23-12-2013
အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလတွင် ဒီမိုကရေ
စီအကျိုးပြု ကရင့်တပ်မတော်(DKBA) အနေဖြင့် တပ်အင်အားတိုးချဲ့ခြင်းများ
လုပ်ဆောင်မှုမရှိဟု ကလို့ ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး
ဗိုလ်မှူးစောထွန်းထွန်းက မဇိ္ဈမသို့ ပြောဆိုသည်။
“ကျွန်တော်တို့ရဲ့ဒေသထဲမှာတော့ ငြိမ်းချမ်းရေးလဲ လုပ်ဆောင်နေတဲ့အချိန်မို့
စစ်အင်အားတိုးချဲ့တာ မရှိ ဘူး။ လျော့သွားတယ်လို့တောင် ပြောရမယ်။ အရင်က
သီဘောဘိုးမှာ ဗျူဟာမှူးတစ်ယောက်နဲ့ တပ်ဗျူ ဟာတစ်ခုရှိတယ်။ အခုဆို
လျှော့လိုက်ပြီ။ အဲဒီမှာ မရှိတော့ဘူး”ဟု ပြောသည်။
DKBA သည်
အစိုးရတပ်မတော်နှင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး
သဘော တူလက်မှတ် ရေးထိုးခဲ့သည်။ ထိုအချိန်မှစ၍ တပ်မတော်နှင့် DKBA အကြား
တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိ ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသို့ သွားနိုင်ရန် နိုင်ငံ
တော်မှ ငြိမ်းချမ်းရေးမူဘောင်များအတိုင်း သွားနေသည့်အတွက်
စစ်အင်အားဖြည့်တင်းမှုများ၊ ထိုးစစ် ဆင်ရန် ပြင်ဆင်မှုများ လုံးဝမရှိဟု
ဆိုသည်။
“အပစ်ရပ်ရေးမှာလဲ လက်မှတ်ထိုးထားတော့ နိုင်ငံတော်မူနဲ့ပဲ
သွားနေတဲ့အချိန်မှာ ကျွန်တော်တို့ ထိုးစစ်တော့ မဆင်တော့ပါဘူး။ ဒါပေမဲ့
ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက်ကတော့ ပြင်ဆင်ကောင်း ပြင်ဆင်တာ တွေ ရှိတယ်”ဟု
ဗိုလ်မှူးစောထွန်းထွန်းက ဆိုသည်။
တပ်အင်အားတိုးချဲ့သည့်လုပ်ငန်းများ လတ်တလောတွင် လုပ်ဆောင်မှုမရှိဘဲ
တပ်အင်အားစုများ လျော့ နည်းလာသည်များသာ ရှိသည်ဟုဆိုသည်။
တပ်အင်အားလျော့နည်းသွားရခြင်းမှာလည်း အသွင်ပြောင်း သူများ၊ တပ်မှ
ထွက်သွားသူများကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
လုပ်ဆောင်နေပြီး နိုင်ငံ ရေးလမ်းစဉ်သို့ သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့်
စောဘဦးကြီးမူများအား လက်ကိုင်ထားရှိထားသော်လည်း ကရင့်လက်နက်
ကရင့်လက်ထဲတွင်သာ ရှိရမည်ဟူသည့်မူအား နိုင်ငံရေးလမ်းကြောင်းတွင် ပြင်ရန်
လို အပ်လာပါက ပြင်မည်ဟု ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက ဆိုသည်။
“ကျွန်တော်တို့အတွက် လုံခြုံစိတ်ချရမယ့်ငြိမ်းချမ်းရေးမျိုး၊ ယုံကြည်ရမယ့်
အစိုးရတစ်ရပ်ဖြစ်လာပြီ ရှိလာ ပြီဆိုရင်တော့ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ
ရှိရမယ်ဆိုတဲ့ အချက်က ပြောင်းလဲမှာပါ။ အဲ့လိုမ ဟုတ်ရင်တော့
ကျွန်တော်တို့လက်နက်တွေက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေမှာပါ”ဟု ပြောသည်။
အစိုးရတပ်မတော်နှင့် DKBA တို့အကြား ၂၀၁၀ တွင် တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး
သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးထားပြီး အစိုးရဘက်မှ
ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင်လည်း ပါဝင်
၍ နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် ဆွေးနွေးလျက်ရှိသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment