Wednesday, April 2, 2014
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဘက်မှ သာကေတ
ငါးသေတ္တာစက်ရုံနှင့် ပတ်သက်သည့် ပြဿနာတွင် အပြုသဘော ဆောင်သည့်
တုံ့ပြန်မှုများပြုခြင်း မရှိပါက အဆိုပါကိစ္စကို နိုင်ငံတကာအဆင့်အထိ
သိရှိအောင် ချပြသွားမည်ဟု အဆိုပါ ရယ်ဒီငါးသေတ္တာ ထုတ်လုပ်နေသည့် Myanmar
Makro ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က The Voice သို့ ပြောကြားသည်။
“ကျွန်တော်တို့ကို ဒီမှာနေလို့ မရဘူးလို့ နှင်ထုတ်တဲ့ နို့တစ်စာ
ပို့ထားတယ်။ ဒီကနေ ထွက်သွားတာနဲ့ ကျွန်တော်တို့ အလုပ်သမားတွေက
အလုပ်လက်မဲ့တွေ ဖြစ်ကုန်မှာ။ ဒါဆိုရင် ILO အထိ တက်တိုင်မယ်။ ကျွန်တော်တို့
စက်ရုံကိစ္စကိုလည်း မျှမျှတတ ဖြစ်အောင် ပြည်တွင်းမှာ မလုပ်နိုင်ရင်
နိုင်ငံတကာ အဖွဲ့အစည်းတွေအထိ တင်ပြအကူအညီ တောင်းခံမယ်။ ကျွန်တော်တို့က
အမှန်တရားပဲ လိုချင်တာ” ဟု ၎င်းကဆိုသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေနှင့် လက်ရှိအတိုင်း မတရား
နှင်ထုတ်နေမည်ဆိုပါက ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာမှ ကုန်သွယ်၊
စက်မှုအသင်းများနှင့် အဖွဲ့အစည်းများ၊ ပြည်ပက နိုင်ငံရေး၊ စီးပွားရေး
နယ်ပယ်များမှ ပုဂ္ဂိုလ်များကိုပါ ဆက်သွယ် အကူအညီ တောင်းခံသွားမည်
ဖြစ်ကြောင်း UMFCCI မှ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးမိုးမြင့်ကျော်က
ဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
ချထားပေးသည့် လုပ်ငန်းပါမစ် ရရှိပြီးသား လုပ်ငန်းများသည် ပြဿနာ
အမျိုးမျိုးကြောင့် တရားရင်ဆိုင်ရာတွင် ပြည်တွင်းမှ တရားရုံးများသာမက
နိုင်ငံတကာ တရားရုံးများမှလည်း တိုင်ကြား တရားစွဲဆိုနိုင်ကြောင်း အဆိုပါ
ကော်မရှင်ထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက Myanmar Makro ကုမ္ပဏီကို
၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေပုဒ်မ ၃ အရ ၂၀၁၄ ခုနှစ်
မတ်လ ၁၇ ရက်နေ့မှစ၍ ၁၅ ရက်အတွင်း အဆိုပါ စက်ရုံဝင်း အတွင်းမှ
ထွက်ခွာသွားရန် နို့တစ်စာ ပေးပို့ထားပြီး မတ်လ ၃၁ ရက်နေ့တွင် ၁၅
ရက်ပြည့်မည်ဖြစ်ကာ ဥပဒေအတိုင်း အရေးယူ နှင်ထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ
ဝန်ကြီးဌာနထံမှ သိရှိရသည်။
“ဖြစ်နိုင်ရင် အေးအေးဆေးဆေးနဲ့
ပြီးသွားဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ကျွန်တော်တို့က ဒီစက်ရုံကို
လိုချင်လို့ ပြောနေတာ မဟုတ်ဘူး။ သက်တမ်းပြည့်အောင် လုပ်ကိုင်ခွင့်ရဖို့ပဲ
ကျွန်တော်တို့ ကြိုးစားနေတာပါ။ ကျွန်တော်တို့ဘက်က ညှိညှိနှိုင်းနှိုင်း
လုပ်ချင်တယ်။ သူတို့ဘက်က အညှိမခံဘူး။ ၁၉၅၅ ဥပဒေအရ နှင်ထုတ်ရအောင်လည်း
ဒီကုမ္ပဏီက တရားမဝင် နေထိုင်နေတဲ့ ကျူးကျော်လည်း မဟုတ်ပါဘူး” ဟု Myanmar
Makro ကုမ္ပဏီဘက်မှ လိုက်ပါ ဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးထွန်းအေးက
ဆိုသည်။
Myanmar Makro ကုမ္ပဏီ အနေနှင့် မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို သက်တမ်းနှစ် ၂၀
လုပ်ကိုင်ခွင့် ရရှိစေရန် ရန်ကုန်တိုင်းဒေသကြီး တရားရုံးတွင်
တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေဆဲ ဖြစ်သောကြောင့် ဥပဒေကြောင်းအရ
နှင်ထုတ်ပိုင်ခွင့် မရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါ ရယ်ဒီငါးသေတ္တာ
စက်ရုံကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်
၁၉၉၇ ခုနှစ်တွင် Myanmar Makro ကုမ္ပဏီက ယခင်မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာနထံမှ မူလလုပ်ကိုင်ခွင့် နှစ် ၂၀ နှင့် သက်တမ်းတိုးကာလ ၅ နှစ်စီ
နှစ်ကြိမ် စုစုပေါင်းနှစ် ၃၀ လုပ်ကိုင်ခွင့်ဖြင့် ငှားရမ်း
လုပ်ကိုင်နေခြင်း ဖြစ်သည်။
ယခင်အစိုးရ လက်ထက်တွင် သာကေတ
စည်သွတ်ဘူး စက်ရုံကို ငှားရမ်းလုပ်ကိုင်ခဲ့သည့် Myanmar Macro Industry
ကုမ္ပဏီသည် အစိုးရသစ် လက်ထက်တွင် အဆိုပါ စက်ရုံကို လေလံဝင်ဆွဲခဲ့သော်လည်း
အောင်မြင်မှု မရခဲ့ဘဲ မူလစာချုပ်ပါ သဘောတူညီချက်အတိုင်း လုပ်ကိုင်ခွင့်ရရန်
တင်ပြမှုအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး
ဌာနက ယခုကဲ့သို့ စီစဉ်လာခြင်း ဖြစ်သည်။
သာကေတ စည်သွတ်ဘူးစက်ရုံကို
လေလံအောင်မြင် ခဲ့သော်လည်း လုပ်ကိုင်ခွင့် မရရှိသောကြောင့် ၎င်းတို့
နစ်နာရကြောင်း လေလံအောင်မြင်ခဲ့သည့် Mega Marine ကုမ္ပဏီပိုင်ရှင်
ဒေါ်မေအေးမွန်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံ၍
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment