Wednesday, December 25, 2013

ကာ/ချုပ်နှင့် နိုင်ငံရေး အင်အားစုများထံသို့ အခြေခံဥပဒေ ပြင်ဆင်ချက်များ ၈၈ မျိုးဆက်အဖွဲ့ ပေးပို့

25-12-2013

၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံရေး အင်အားစုများ အားလုံးထံသို့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း ယင်းအဖွဲ့မှ ဦးမြအေးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ အပါအဝင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ ပေးပို့လိုက်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ပြုပြင် ပြောင်းလဲဖို့ နိုင်ငံသားတိုင်း ပါဝင်ဖို့ လိုအပ်တာကြောင့် အားလုံးကို ပေးပို့လိုက်တာပါ” ဟု ၎င်းကပြောကြားသည်။

အဆိုပါ အကြံပြုချက်များတွင် ပုဒ်မများ အားလုံးကို အသေးစိတ် အကြံပြု ဖော်ပြထားခြင်း မရှိသော်လည်း ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာစေရန် နိုင်ငံရေးအရ အရေးပါသော လူထုခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားပြု ခေါင်းဆောင်များ၊ တိုင်းရင်းသား အင်အားစုများ အပါအဝင် အဓိပ္ပာယ် ပြည့်ဝသော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကြီး တစ်ခုမှ သဘောတူညီ ဆုံးဖြတ်ချက်ပြုရန် ပါရှိကြောင်း ဦးမြအေးက ဆိုသည်။

၎င်းအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်နှင့် ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ဖြစ်စဉ်များ အပါအဝင် အားလုံးကို သုံးသပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အတည်ပြုရန် အဆိုပါ အကြံပြုချက်များတွင် ပါရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပြုချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံသို့ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List