24-12-2013
လတ်တလောဖြစ်ပေါ်နေသော သတင်းမီဒီယာများ၏ ဖော်ပြမှုအချို့အပေါ် ကိုးကား၍
အသင်းအဖွဲ့များအား အွန်လိုင်းပေါ်တွင် ဝေဖန်တိုက်ခိုက်နေမှုအတွက်
အဆိုပါလုပ်ရပ်သည် စစ်အာဏာရှင်၏ mindset များအဖြစ် ကျန်ရှိနေသေးကြောင်းနှင့်
ဝေဖန်တိုက်ခိုက်ရေးထက် အကြံဉာဏ်များ ပူပေါင်းကူညီရေးသာ
လိုအပ်လျက်ရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုဂျင်မီမှ ပြောကြားခဲ့သည်။
The Voice ဂျာနယ်အယ်ဒီတာ
ကိုကျော်မင်းဆွေမှလည်း “ကျွန်တော်တို့က ဘာလုပ်သလဲဆိုရင် သတင်းသမားတွေရဲ့
သဘာဝအရ Hight Light အဖြစ်ဆုံး Strong အဖြစ်ဆုံး ကုတ်တေးရှင်းတွေကို
ကျွန်တော်တို့က ဆွဲထုတ်ပြီး ဖော်ပြလေ့ရှိပါတယ်။ ဒါ ဂျာနယ်လစ်
ရှုထောင့်ကပြောတာ။ နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က
တိုင်းပြည်အတွက်ကော အများအတွက်ကော အကျိုးရှိစေမယ့်ဟာမျိုးကို
ကျွန်တော်တို့က ဆွဲထုတ်လေ့ရှိတယ်။ ကာယကံရှင်ပြောတဲ့ ကာယကံရှင်တွေကို
နစ်နာစေလိုခြင်းကော အထင်လွဲစေလိုခြင်းကော ကျွန်တော်တို့က တစ်စုံတစ်ယောက်ကို
အခု အရပ်စကားနဲ့ပြောရင် ချတယ်ဆိုတဲ့ သဘောမျိုး
ကျွန်တော်အဲဒါလုံးဝမရှိပါဘူး။ ကျွန်တော်တို့ တစ်လျှောက်လုံး လုပ်ခဲ့တဲ့
ရပ်တည်ချက်က အဲဒီသဘောရှိပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါ
သတင်းအချက်အလက်များအပေါ် ကိုးကား၍ ဝေဖန်တိုက်ခိုက်မှုများအတွက် “အခုအချိန်မှာ
ကျွန်တော်တို့က ဝေဖန်ရေးထက် အကူအညီပေးနိုင်တဲ့ ပုံစံတစ်ခုကို
ပိုပြီးရှာစေချင်တယ်။ ဒီကနေ့ ပြောကြကြေးဆိုရင် ဒေါ်အောင်ဆန်းစုကြည်
ဒီကနေ့အချိန်အထိ ဒီမိုကရေစီခေါင်းဆောင်ပဲ။ ဒီကနေ့ သူရဲ့အခန်းကဏ္ဍမပါရင်
မဖြစ်ဆုံးအခြေအနေ။ အဲဒါကို ကျွန်တော်တို့ ပိုပြီးအသိဆုံးပဲ။ အဲဒီတော့
ကျွန်တော်တို့ ဒီကနေ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို
ဘယ်လိုပံ့ပိုးကူညီရမလဲဆိုတဲ့ ကိစ္စကိုပဲ ကျွန်တော်တို့ စဉ်းစားတယ်။
အခုကဘာလဲဆိုတော့ အမြင်က ကျွန်တော်တို့ကို ဝေဖန်တဲ့လူတွေကို
ကြည့်လိုက်တဲ့အခါကျတော့လည်း NLD နဲ့ ၈၈ ကြားထဲမှာ တစ်ခုခု ဟ သွားပြီဆိုရင်
သူတို့ပျော်တယ်။ ကျွန်တော်မြင်နေတာက ဟိုဘက်က ၀င်ပြောလိုက်။
ဒီဘက်က၀င်ပြောလိုက်။ သတင်းတွေလုပ်ကြတော့တာပဲ အမျိုးမျိုးပေါ့”ဟု
ကိုဂျင်မီမှ ပြောကြားခဲ့သည်။
မြန်မာ့ခေတ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment