Thursday, April 3, 2014
သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှားယွင်း ထည့်သွင်း
ကောက်ယူခြင်း ခံရပါက သန်းခေါင်စာရင်း ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ
စာရင်းကောက် ဆရာမထံတွင် သွားရောက် ပြင်ဆင်နိုင်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စာရင်းကောက် ကောက်ယူသည့် သန်းခေါင်စာရင်းကို စာရင်းစစ်က စိစစ်ရပြီး
မှားယွင်းမှုများ တွေ့ရှိပါက ပြန်ပြင်ခိုင်းမည် ဖြစ်ကြောင်း၊
သန်းခေါင်စာရင်းတွင် လူမျိုးသင်္ကေတ တစ်ခုတည်း ထည့်သွင်းခြင်း မဟုတ်ဘဲ
သင်္ကေတဘေးတွင် လူမျိုးအမည်ကို စာဖြင့် ရေးသားထားသဖြင့် သင်္ကေတ မှားယွင်း
ထည့်သွင်းလာပါက စာရင်းစစ်က စစ်ဆေး၍ ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်သူ့အင်အား
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဆရာမတွေ စာရင်းကောက်ကတည်းက ပြင်နေရပါတယ်။ စိတ်မပူပါနဲ့ စာရင်းကောက် ဆရာမအပြင် စာရင်းစစ် ဆရာမ ရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။
လူမျိုးအမည်ကို ထားဝယ်ဟု ပြောဆိုခဲ့သော်လည်း ထားဝယ်တိုင်းရင်းသား သင်္ကတေ
၅၀၂ တွင် ထည့်သွင်းခြင်း မပြုဘဲ ဗမာသင်္ကတေ ဖြစ်သည့် ၅၀၁ ကို စာရင်းကောက်က
မှားယွင်း ထည့်သွင်း ကောက်ယူသွားကြောင်း ရန်ကုန်ရောက် ထားဝယ်တိုင်းရင်းသူ
တစ်ဦးက မတ်လ ၃၀ ရက်နေ့က အခြေအနေကို ပြောကြားသည်။
စမ်းချောင်းမြို့နယ်ရှိ အမျိုးသမီး ၁၂ ဦးနေထိုင်သည့် အဆောင်တွင် ဧပြီလ ၂
ရက်နေ့က သန်းခေါင်စာရင်း လာရောက်ကောက်ယူရာတွင် လူများသည်ဟု ဆိုကာ
သက်ဆိုင်ရာ နေရပ်တွင် သွားရောက် သန်းခေါင်စာရင်း ကောက်ခံကြရန် စာရင်းကောက်က
ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ မွန်တိုင်းရင်းသူ ဒေါ်ဝေဝေစိုးက
ပြောဆိုသည်။
“စာရင်းကောက်က ရှိတဲ့လူ အကုန်လုံးကို ကောက်ရမှာ တာဝန်ရှိတယ် မဟုတ်လားလို့ ပြောတော့ ကျွန်မကို ဘုကြည့်ကြည့်တယ်” ဟု ၎င်းကဆိုသည်။
သန်းခေါင်စာရင်း လာကောက်စဉ် အမျိုးသမီး ၁၂ ဦးအနက် ၂ ဦးသာ အဆောင်တွင်
ရှိနေသဖြင့် လူစုံသည့် အချိန်တွင် လာကောက်ရန် ပြောဆိုသော်လည်း စာရင်းကောက်က
လက်မခံဘဲ ၁၂ ဦး အချက်အလက်များကို အဆောင်တွင် ရှိနေသည့် နှစ်ဦးကို
မေးမြန်းကာ သန်းခေါင်စာရင်း ကောက်ယူသွားကြောင်း ဒေါ်ဝေဝေစိုးက ထပ်မံ
ပြောကြားသည်။
“ဘွဲ့ရလား မရလား တစ်အိမ်တည်း နေပေမယ့် Data
(အချက်အလက်) အကုန်လုံး ကျွန်မ ဘယ်ရမလဲ။ ကျွန်မတို့ မြို့က တစ်ယောက်ကိုပဲ
ငါသိတယ်။ ကျန်တာတော့ မှန်းပြီးတော့ပဲ ထည့်လိုက်ရတာပေါ့” ဟု ၎င်းကဆိုသည်။
စာရင်းကောက်အချို့မှာ စိတ်မရှည်သည်ကို တွေ့ရပြီး မွေးဖွားရပ် အရပ်ဒေသတွင်
လောင်းလုံးဟု ပြောဆိုရာ စာရင်းကောက် ရေးမြို့ သင်္ကတေကိုသာ အလျင်စလို
မှားယွင်းစွာ ထည့်သွင်းတော့မည့် ဆဲဆဲအချိန်တွင် ပြန်လည် ပြင်ဆင်ပေးရန်
စာရင်းကောက်ကို ပြောဆိုခဲ့ရကြောင်း ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့
ကမာရွတ်မြို့နယ်တွင် သန်းခေါင်စာရင်း အကောက်ခံရသူ တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တော်ကဲ့သို့ တိုင်းရင်းသားနှင့် အခြားလူမျိုး၊ ဘာသာပေါင်းစုံ
ရှိသည့် ရောယှက်နေထိုင်နေသည့် နေရာမျိုးတွင် စာရင်းကောက်များ စိတ်ရှည်စွာ
သေသေချာချာ ကောက်ယူနိုင်မှသာ အချက်အလက် အမှန်အကန် ရရှိနိုင်မည် ဖြစ်ကြောင်း
သန်းခေါင်စာရင်း အကောက်ခံခဲ့ရသူများက သုံးသပ်ကြသည်။
စာရင်းကောက်
ဆရာမများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှန်မှန်ကန်ကန်
ရရှိစေရန် စာတွေ့နှင့်လက်တွေ့ သင်ကြားကာ သေသေချာချာ လေ့ကျင်ပေးထားကြောင်း
ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က
ပြောဆိုသည်။
နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံး အကြိမ်အဖြစ်
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ
ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်သည်။
ဧပြီလ ၁၀ ရက်နေ့
နောက်ဆုံးနေ့အထိ သန်းခေါင်စာရင်း လာရောက် ကောက်ယူခြင်း မရှိခြင်း၊
သန်းခေါင်စာရင်း ကောက်ယူပြီးစီးကြောင်း သင်္ကတေ ကတ်ပြား ကတ်ထားခြင်း မရှိပါက
ရပ်ကွက် ကျေးရွာအုပ်စု သန်းခေါင်စာရင်းရုံးသို့ သတင်းပို့ရန် လိုအပ်ပြီး
ယင်းသို့ ကျန်ရှိခဲ့သော နေအိမ်များတွင် ပြန်လည်ကောက်ယူမည် ဖြစ်ကြောင်း
ပြည်သူ့အင်အား ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်၍ မေးမြန်းနိုင်သော အရေးပေါ် ဖုန်းနံပါတ်မှာ ၁၈၄၀ ဖြစ်သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment