24-12-2013
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း KIAအဖွဲ့မှ အဓမ္မတပ်သားသစ်
ဖမ်းဆီးနေမှုများဖြစ်ခဲ့ပြီး၊ ဖမ်းဆီးထား သူများအား ပြန်လည်လွှတ်ပေးရေး၊
အဓမ္မဆက်ကြေးကောက်ခံနေမှုရပ်တန့်ရေး၊ လူ့အခွင့်အရေးချိုးဖောက်နေမှု
ရပ်တန့်ရေးတို့အတွက် ပြည်နယ်တွင်းနေ ရှမ်းတိုင်းရင်းသားများနှင့်KIA
မဟုတ်သောအခြားတိုင်းရင်းသားများပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး
(၂၀-၁၂-၂၀၁၃)နေ့တွင် ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်ရဲမှူးထံသို့
တရားဝင်ခွင့်ပြုမိန့်ရရန် (၁၅-၁၂-၂၀၁၃)နေ့၌ တောင်းခံတင်ပြခဲ့သည်။
(၁၉-၁၂-၂၀၁၃)နေ့ ည(၇း၁၅)နာရီအချိန်တွင် ခွင့်မပြုကြောင်း တရားဝင်စာဖြင့်
တားဆီးခဲ့သည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြသခွင့် မရခဲ့ပေ။
သို့အတွက် ငြိမ်းချမ်းစွာ စုစည်း၍ အစည်းအဝေးကျင်းပကာ ဆန္ဒထုတ်ဖော်ပြသပွဲကို
ဖော်ဆောင်ခဲ့ပါသည်။
ကျွန်ုပ်တို့ ရှမ်းလူမျိုးများအနေဖြင့်
KIAစတင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ယနေ့အချိန်ထိ နှစ်ပေါင်း
(၅၀)ကျော်(၆၀)အတွင်း KIAအဖွဲ့၏ ဖိနှိပ်ညှင်းစဲ သတ်ဖြတ်မှုအောက်တွင်
ထိန့်လန့်တကြား ကြောက်ရွံ့စွာ နေထိုင်ခဲ့ရပြီး လူ့အခွင့်အရေးများစွာ
ချိုးဖောက်ခံနေခဲ့ရမှုများကို ယနေ့ ဆန္ဒထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။ ဤသို့
စုစုစည်းစည်း ညီညီညွတ်ညွတ် ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာ အာဏာပိုင်များမှ
ဝင်ရောက်နှောက်ယှက်ခြင်း မပြုသည်ကို အထူးပင်ကျေးဇူးတင်ပါသည်။
ဒေသခံရှမ်းလူမျိုးများ၏ နှစ်ပေါင်း(၁၀၀)အတွင်း KIAအဖွဲ့၏ အကြမ်းဖက်
ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများကို
ပထမဦးဆုံးသော ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒထုတ်ဖော်ပြသမှု
သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါသည်။
တကယ်ဆိုလျှင်
ကျွန်ုပ်တို့ရှမ်းများနည်းတူ တိုင်းရင်းသားပြည်သူလူထုအားလုံးသည်
ပါဝင်သင့်သကဲ့သို့ အစိုးရအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသင့်ပါသည်။
KIAအဖွဲ့ကို ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းမပြုဘဲ
တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟူသော အကြောင်းပြချက်ဖြင့် နှစ်ပေါင်းကြာရှည်
လိုက်လျောထားခြင်းသည် တိုင်းရင်းသားပြည်သူလုထုအချင်းချင်း နာကျည်းမှု
အမုန်းတရား ဖြစ်ပေါ်လာစေပါသည်။ ဆိုချင်သည်မှာ အစိုးရသည် ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ မကာကွယ်နိုင်ခြင်းသည်ပင်လျှင်
ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုဟု ဆိုချင်ပါသည်။
ရန်ကိုရန်ချင်း မတုံ့နင်းပါဘဲ ရန်ငြိုးသံသရာမဖွဲ့ မြတ်ဗုဒ္ဓအဆုံးအမအောက်တွင်
အသိတရားတစ်ခုဖြင့် ငြိမ်းချမ်းစွာစုဝေး စည်းဝေး၍
ဆန္ဒထုတ်ဖော်လိုက်ရသည်ကိုပင် ပြင်းထန်သောပေါက်ကွဲမှုဟု ဆိုက ဆိုနိုင်ပါသည်။
သို့သော် အတွေးအခေါ်အယူအဆ တက်ကြွပြီး ကြွတက်ချင်ကြသော လူငယ်ထုမှာ
လမ်းလျှောက် ဆန္ဒပြကြမည်၊ တစ်ဖက်မှ အနှောက်အယှက်ပြုလာလျှင် အသေခံ
တုန့်ပြကြမည်ဟု ကြွေးကျော်လာကြသော်လည်း လူကြီးများ ခေါင်းဆောင်များ၏
ငြိမ်းချမ်းစွာစည်းဝေးစုစည်းမှုကို လက်ခံလိုက်နာကြသည်။ ထိုသို့ လူကြီးစကား
နားထောင် လိုက်နာပေးကြသည်ကို အထူးပင်ကျေးဇူးတင်မဆုံး ဖြစ်ရပါသည်။ နောင်တွင်
သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ တရားခွင့်ပြုချက်ကို
ပိုင်ပိုင်နိုင်နိုင်တင်ပြတောင်းဆိုပြီး ခွင့်ပြုချက်ရသည်နှင့်
တစ်ပြိုင်နက် တစ်ပြည်နယ်လုံး လှုပ်ရှား ဆောင်ရွက်နိုင်ရန်
တပ်လှန့်ထားလိုက်ပါသည်။ မည်သူ တရားပျက်ပျက် ကိုယ်တရားမပျက်ပါ- ကျွန်ုပ်တို့
ရှမ်းမျိုးနွယ်စုများသည် ဥပဒေလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ချင်သော
ဆန္ဒရှိသည်ကို သက်သေပြသ လိုက်ခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှပုဂ္ဂိုလ်များရောက်ရှိနေသည့် SEA Game
ကာလဖြစ်၍ ခွင့်မပြုနိုင်ဟူသော အကြောင်းသည် ခိုင်လုံမှုမရှိသော
အကြောင်းပြချက်ဟု ဆိုချင်ပါသည်။ KIAအဖွဲ့မှ တိုင်းရင်းသား ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်နေခြင်းကို
ဦးစားပေးဆောင်ရွက်သင့်သည်ဟု ထင်ပါသည်။ ဦးစားပေး လုပ်သင့်သည်ကို
ဥပေက္ခာပြုနေခြင်းသည် သဘာဝမကျဟု ဆိုချင်ပါသည်။
ကချင်ပြည်နယ်အတွင်းရှိ KIA(ကချင်)အဖွဲ့ မဟုတ်သော အခြားသော
တိုင်းရင်းသားများ၏ ဘ၀သက်တမ်း တစ်လျှောက် KIAအဖွဲ့၏
အဓမ္မတပ်သားသစ်စုဆောင်းခံရခြင်း၊ ဆက်ကြေးကောက်ခံရခြင်း၊
လူ့အခွင့်အရေးချိုးဖောက်မှုခံရခြင်းတို့မှ လွှတ်မြောက်ရေး၊
ထိုသို့လွှတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့သည် နည်းပါးခြင်း၊
လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်းကို ရင်ဖွင့် မပြောဆိုရဲခြင်း၊
စသည်တို့ကို ကမ္ဘာသိ မြန်မာသိ ဖြစ်စေချင်သည်။ တစ်နည်းမဟုတ် တစ်နည်းနှင့်
သိစေချင်သည်။ ထိုသို့ သိကြပြီး KIO/KIA အဖွဲ့အား နည်းပေးလမ်းပြ
ဖျောင်းဖျနားချနိုင်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တစ်ဦးပေါပေါက်ကာ
ငြိမ်းချမ်းရေးအမြန်ဆုံး ရအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ထိုသို့သော ယုံကြည်မှုဖြင့် ကမ္ဘာသို့ သိစေခြင်းငှာ မီဒီယာများမှ
ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ကြားသိစေကြသဖြင့် အထူးပဲ ကျေးဇူးတင်ပါသည်။
အဖိနှပ်ခံ အစော်ကားခံ ဒုက္ခရောက်နေကြရသည့် ဒေသခံ တိုင်းရင်းသားများကို
ကိုယ်တိုင်ကိုယ်ကျ မမြင်ရသော်လည်း ကိုယ်ချင်းစာနာစိတ်ဖြင့်
ဆက်သွယ်မေးမြန်းပေးကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား
အထူးကျေးဇူးတင်ပါကြောင်း…….
စိုင်းစန်းဝေ
ဒု-ခေါင်းဆောင်
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်ပြည်မြောက်ပိုင်း)
မြစ်ကြီးနားမြို့
ဧရာဝတီမြစ်ဖျားဆီကမတင်မှီအရင်ဖျက်ပစ်ပါ
ပြန်ခေါက်ထားပေးပါ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment