Tuesday, April 1, 2014
ရန်ကုန်မြို့ကို မြေအသုံးချမှုအလိုက် ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်ထားတာနဲ့
ပတ်သက်ပြီး လာမယ့် မေလဆန်းကစပြီး အများပြည်သူတွေရဲ့
ဆွေးနွေးအကြံပြုချက်တွေကို စုဆောင်း ရယူသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။
မတ် ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြေအသုံးချမှုဆိုင်ရာအစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
အလားတူ မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကလည်း
ရန်ကုန်က မြို့နယ် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ၃၅ ထပ်မြင့်တဲ့
အဆောက်အဦတွေ ဆောက်ဖို့ ခွင့်ပြုနိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရန်ကုန်မြို့က မြို့ပြစီမံကိန်းပညာရှင်တွေဟာ ပြီးခဲ့တဲ့နှစ်က တွေ့ဆုံ
ဆွေးနွေးခဲ့ကြပြီး အထပ်နိမ့် လူနေသိပ်သည်းမှုနည်းဇုန်၊ အထပ်မြင့် လူနေဇုန်၊
စက်မှုဇုန်၊ စီးပွားရေဇုန်၊ စိမ်းလန်းမြေနဲ့ ရေပြင်ဇုန် စသဖြင့် ဇုန် ၁၁
မျိုး ခွဲခြား သတ်မှတ်ဖို့ သဘောတူခဲ့ကြပြီး အဆောက်အဦ ဆောက်လုပ်ကြရာမှာ
ဇုန်သတ်မှတ်ချက်အလိုက် ခွင့်ပြုချက်ပေးသင့်တယ်လို့
အကြံပြုခဲ့ ကြပါတယ်။
ဒီ စီမံကိန်းကို ပြည်သူတွေ နားလည်အောင် ချပြပြီးရင်
ရန်ကုန်တိုင်းအစိုးရကို တင်ပြ အတည်ပြုချက် ရယူပြီး
စည်းကမ်းသတ်မှတ်ချက်အဖြစ် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
DVB
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment