Wednesday, April 2, 2014
ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများ၌
မတ်လ ၂၉ ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော မြို့နယ် လ၀က
ဝန်ထမ်းများအား KIA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်လာကြောင်း
ယင်းဒေသခံများထံမှ သိရသည်။
`` မန်ဝိန်းကြီးမှာရောက်နေတဲ့
လက်ထောက်ဦးစီး ၂ ယောက်လည်း မနေ့ကထိ သန်းခေါင်စာရင်း မကောက်ယူ နိုင်သေးဘူး၊
KIA အဖွဲ့ကလာပြီး တားမြစ်ထားလို့ မကောက်နိုင်ဘူး ဖြစ်နေတယ် ´´ ဟု မြို့နယ်
လ၀က ရုံးမှ ၀န်ထမ်း တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၃၀
ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း
ကောက်ယူလျက်ရှိရာ KIO/KIA ထိန်းချုပ်နယ်မြေများတွင်
သန်းခေါင်စာရင်းကောက်ယူရန် ညှိနှိုင်းမှုကို ငြင်းပယ်ခဲ့မှုကြောင့် အဆိုပါ
နယ်မြေများ၌ သန်းခေါင်စာရင်းကောက်ယူမှု မပြုလုပ်ကြောင်း သိရသည်။
``
သမ္မတကြီး ခရီးစဉ်မှာ ၀န်ကြီး ဦးခင်ရီ ကိုယ်တိုင် PCG ကတစ်ဆင့် KIO/KIA
ခေါင်းဆောင်တွေကို သန်းခေါင်စာရင်းကောက်ယူဖို့ ညှိနှိုင်းခဲ့တာပါ၊ ဒါပေမယ့်
ခွင့်မပြုလို့ သွားမကောက်ပါဘူး၊ မန်ဝိန်းကြီး ဒေသမှာ က ရှမ်းရွာတွေများတယ်၊
KIO ထိန်းချုပ်နယ်မြေထဲ မပါဘဲနဲ့ လာပြီး ခြိမ်းခြောက်တာကတော့ အပြုသဘော
မဆောင်ဘဲ အဖျက်သဘောလို့ပဲ မြင်ပါတယ် ´´ ဟု မြစ်ကြီးနားမြို့ခံ လ၀ကရုံးမှ
ဦးစီးအရာရှိတစ်ဦးက ဆိုသည်။
မန်ဝိန်းကြီးကျေးရွာတွင် မတ်လ ၂၉
ရက်နေ့မှစ၍ မြို့နယ်လ၀ကမှ လက်ထောက်ဦးစီး ဦးမြင့်ကြည်နှင့်
ဦးစိုင်းအိုက်အေး တို့ ရောက်ရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏
လာရောက်တောင်းပန်မှုကြောင့် ဧပြီလ ၁ ရက်နေ့အထိ သန်းခေါင်စာရင်း
မကောက်ယူနိုင်သေးကြောင်း သိရသည်။
`` အုပ်ချုပ်ရေးမှူးကို KIA
အဖွဲ့က ဖုန်းနဲ့လှမ်းပြီး ခြိမ်းခြောက်တယ်လို့ကြားတယ်၊ ရွာမှာ
သန်းခေါင်စာရင်း မကောက်ဖို့နဲ့ ပြောထားရက်သားနဲ့ ကောက်မယ်ဆိုရင်
တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုပြီး ခြိမ်းခြောက် ထား တော့
အုပ်ချုပ်ရေးမှူးလည်း ကြောက်နေတာပေါ့´´ ဟု မန်ဝိန်းကြီး ရွာသားတစ်ဦးက
ဆိုသည်။
လက်ထောက်ဦးစီးနှစ်ဦးအား နေရေးထိုင်ရေး
ကူညီဆောင်ရွက်ပေးနေသော ရှမ်းတိုင်းရင်းသားရွာသား တစ်ဦး က ``
အုပ်ချုပ်ရေးမှူးက ရှိခိုးမတတ် လာတောင်းပန်လို့ ဦးစီးတွေလည်း
သန်းခေါင်စာရင်း မကောက်ဘဲ နေရ တာပါ၊ သန်းခေါင်စာရင်းကောက်မယ်ဆိုရင်
အုပ်ချုပ်ရေးမှူးက ဒီရွာမှာ မနေဘဲ ထွက်ပြေးတော့မယ်လို့ ပြောတယ်၊ KIA အဖွဲ့က
သူ့ကို ဘယ်လောက်တောင် ခြိမ်းခြောက်ထားမှန်း မသိဘူး၊ ဒီ ရှမ်းရွာတွေအထိ
လာပြီး သန်းခေါင်စာရင်း မကောက်ရဘူးလို့ ပြောနေတဲ့ KIA ဟာ အစိုးရက
အလျှော့ပေးမှန်း သိလို့ အတင့်ရဲနေတာဗျ ´´ ဟု ပြော ကြားခဲ့သည်။
မန်ဝိန်းကြီးဒေသတွင် မန်ဝိန်ကြီးကျေးရွာအုပ်စု၊ နောင်စွမ်းကျေးရွာအုပ်စု၊
ပန်ခမ်းကျေးရွာအုပ်စု၊ လဂါတ်ဒေါ့ ကျေးရွာအုပ်စု၊
မန်မွန်းကျေးရွာအုပ်စုနှင့် နမ့်ခါးပါကျေးရွာအုပ်စုများ ပါဝင်ပြီး KIA ၏
ခြိမ်းခြောက် တားမြစ်မှု ကြောင့် သန်းခေါင်စာရင်း ကောက်ယူမည့် လ၀က
ဝန်ထမ်းများမှာ အခက်ကြုံနေ ရကြောင်း သိရသည်။
ညီသစ်(မြစ်ကြီးနား)
Shan News
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment