22-12-2013
ခြေထောက်အသေးစား ခွဲစိတ်ခံထားရသည့်အခြေအနေကြောင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း NLD ကျန်းမာရေးကွန်ရက်က
ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆
ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ခြေထောက်အသေးစားခွဲစိတ်မှုကို
အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊
ယနေ့ငါးရက်မြောက်နေ့တွင် ခွဲစိတ်မှုအခြေအနေများ
အားလုံးကောင်းမွန်နေပါသော်လည်း ကြာရှည်စွာ မတ်တတ်ရပ်ရန်၊ လမ်းလျှောက်ရန်
မသင့်လျော်သေးပါသဖြင့် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို
ဖျက်သိမ်းလိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့် ထပ်မံအသိပေး
အကြောင်းကြားအပ်ပါသည်ဟု NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ
ဒေါက်တာတင်မျိုးဝင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေထောက် ခွဲစိတ်ခံထားရတဲ့အခြေအနေကြောင့် ဒီလကုန်အထိ
ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ။ သေချာတာကတော့ ဒီဇင်ဘာ ၂၉ ရက်က
မအူပင်မှာပြုလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
ဟောပြောပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ပါဘူး။ ချင်းပြည်နယ်ခရီးစဉ်ကတော့
နောက်လထဲမှဆိုတော့ မသေချာသေးပါဘူး" ဟု NLD ကျန်းမာရေးကွန်ရက်က
တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
အသက် ၆၈
နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် Bunion ဟုခေါ်သော
ခြေမအတွင်းဘက်သို့ ယိုင်သည့်ဝေဒနာဖြင့် လမ်းလျှောက်လျှင် နာကျင်သောကြောင့်
ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ခြေမနှစ်ဖက်စလုံးကို
ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
ယခုခွဲစိတ်ကုသခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်က
အကြီးစားခွဲစိတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဒေါက်တာတင်မျိုးဝင်းက
ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်အသေးစား
ခွဲစိတ်မှုမပြုမီ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကော့မှူးမြို့နှင့်
သာယာဝတီမြို့များသို့ ဆက်တိုက်သွားကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်
ပတ်သက်၍ ဟောပြောမှုများပြုလုပ်ခဲ့သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment