြန်မာဂုဏ်ရောင်
အိမ်ရာရှေ့ရှိ သပိတ်စခန်းမှာမူ တပ်မတော် (ရေ) က စစ်တန်းလျား ဆောက်လုပ်ရန်
သိမ်းယူခံခဲ့ရသော်လည်း အမှန်တကယ် လုပ်ဆောင်ခြင်း မရှိဘဲ ဝါဝါဝင်း ကုမ္ပဏီက
သိမ်းယူခဲ့ကာ လုပ်ငန်း အကောင်အထည် ဖော်နေခဲ့ကြောင်း၊ ယင်းကြောင့်
နစ်နာမှုများအတွက် နစ်နာကြေးရရှိရန် ရက်ပေါင်း ၆၀ ကျော်ကြာ သပိတ်စခန်းဖွင့်
တောင်းဆိုနေခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။
အဆိုပါ
ဆန္ဒပြသူများကိုမူ လာမည့် ရသတ္တတစ်ပတ်အတွင်း ဝါဝါဝင်း ကုမ္ပဏီ
တာဝန်ရှိသူများနှင့် တွေ့ဆုံပေးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက
ကတိပေးခဲ့သည်။
မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁
ရက်နေ့ နံနက် ၃ နာရီအချိန်တွင် စည်ပင်သာယာရေး ဥပဒေနှင့် မညီညွတ်ဟုဆိုကာ
စည်ပင်ဝန်ထမ်းများနှင့် အရပ်ဝတ် လူအင်အား ၄၀၀ ခန့် အသုံးပြုကာ
ဖြိုခွဲခဲ့ပြီး မြန်မာ့ဂုဏ်ရောင်အိမ်ရာ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့
နံနက်ပိုင်းတွင်လည်း ဖြိုခွဲခံခဲ့ရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment