Thursday, April 3, 2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင်
ရောင်းချပေးနေသည့် တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆင်းမ်ကတ်များကို ယခင်ကဲ့သို့ ပိုက်ဆံမဖြတ်တော့ဘဲ ငွေဖြည့်ပါက သက်တမ်းတိုးသည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။
“ငွေတော့ မဖြတ်တော့ဘူး။ မသုံးဖြစ်လည်း ကတ်မပိတ်သွားအောင် သက်တမ်းတိုးဖို့ ပိုက်ဆံတော့ ထည့်ရမယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင်၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ရောင်းချခဲ့သော (၁၅၀၀ ကျပ်တန်)
တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို စတင်ရောင်းချပြီး ၁၅ ရက်အတွင်း
အသုံးပြုရမည် ဖြစ်သော်လည်း ဧပြီလမှ စတင်ကာ ရက် ၃၀ အတွင်း အသုံးပြုရမည်ဟု
ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “တစ်လ ၂၅၀၀ က လူအများစု
ကုန်ပါတယ်။ ဖုန်းပေါက်ပြီးပြီးချင်း ၁၅ ရက်အတွင်း သုံးရမယ် ဆိုတာထက် စာရင်
ခုတစ်လ အချိန်ရတော့ ကိုယ့်စိတ်ကြိုက် ဟန်းဆက်ဝယ်ဖို့ အခွင့်အရေး ပိုတာပေါ့”
ဟု တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်ပြီး တန်ဖိုးနည်းဖုန်း ကိုင်ဆောင်
အသုံးပြုနေသည့် ဦးပြည့်ဖြိုးအောင်က ဆိုသည်။ မဟာသင်္ကြန်ပွဲတော်
ကာလ၏ အထူးအစီအစဉ် အဖြစ် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများကို အပိုငွေ
ထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်တစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး
ယင်းအစီအစဉ်ကို မကြာမီ အသေးစိတ် ထုတ်ပြန် ကြေညာသွားမည်ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်း
ပြည်ပဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရထားသည့် အော်ရီဒူးနှင့်
တယ်လီနောတို့ကလည်း ဖုန်းလိုင်းကတ်ကို ၁၅၀၀ ကျပ်၊ ဖုန်းပြောခ တစ်မိနစ် ၂၅
ကျပ် ဝန်းကျင်နှင့် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများ ပါသည့်
ဖုန်းကတ်များကို ဇူလိုင်လအတွင်း ရောင်းချပေးမည်ဟု ကြေညာထားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment